ပင္းတယၿမိဳ႕နယ္ ျပင္သာေက်းရြာတြင္ အစ္ကိုဝမ္းကြဲက အဓမၼျပဳက်င့္၍ အမႈဖြင့္တိုင္ၾကား

ပင္းတယၿမိဳ႕နယ္ ျပင္သာေက်းရြာတြင္ အစ္ကိုဝမ္းကြဲက အဓမၼျပဳက်င့္၍ အမႈဖြင့္တိုင္ၾကား
သြဂုတ် 7, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕နယ္ ျပင္သာေက်းရြာတြင္ ေမာင္ႏွမတစ္ဝမ္းကြဲေတာ္စပ္သည့္ မိန္းကေလးအား အဓမၼျပဳက်င့္သည့္ အမ်ိဳးသားအား ပင္းတယၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ျပင္သာရြာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၅)ရက္ေန႔က အသက္(၂၁)ႏွစ္အရြယ္ မိန္းကေလးက ေနအိမ္တြင္ တစ္ဦးတည္းရိွေနစဥ္ အစ္ကိုဝမ္းကြဲျဖစ္သူက အရက္မူးၿပီးေရာက္လာကာ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားအား အေရးယူေပးရန္ ၾသဂုတ္လ(၆)ရက္ေန႔က ပင္းတယၿမိဳ႕မရဲစခန္းသို႔ လာေရာက္တုိင္ၾကားသျဖင့္ (ပ)၄/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ unicode ~~~~~~~~
ပင်းတယမြို့နယ် ပြင်သာကျေးရွာတွင် အစ်ကိုဝမ်းကွဲက အဓမ္မပြုကျင့်၍ အမှုဖွင့်တိုင်ကြား
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ် ပြင်သာကျေးရွာတွင် မောင်နှမတစ်ဝမ်းကွဲတော်စပ်သည့် မိန်းကလေးအား အဓမ္မပြုကျင့်သည့် အမျိုးသားအား ပင်းတယမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ပြင်သာရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့က အသက်(၂၁)နှစ်အရွယ် မိန်းကလေးက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အစ်ကိုဝမ်းကွဲဖြစ်သူက အရက်မူးပြီးရောက်လာကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား အရေးယူပေးရန် သြဂုတ်လ(၆)ရက်နေ့က ပင်းတယမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် (ပ)၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~