သီေပါၿမိဳ႕နယ္ မန္လီရြာတြင္ အသက္ (၆)ႏွစ္အရြယ္ကေလးအပါအဝင္မိသားစု(၃)ဦးအား ေခ်ာင္းပစ္သည့္ အဖြဲ႕ကို အတည္မျပဳႏုိင္ေသး

သီေပါၿမိဳ႕နယ္ မန္လီရြာတြင္ အသက္ (၆)ႏွစ္အရြယ္ကေလးအပါအဝင္မိသားစု(၃)ဦးအား ေခ်ာင္းပစ္သည့္ အဖြဲ႕ကို အတည္မျပဳႏုိင္ေသး
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္၊ နမ့္လန္တိုက္နယ္အတြင္းရွိ နမ့္လန္-မိုင္းကိုင္ လမ္းတြင္ ၾသဂုတ္လ (၄)ရက္ေန႔ ညေနပိုင္းက မန္လီေက်းရြာမွ ေစ်းဝယ္ျပန္လာသည့္ တပ္မေတာ္သားတစ္ဦး၊ အသက္ (၆) ႏွစ္အရြယ္ ကေလးတစ္ဦးႏွင့္ အမ်ိဳးသမီးႀကီးတစ္ဦးတို႔ ေသနတ္ျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္သည့္ အဖြဲ႕ကို အတည္မျပဳႏုိင္ေသးေၾကာင္း သိရသည္။

“ ခမရ (၁၇) တပ္က တပ္ၾကပ္ႀကီးစာေရး ဆရာျမင့္လင္းရယ္၊ သူ႔ရဲ့သား ရဲရင့္ထူးနဲ႔ သူ႔ေယာကၡမ ေဒၚၾကည္ျမင့္ေပါ့။ သူတို႔မိသားစုသံုးေယာက္ မန္လီရြာကိုေစ်းဝယ္လာတာ။ အဲဒီကေန တပ္ကိုအျပန္ ေခ်ာင္းပစ္ခံရတာ။ ဘယ္အဖြဲ႔အစည္းရယ္လို႔ေတာ့ အတိအက်မသိရေသးဘူး” ဟု နမ့္လန္နယ္ေျမရဲစခန္း မွ တာဝန္မွဴးရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေခ်ာင္းေျမာင္းပစ္ခတ္ခံရမႈေၾကာင့္ တပ္ၾကပ္ႀကီးတြင္ ေနာက္ေစ့ေပါက္ထြက္ဒဏ္ရာ၊ အသက္ (၆) ႏွစ္အရြယ္ ကေလးတြင္ ဦးေခါင္း ပြင့္ထြက္ဒဏ္ရာတို႔ျဖင့္ ေနရာတြင္ေသဆံုးခဲ့ၿပီး ေဒၚၾကည္ျမင့္မွာ ဘယ္ဖက္တင္ပါးဆံု၊ ညာဖက္ တင္ပါးဆံုႏွင့္ ၿမီးေညႇာင့္ရိုးတို႔တြင္ က်ည္ဆံေဖါက္ထြက္ဒဏ္ရာမ်ားရရွိခဲ့ကာ နမ့္လန္တုိက္နယ္ေဆးရံုေရာက္ၿပီး (၁၅)မိနစ္အၾကာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆုိပါပစ္ခတ္မႈကို မည္သည့္အဖြဲ႔က လုပ္ေဆာင္ေၾကာင္း အတည္မျပဳႏုိင္ေသးဘဲ စံုစမ္းေနဆဲျဖစ္ေၾကာင္း နမ့္လန္ၿမိဳ႕မရဲတပ္ဖဲြ႕ထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #CKK

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ် မန်လီရွာတွင် အသက် (၆)နှစ်အရွယ်ကလေးအပါအဝင်မိသားစု(၃)ဦးအား ချောင်းပစ်သည့် အဖွဲ့ကို အတည်မပြုနိုင်သေး
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်တိုက်နယ်အတွင်းရှိ နမ့်လန်-မိုင်းကိုင် လမ်းတွင် သြဂုတ်လ (၄)ရက်နေ့ ညနေပိုင်းက မန်လီကျေးရွာမှ ဈေးဝယ်ပြန်လာသည့် တပ်မတော်သားတစ်ဦး၊ အသက် (၆) နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်သည့် အဖွဲ့ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ ခမရ (၁၇) တပ်က တပ်ကြပ်ကြီးစာရေး ဆရာမြင့်လင်းရယ်၊ သူ့ရဲ့သား ရဲရင့်ထူးနဲ့ သူ့ယောက္ခမ ဒေါ်ကြည်မြင့်ပေါ့။ သူတို့မိသားစုသုံးယောက် မန်လီရွာကိုဈေးဝယ်လာတာ။ အဲဒီကနေ တပ်ကိုအပြန် ချောင်းပစ်ခံရတာ။ ဘယ်အဖွဲ့အစည်းရယ်လို့တော့ အတိအကျမသိရသေးဘူး” ဟု နမ့်လန်နယ်မြေရဲစခန်း မှ တာဝန်မှူးရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် တပ်ကြပ်ကြီးတွင် နောက်စေ့ပေါက်ထွက်ဒဏ်ရာ၊ အသက် (၆) နှစ်အရွယ် ကလေးတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာတို့ဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ဒေါ်ကြည်မြင့်မှာ ဘယ်ဖက်တင်ပါးဆုံ၊ ညာဖက် တင်ပါးဆုံနှင့် မြီးညှောင့်ရိုးတို့တွင် ကျည်ဆံဖေါက်ထွက်ဒဏ်ရာများရရှိခဲ့ကာ နမ့်လန်တိုက်နယ်ဆေးရုံရောက်ပြီး (၁၅)မိနစ်အကြာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း နမ့်လန်မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #CKK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~