မိုင္းဆတ္ၿမိဳ႕၌ ဖြင့္လွစ္လုိက္သည့္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈျပခန္းတြင္ ကြန္ပ်ဴတာသင္တန္း အခမဲ့ပို႔ခ်ေပးမည္

မိုင္းဆတ္ၿမိဳ႕၌ ဖြင့္လွစ္လုိက္သည့္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈျပခန္းတြင္ ကြန္ပ်ဴတာသင္တန္း အခမဲ့ပို႔ခ်ေပးမည္
သြဂုတ် 9, 2018
By 🌸
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းက ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈျပခန္းကို မုိင္းဆတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၈) ရက္ေန႔က ဖြင့္လွစ္လုိက္ၿပီး ၾသဂုတ္လ(၁၁)ရက္ေန႔တြင္ အဆိုပါ ျပခန္း၏ ဒုတိယထပ္၌ ကြန္ပ်ဴတာသင္တန္းဖြင့္လွစ္မည္ျဖစ္၍ လူမ်ိဳးဘာသာမေရြး အခမဲ့ တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

အဆိုပါကြန္ပ်ဴတာသင္တန္းတြင္ သင္တန္းဆရာ(၆)ဦးက သင္တန္းသား(၅၆)ဦးအား အခမဲ့သင္ၾကားေပးမည္ျဖစ္သည့္အျပင္ ျပခန္းကိုလည္း အခမဲ့ေလ့လာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ပထမထပ္ျပခန္းမွာ ရွမ္းစာေပနဲ႔ ေရးထားတဲ့စာအုပ္စာေစာင္ေတြ၊ ေရွးေဟာင္းေငြစကၠဴေတြ၊ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ျဖစ္တဲ့ ကိႏၷရီကိႏၷရာ၀တ္စံုနဲ႔ တူရိယာပစၥည္းေတြ၊ ရိုးရာအသုံးအေဆာင္ပစၥည္းေတြနဲ႔ လယ္ယာသုံးပစၥည္းေတြ၊ သမိုင္းမွတ္တမ္းဓာတ္ပုံေတြနဲ႔ ႐ိုးရာအစားအေသာက္မွတ္တမ္းဓာတ္ပံုေတြ ျပသထားပါ တယ္။ မ်ဳိးဆက္သစ္လူငယ္ေတြ ႐ိုးရာယဥ္ေက်းမႈအေမြအနွစ္ပစၥည္းေတြကိုသိရိွၿပီး လက္ဆင့္ကမ္းတန္ဖိုးထား ထိန္းသိမ္းတတ္ေအာင္လို႔ ရည္ရြယ္ျပသထားတာပါ"ဟု ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းဥကၠဌ ဦးစိုင္း၀ဏၰက ေျပာသည္။

ျပခန္းဖြင့္ပြဲႏွင့္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းဆိုင္းဘုတ္တင္ျခင္း အခမ္းအနားက်င္းပရာ မဟာျမတ္မုနိေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲေတေဇာဘာသႏွင့္ ၿမိဳ႕မေက်ာင္း တိုက္ဆရာေတာ္ ဘဒၵႏၲအာဒိစၥတို႔က အေမႊးန႔ံသာမ်ား ပက္ျဖန္း ဖြင့္လွစ္ ေပးခဲ့ေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့၌ ဖွင့်လှစ်လိုက်သည့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုပြခန်းတွင် ကွန်ပျူတာသင်တန်း အခမဲ့ပို့ချပေးမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက ရှမ်းစာပေနှင့် ယဉ်ကျေးမှုပြခန်းကို မိုင်းဆတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့က ဖွင့်လှစ်လိုက်ပြီး သြဂုတ်လ(၁၁)ရက်နေ့တွင် အဆိုပါ ပြခန်း၏ ဒုတိယထပ်၌ ကွန်ပျူတာသင်တန်းဖွင့်လှစ်မည်ဖြစ်၍ လူမျိုးဘာသာမရွေး အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါကွန်ပျူတာသင်တန်းတွင် သင်တန်းဆရာ(၆)ဦးက သင်တန်းသား(၅၆)ဦးအား အခမဲ့သင်ကြားပေးမည်ဖြစ်သည့်အပြင် ပြခန်းကိုလည်း အခမဲ့လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပထမထပ်ပြခန်းမှာ ရှမ်းစာပေနဲ့ ရေးထားတဲ့စာအုပ်စာစောင်တွေ၊ ရှေးဟောင်းငွေစက္ကူတွေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ကိန္နရီကိန္နရာဝတ်စုံနဲ့ တူရိယာပစ္စည်းတွေ၊ ရိုးရာအသုံးအဆောင်ပစ္စည်းတွေနဲ့ လယ်ယာသုံးပစ္စည်းတွေ၊ သမိုင်းမှတ်တမ်းဓာတ်ပုံတွေနဲ့ ရိုးရာအစားအသောက်မှတ်တမ်းဓာတ်ပုံတွေ ပြသထားပါ တယ်။ မျိုးဆက်သစ်လူငယ်တွေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကိုသိရှိပြီး လက်ဆင့်ကမ်းတန်ဖိုးထား ထိန်းသိမ်းတတ်အောင်လို့ ရည်ရွယ်ပြသထားတာပါ"ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းဝဏ္ဏက ပြောသည်။

ပြခန်းဖွင့်ပွဲနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပရာ မဟာမြတ်မုနိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသနှင့် မြို့မကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စတို့က အမွှေးနံ့သာများ ပက်ဖြန်း ဖွင့်လှစ် ပေးခဲ့ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~