ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ျဗဳန္းေျမစာပိ၍ တစ္ဦးေသဆံုး၊ တစ္ဦး ဒဏ္ရာရ

ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ျဗဳန္းေျမစာပိ၍ တစ္ဦးေသဆံုး၊ တစ္ဦး ဒဏ္ရာရ
သြဂုတ် 9, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္၊ အင္းဖိုေက်းရြာအနီးရိွ ျဗဳန္းေတာင္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၈)ရက္ေန႔က ျဗဳန္းပိမိ၍ အသက္(၁၉)ႏွစ္အရြယ္ လူငယ္တစ္ဦး ေသဆံုးသြားၿပီး အသက္(၄၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

ဦးလွေငြ၊ ညိဳထြန္းႏွင့္ ဦးစိန္ေမာင္တို႔သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၈)ရက္ေန႔က ျဗဳန္းေတာင္တြင္ ျဗဳန္းတူးေနၾကၿပီး နံနက္ (၁၀)နာရီခြဲဝန္းက်င္၌ ဦးလွေငြက ေတာင္ရွည္ေက်းရြာသို႔ ျဗဳန္းသြားပို႔ေနစဥ္ နံနက္(၁၁)နာရီ (၂၀)မိနစ္ခန္႔၌ ျဗဳန္းေတာင္ၿပိဳက်လာျခင္းျဖစ္ေၾကာင္း သိရသည္။

ညိဳထြန္းမွာ ျဗဳန္းေတာင္ေျမစာမ်ား လံုးဝဖံုးသြားၿပီး ဦးစိန္ေမာင္မွာ ခါးေအာက္ပိုင္းေျမစာမ်ားပိေနခဲ့ကာ နံနက္(၁၁)နာရီခြဲဝန္းက်င္တြင္ ဦးလွေငြျပန္ေရာက္လာခ်ိန္မွ ေတြ႔ရိွရသျဖင့္ အနီးရိွလူမ်ားအကူအညီျဖင့္ ျဗဳန္းမ်ား ဖယ္ရွားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ျဗဳန္းေျမစာမ်ားပိသျဖင့္ ညိဳထြန္းမွာ ေသဆံုးသြားခဲ့ၿပီး ဦးစိန္ေမာင္မွာ ခါးေအာက္ပိုင္း ဒဏ္ရာျဖင့္ ေနာင္ခ်ိဳျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရေသာ္လည္း အေျခအေနမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁၀/၁၈)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ unicode ~~~~~~~~
နောင်ချိုမြို့နယ်တွင် ဗြုန်းမြေစာပိ၍ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ အင်းဖိုကျေးရွာအနီးရှိ ဗြုန်းတောင်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့က ဗြုန်းပိမိ၍ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားပြီး အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ဦးလှငွေ၊ ညိုထွန်းနှင့် ဦးစိန်မောင်တို့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့က ဗြုန်းတောင်တွင် ဗြုန်းတူးနေကြပြီး နံနက် (၁၀)နာရီခွဲဝန်းကျင်၌ ဦးလှငွေက တောင်ရှည်ကျေးရွာသို့ ဗြုန်းသွားပို့နေစဉ် နံနက်(၁၁)နာရီ (၂၀)မိနစ်ခန့်၌ ဗြုန်းတောင်ပြိုကျလာခြင်းဖြစ်ကြောင်း သိရသည်။

ညိုထွန်းမှာ ဗြုန်းတောင်မြေစာများ လုံးဝဖုံးသွားပြီး ဦးစိန်မောင်မှာ ခါးအောက်ပိုင်းမြေစာများပိနေခဲ့ကာ နံနက်(၁၁)နာရီခွဲဝန်းကျင်တွင် ဦးလှငွေပြန်ရောက်လာချိန်မှ တွေ့ရှိရသဖြင့် အနီးရှိလူများအကူအညီဖြင့် ဗြုန်းများ ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗြုန်းမြေစာများပိသဖြင့် ညိုထွန်းမှာ သေဆုံးသွားခဲ့ပြီး ဦးစိန်မောင်မှာ ခါးအောက်ပိုင်း ဒဏ်ရာဖြင့် နောင်ချိုပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရသော်လည်း အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ နောင်ချိုမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၀/၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~