တာခ်ီလိတ္တြင္ မူးယစ္သတင္းရေနအိမ္အား ရွာေဖြရာ ေရာင္းခ်ရန္ျပင္ဆင္ထားသည့္ စိတ္ၾကြေဆးျပား ၁၂၄ ျပား ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္သတင္းရေနအိမ္အား ရွာေဖြရာ ေရာင္းခ်ရန္ျပင္ဆင္ထားသည့္ စိတ္ၾကြေဆးျပား ၁၂၄ ျပား ဖမ္းမိ
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးအုပ္စု၊ ယန္းေက်ာက္ေက်းရြာရိွ မူးယစ္သတင္းရသည့္ ေနအိမ္အား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၅)ရက္ေန႔ ေန႔လယ္(၁၂)နာရီခြဲတြင္ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၁၂၄)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ယန္းေက်ာက္ေက်းရြာရိွ ေဒၚနန္းေအြ႕၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေဒၚနန္းေအြ႕အား ေနအိမ္တြင္ ေတြ႔ရၿပီး အခန္းတြင္း ဆက္လက္ရွာေဖြရာ အိပ္ခန္းအတြင္း၌ အေအးပိုက္ျဖတ္စမ်ားျဖင့္ ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၁၂၄)ျပားႏွင့္ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ ထုိင္းဘတ္ေငြ (၂၉၀၀) ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ နန္းေအြ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၄/၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေရာ ရောင်းချရန်ပြင်ဆင်ထားသည့် စိတ်ကြွဆေးပြား ၁၂၄ ပြား ဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယန်းကျောက်ကျေးရွာရှိ မူးယစ်သတင်းရသည့် နေအိမ်အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ နေ့လယ်(၁၂)နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၂၄)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယန်းကျောက်ကျေးရွာရှိ ဒေါ်နန်းအွေ့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်နန်းအွေ့အား နေအိမ်တွင် တွေ့ရပြီး အခန်းတွင်း ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း၌ အအေးပိုက်ဖြတ်စများဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၁၂၄)ပြားနှင့် မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ထိုင်းဘတ်ငွေ (၂၉၀၀) ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် နန်းအွေ့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၄/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~