
သွဂုတျ 7, 2018
By 🌸
ဓါတ်ပုံ #ပြည်ထဲရေး

~~~~~~~~⊰❂ unicode ~~~~~~~~

အထက်တန်းကျောင်း နှစ်ထပ်ဆောင်ဝရန်တာ ဆွေးမြေ့ပြုတ်ကျ၍ ကျောင်းသား (၃)ဦးဒဏ်ရာရ
*************
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ ရပ်ကွက်(၁၂)ရှိ အထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်ဝရန်တာ သစ်သားဆွေးမြေ့ပြုတ်ကျသဖြင့် ကျောင်းသား၊ကျောင်းသူ (၃)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

နှစ်ထပ်ကျောင်းဆောင်ရှိ အလျား (၁၀) ပေ၊ အနံ (၆) ပေခန့်ရှိ ဆင့်တန်းများ ဆွေးမြေ့မှုကြောင့် ပျဉ်ခင်းနှင့် ဝရန်တာမှာ ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ နေ့လယ်(၂)နာရီ (၅၀)မိနစ်တွင်  ပြုတ်ကျသွားသဖြင့် ဒုတိယတန်း ကျောင်းသား(၁)ယောက်နှင့် ကျောင်းသူ (၂)ယောက်တို့မှာ ဒဏ်ရာအသီးသီးရသွားပြီး အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် ကျောင်းသား၊ကျောင်းသူများကို ကညှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~