ရွမ္းျပည္နယ္ မီဒီယာဖြံ႔ၿဖိဳးေရးဖိုရမ္ ပထမဆံုးအျဖစ္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပေန

ရွမ္းျပည္နယ္ မီဒီယာဖြံ႔ၿဖိဳးေရးဖိုရမ္ ပထမဆံုးအျဖစ္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပေန
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္ မီဒီယာဖြံ႕ၿဖိဳးေရးဖိုရမ္ကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ဟိုတယ္ထိန္သာ၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၄)ရက္ေန႔ႏွင့္ (၅)ရက္ေန႔မ်ားတြင္ က်င္းပေနၿပီး ရွမ္းျပည္နယ္တြင္းမွ သတင္းသမားမ်ား တက္ေရာက္ေဆြးေႏြးေနၾကသည္။

အဆိုပါဖိုရမ္၏ ပထမရက္တြင္ ေဒသတြင္း သတင္းမီဒီယာမ်ား၏ သတင္းရယူျခင္းဆုိင္ရာ အခက္အခဲမ်ားကို ေဆြးေႏြး ၾကမည္ျဖစ္ၿပီး ဒုတိယရက္တြင္ အစိုးရအဖြဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တရားေရးမ႑ိဳင္၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား ေတြ႔ဆံုေဆြးေႏြးၾကမည္ျဖစ္သည္။

"ကြ်န္ေတာ္တို႔အတြက္ သတင္းလြတ္လပ္စြာ ရယူခြင့္နဲ႔ ပတ္သက္ၿပီး ဘာလိုအပ္ခ်က္ေတြရွိေနမလဲ။ ျပည္နယ္အစိုးရကို ဘာေတြေတာင္းဆိုမလဲ စသည္ျဖင့္ သတင္းမီဒီယာနဲ႔ပတ္သက္တဲ့ အခက္အခဲေတြကို သိရွိႏိုင္ရန္အတြက္ ဒီပြဲကို ျပဳလုပ္ရျခင္း ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ ဒီပြဲမွာ လိုအပ္ခ်က္ေတြ တုိင္ပင္ ေဆြးေႏြးၿပီးရင္ နက္ျဖန္မွာ ျပည္နယ္အစိုးရအဖြဲ႔နဲ႔ ထပ္မံေဆြးေႏြးၾကမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ ရွမ္းျပည္နယ္မွာ မီဒီယာသမားေတြ အခက္အခဲေတြရွိပါတယ္။"ဟု ေတာင္ႀကီးသတင္းေထာက္မ်ားအသင္းမွ ကိုေနလင္းသိုက္က အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသြားသည္။

အဆိုပါ ဖိုရမ္က်င္းပရျခင္းမွာ ျပည္နယ္တြင္း သတင္းသမားမ်ား ခ်ိတ္ဆက္မႈအားနည္းသျဖင့္ စုစည္းမိေစရန္ က်င္းပရျခင္းျဖစ္ေၾကာင္း သိရသည္။

" ကြ်န္ေတာ္တို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔အေနနဲ႔ေရာ ဌာနဆိုင္ရာေတြနဲ႔ေရာ ခ်ိတ္ဆက္သတင္းရယူရာမွာ အဆင္မေျပဘူး။ ဒီျပႆနာေတြကို ကြ်န္ေတာ္တို႔ ကိုယ္တိုင္ေျဖရွင္းဖို႔ လိုပါတယ္။ တစ္ခါတေလ အစိုးရက ခ်မွတ္တဲ့ သတင္းအခ်က္အလက္ေတြကို သတင္းမီဒီယာေတြက ခ်ျပေပးေပမဲ့ ကြ်န္ေတာ္တို႔ ရပိုင္ခြင့္ျဖစ္တဲ့ သတင္းရယူပိုင္ခြင့္ေတြ အျပည့္အ၀ မရရွိဘူး။ အရင္အစိုးရတုန္းကဆိုရင္ သမၼတလာရင္ သတင္းအဆင္ေျပစြာ ယူလို႔ရတယ္။ အခု အရပ္သားအစိုးရတက္လာခ်ိန္မွာ သမၼတလာတာကို သတင္းရယူဖို႔ ခက္ခဲလာတယ္။ မ႑ိဳင္(၃)ရပ္ကလည္း ကြ်န္ေတာ္တို႔ကို အယံုအၾကည္နည္းလာတာကို ေတြ႔ရတယ္။ ကြ်န္ေတာ္တို႔ ဒီဖိုရမ္ဟာ ရွမ္းျပည္နယ္မွာ ပထမဆံုးအႀကိမ္က်င္းပတဲ့ ပြဲလို႔ ေျပာလို႔ရပါတယ္။ မီဒီယာအခ်င္းခ်င္း ခ်ိတ္ဆက္ဖို႔ လုပ္သြားမယ္။ သတင္းအခ်က္အလက္ေတြ အဆင္ေျပစြာ ရယူဖို႔ လုပ္သြားမယ္။ ဒီျပႆနာေတြကို ကြ်န္ေတာ္တို႔ ႏွစ္ရက္တာ ေဆြးေႏြးၿပီးေတာ့ ျပည္နယ္အစိုးရအဖြဲ႔ကို ျဖစ္ျဖစ္ ျပည္ေထာင္စုအစိုးရကို ျဖစ္ျဖစ္ တင္ျပသြားမွာ ျဖစ္ပါတယ္"ဟု အဆိုပါ ဖိုရမ္က်င္းပေရးတြင္ ပါ၀င္သူ ခမ္းသားေငါင္းဂ်ာနယ္မွ ခြန္ရာဇာက ဖိုရမ္ျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားသြားျခင္း ျဖစ္သည္။

ရွမ္းျပည္နယ္သတင္းမီဒီယာက႑ဖြံ႔ၿဖိဳးတိုးတက္ေစရန္ ေရွ႕လုပ္ငန္းစဥ္မ်ားအား တက္ေရာက္လာသည့္ သတင္းသမားမ်ားအဖြဲ႔က အုပ္စုလိုက္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္သြားၾကမည္ျဖစ္ကာ အခ်င္းခ်င္းခ်ိတ္ဆက္ေဆာင္ရြက္ႏုိင္မည့္နည္းလမ္းမ်ားရွာေဖြမည္ေၾကာင္း သိရသည္။

" မီဒီယာဥပေဒ၊ နည္းဥပေဒက အသက္မ၀င္သေလာက္ ျဖစ္ေနပါတယ္။ ကြ်န္ေတာ္တုိ႔ ရွမ္းျပည္နယ္မွာ အခြင့္အေရးမရၾကပါဘူး။ ကြ်န္ေတာ္တို႔ေတြ အားလံုးစုစုစည္းစည္းနဲ႔ ေရးသားၾကမယ္။ တစ္ခုခု အေရးအသားမွားလိုက္ရင္ မီဒီယာဥပေဒ၊ နည္းဥပေဒနဲ႔ မလုပ္ဘဲ ၆၆(ဃ)နဲ႔ပဲ ဆြဲတာဟာ ျခိမ္းေျခာက္မႈေတြ ျဖစ္ေစပါတယ္။ ကြ်န္ေတာ္တို႔ေတြ တစ္ခုခုျဖစ္ရင္ အတူတကြ ေတာင္းဆိုဖို႔၊ မီဒီယာဆိုၿပီး အမည္ခံၿပီး ေနာက္ဆက္တြဲအသံုးခ်တာေတြ မိမိအက်ဳိးစီးပြားကို ကာကြယ္ဖို႔အတြက္ လုပ္ေနတာေတြ ေတြ႔ေနရတယ္။ မီဒီယာသမားေတြဟာ ဌာနဆိုင္ရာေတြနဲ႔ အရမ္းနီးကပ္ေနတာေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ထိန္းေက်ာင္းဖို႔ရာမွာ အဆင္မေျပပါဘူး။ ကြ်န္ေတာ္တို႔ဟာ ေ၀ဖန္ေထာက္ျပရမွာျဖစ္တဲ့အတြက္ သူတို႔နဲ႔ ရင္းႏွီးမႈယူတာေတြဟာ မေကာင္းပါဘူး။ ဒါကို မီဒီယာသမားအခ်င္းခ်င္း ထိန္းေက်ာင္းဖို႔ လိုပါတယ္။ မီဒီယာကို အသံုးခ်ၿပီး ကိုယ္က်ဳိးစီးပြား လုပ္ေနတာေတြကို မီဒီယာသမားေတြကိုယ္တိုင္ အျပန္အလွန္ထိန္းေက်ာင္းဖို႔လိုတယ္။ ဒါဟာလည္း မီဒီယာပံုရိပ္ကို က်ေစပါတယ္။ ေနာက္တစ္ခုက ဖြဲ႔စည္းဖို႔ မီဒီယာနဲ႔ပတ္သက္ရင္ ကြ်န္ေတာ္တို႔ေတြဟာ မီဒီယာလမ္းေၾကာင္းလြဲေနရင္၊ မီဒီယာရပိုင္ခြင့္မရွိဘူးဆိုရင္ ကြ်န္ေတာ္တို႔ တညီတညႊတ္တည္းေတာင္းဆိုဖုိ႔ အဆင္မေျပႏိုင္ဘူး။ လႊတ္ေတာ္တြင္းမွာ တခ်ဳိ႕မီဒီယာေတြဟာ သတင္းရယူခြင့္ေတြရွိတယ္။ တခ်ဳိ႕ေတြက မရၾကဘူး။ ဒီလို မ်က္ႏွာလိုက္မႈေတြရွိေနတယ္။ အားလံုးတစ္ေျပးညီ သတင္းရယူႏိုင္ရန္္အတြက္ တညီတညႊတ္တည္း ေတာင္းဆိုသြားဖို႔လိုပါတယ္" ဟု  DVB သတင္းဌာနမွ ခြန္ေဇာ္ဦးက ေျပာသည္။

အဆိုပါ ဖိုရမ္တြင္ ရွမ္းျပည္နယ္အတြင္း ေတြ႔ႀကံဳေနရသည့္ သတင္းသမားမ်ား၏ အခက္အခဲမ်ားႏွင့္ သတင္းကြန္ရက္ခ်ိတ္ဆက္မႈ အားေကာင္းလာေစမည့္ အေၾကာင္းအရာမ်ားကို ေဆြးေႏြးကာ ရွမ္းျပည္နယ္အစိုးရထံ တင္ျပႏိုင္ရန္ စာတမ္းျပဳစုျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓာတ္ပံု - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် မီဒီယာဖွံ့ဖြိုးရေးဖိုရမ် ပထမဆုံးအဖြစ် တောင်ကြီးမြို့တွင် ကျင်းပနေ
https://www.tachileik.net/2018/08/smd.html
******************

ရှမ်းပြည်နယ် မီဒီယာဖွံ့ဖြိုးရေးဖိုရမ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဟိုတယ်ထိန်သာ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့နှင့် (၅)ရက်နေ့များတွင် ကျင်းပနပြေီး ရှမ်းပြည်နယ်တွင်းမှ သတင်းသမားများ တက်ရောက်ဆွေးနွေးနကြေသည်။

အဆိုပါဖိုရမ်၏ ပထမရက်တွင် ဒေသတွင်း သတင်းမီဒီယာများ၏ သတင်းရယူခြင်းဆိုင်ရာ အခက်အခဲများကို ဆွေးနွေးကြမည်ဖြစ်ပြီး ဒုတိယရက်တွင် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တရားရေးမဏ္ဍိုင်၊ အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

"ကျွန်တော်တို့အတွက် သတင်းလွတ်လပ်စွာ ရယူခွင့်နဲ့ ပတ်သက်ပြီး ဘာလိုအပ်ချက်တွေရှိနေမလဲ။ ပြည်နယ်အစိုးရကို ဘာတွေတောင်းဆိုမလဲ စသည်ဖြင့် သတင်းမီဒီယာနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို သိရှိနိုင်ရန်အတွက် ဒီပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ လိုအပ်ချက်တွေ တိုင်ပင်ဆွေးနွေးပြီးရင် နက်ဖြန်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ထပ်မံဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ မီဒီယာသမားတွေ အခက်အခဲတွေရှိပါတယ်။"ဟု တောင်ကြီးသတင်းထောက်များအသင်းမှ ကိုနေလင်းသိုက်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ ဖိုရမ်ကျင်းပရခြင်းမှာ ပြည်နယ်တွင်း သတင်းသမားများ ချိတ်ဆက်မှုအားနည်းသဖြင့် စုစည်းမိစေရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဌာနဆိုင်ရာတွေနဲ့ရော ချိတ်ဆက်သတင်းရယူရာမှာ အဆင်မပြေဘူး။ ဒီပြဿနာတွေကို ကျွန်တော်တို့ ကိုယ်တိုင်ဖြေရှင်းဖို့ လိုပါတယ်။ တစ်ခါတလေ အစိုးရက ချမှတ်တဲ့ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေက ချပြပေးပေမဲ့ ကျွန်တော်တို့ ရပိုင်ခွင့်ဖြစ်တဲ့ သတင်းရယူပိုင်ခွင့်တွေ အပြည့်အဝ မရရှိဘူး။ အရင်အစိုးရတုန်းကဆိုရင် သမ္မတလာရင် သတင်းအဆင်ပြေစွာ ယူလို့ရတယ်။ အခု အရပ်သားအစိုးရတက်လာချိန်မှာ သမ္မတလာတာကို သတင်းရယူဖို့ ခက်ခဲလာတယ်။ မဏ္ဍိုင်(၃)ရပ်ကလည်း ကျွန်တော်တို့ကို အယုံအကြည်နည်းလာတာကို တွေ့ရတယ်။ ကျွန်တော်တို့ ဒီဖိုရမ်ဟာ ရှမ်းပြည်နယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပွဲလို့ ပြောလို့ရပါတယ်။ မီဒီယာအချင်းချင်း ချိတ်ဆက်ဖို့ လုပ်သွားမယ်။ သတင်းအချက်အလက်တွေ အဆင်ပြေစွာ ရယူဖို့ လုပ်သွားမယ်။ ဒီပြဿနာတွေကို ကျွန်တော်တို့ နှစ်ရက်တာ ဆွေးနွေးပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ကို ဖြစ်ဖြစ် ပြည်ထောင်စုအစိုးရကို ဖြစ်ဖြစ် တင်ပြသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါ ဖိုရမ်ကျင်းပရေးတွင် ပါဝင်သူ ခမ်းသားငေါင်းဂျာနယ်မှ ခွန်ရာဇာက ဖိုရမ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသွားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသည့် သတင်းသမားများအဖွဲ့က အုပ်စုလိုက်ဆွေးနွေးမှုများလုပ်ဆောင်သွားကြမည်ဖြစ်ကာ အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများရှာဖွေမည်ကြောင်း သိရသည်။

" မီဒီယာဥပဒေ၊ နည်းဥပဒေက အသက်မဝင်သလောက် ဖြစ်နေပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ အခွင့်အရေးမရကြပါဘူး။ ကျွန်တော်တို့တွေ အားလုံးစုစုစည်းစည်းနဲ့ ရေးသားကြမယ်။ တစ်ခုခု အရေးအသားမှားလိုက်ရင် မီဒီယာဥပဒေ၊ နည်းဥပဒေနဲ့ မလုပ်ဘဲ ၆၆(ဃ)နဲ့ပဲ ဆွဲတာဟာ ခြိမ်းခြောက်မှုတွဖြေစ်စေပါတယ်။ ကျွန်တော်တို့တွေ တစ်ခုခုဖြစ်ရင် အတူတကွ တောင်းဆိုဖို့၊ မီဒီယာဆိုပြီး အမည်ခံပြီး နောက်ဆက်တွဲအသုံးချတာတွေ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုပ်နေတာတွေ တွေ့နေရတယ်။ မီဒီယာသမားတွေဟာ ဌာနဆိုင်ရာတွေနဲ့ အရမ်းနီးကပ်နေတာတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိန်းကျောင်းဖို့ရာမှာ အဆင်မပြေပါဘူး။ ကျွန်တော်တို့ဟာေဝဖန်ထောက်ပြရမှာဖြစ်တဲ့အတွက် သူတို့နဲ့ ရင်းနှီးမှုယူတာတွေဟာ မကောင်းပါဘူး။ ဒါကို မီဒီယာသမားအချင်းချင်း ထိန်းကျောင်းဖို့ လိုပါတယ်။ မီဒီယာကို အသုံးချပြီး ကိုယ်ကျိုးစီးပွားလုပ်နေတာတွေကို မီဒီယာသမားတွေကိုယ်တိုင် အပြန်အလှန်ထိန်းကျောင်းဖို့လိုတယ်။ ဒါဟာလည်း မီဒီယာပုံရိပ်ကို ကျစေပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းဖို့ မီဒီယာနဲ့ပတ်သက်ရင် ကျွန်တော်တို့တွေဟာ မီဒီယာလမ်းကြောင်းလွဲနေရင်၊ မီဒီယာရပိုင်ခွင့်မရှိဘူးဆိုရင် ကျွန်တော်တို့ တညီတညွှတ်တည်းတောင်းဆိုဖို့ အဆင်မပြေနိုင်ဘူး။ လွှတ်တော်တွင်းမှာ တချို့မီဒီယာတွေဟာ သတင်းရယူခွင့်တွေရှိတယ်။ တချို့တွေက မရကြဘူး။ ဒီလို မျက်နှာလိုက်မှုတွေရှိနေတယ်။ အားလုံးတစ်ပြေးညီ သတင်းရယူနိုင်ရန်အတွက် တညီတညွှတ်တည်း တောင်းဆိုသွားဖို့လိုပါတယ်" ဟု DVB သတင်းဌာနမှ ခွန်ဇော်ဦးက ပြောသည်။

အဆိုပါ ဖိုရမ်တွင် ရှမ်းပြည်နယ်အတွင်း တွေ့ကြုံနေရသည့် သတင်းသမားများ၏ အခက်အခဲများနှင့် သတင်းကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေမည့် အကြောင်းအရာများကို ဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရထံ တင်ပြနိုင်ရန် စာတမ်းပြုစုခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~