တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းမတြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂၀၆၀)ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းမတြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂၀၆၀)ႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေငြေစတီလမ္းမတြင္ မူးယစ္ေဆးဝါးသတင္းအရ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၅)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲတြင္ ေစာင့္ဆိုင္းဖမ္းဆီးရာ စိတ္ၾကြေဆးျပား (၂၀၆၀)ျပားႏွင့္အတူ လူငယ္တစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ပုန္းထြန္ရပ္ကြက္၊ ေငြေစတီလမ္းမေပၚတြင္ ေစာင့္ဆိုင္းေနစဥ္ ကခ်င္ရြာဘက္မွ ေငြေစတီလမ္းဘက္သို႔ လမ္းေလွ်ာက္လာသည့္ ေအာင္ေက်ာ္ၿဖိဳး(ခ)လဝအား ေတြ႔ရသျဖင့္ စစ္ေဆးရန္ႀကိဳးစားစဥ္ ေအာင္ေက်ာ္ၿဖိဳးက လက္ထဲမွ အထုပ္တစ္ထုပ္အား လႊင့္ပစ္လုိက္ေၾကာင္း သိရသည္။

အထုပ္အား သက္ေသမ်ားေရွ႕တြင္ ေကာက္ယူၿပီးဖြင့္ၾကည့္ရာ အသားတုထည့္သည့္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၂၀၀)စီထည့္ထားသည့္ အထုပ္ငယ္(၁၀)ထုပ္ႏွင့္ အျပား(၆၀)ပါ တစ္ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၀၆၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေက်ာ္ၿဖိဳး(ခ)လဝအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင်းလမ်းမတွင် လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား (၂၀၆၀)နှင့်အတူ ဖမ်းဆီးရမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းမတွင် မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲတွင် စောင့်ဆိုင်းဖမ်းဆီးရာ စိတ်ကြွဆေးပြား (၂၀၆၀)ပြားနှင့်အတူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ကချင်ရွာဘက်မှ ငွေစေတီလမ်းဘက်သို့ လမ်းလျှောက်လာသည့် အောင်ကျော်ဖြိုး(ခ)လဝအား တွေ့ရသဖြင့် စစ်ဆေးရန်ကြိုးစားစဉ် အောင်ကျော်ဖြိုးက လက်ထဲမှ အထုပ်တစ်ထုပ်အား လွှင့်ပစ်လိုက်ကြောင်း သိရသည်။

အထုပ်အား သက်သေများရှေ့တွင် ကောက်ယူပြီးဖွင့်ကြည့်ရာ အသားတုထည့်သည့်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၂၀၀)စီထည့်ထားသည့် အထုပ်ငယ်(၁၀)ထုပ်နှင့် အပြား(၆၀)ပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၂၀၆၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်ကျော်ဖြိုး(ခ)လဝအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~