လုပ္ငန္းလိုင္စင္မရိွသည့္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကုန္ပစၥည္း၊ ခရီးသည္ပို႔ေဆာင္ေရးလုပ္ကိုင္သူမ်ားကို ပညာေပးကာလေက်ာ္လြန္ပါက အေရးယူေတာ့မည္

လုပ္ငန္းလိုင္စင္မရိွသည့္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကုန္ပစၥည္း၊ ခရီးသည္ပို႔ေဆာင္ေရးလုပ္ကိုင္သူမ်ားကို ပညာေပးကာလေက်ာ္လြန္ပါက အေရးယူေတာ့မည္
သြဂုတ် 8, 2018
By 🌸
ကုန္ပစၥည္း၊ ခရီးသည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းလုပ္ကိုင္ေနသည့္ ေမာ္ေတာ္ယာဥ္မ်ားအား လုပ္ငန္းလိုင္စင္ စစ္ေဆးျခင္းကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၆) ရက္ေန႔မွ စတင္၍ ပူးေပါင္းအဖြဲ႔ျဖင့္ ေဆာင္ရြက္ေနၿပီး ပညာေပးကာလ (၂)ပတ္ သတ္မွတ္ထားေၾကာင္း သိရသည္။

 “ပညာေပးကာလကို ႏွစ္ပတ္တိတိလုပ္မယ္။ အဓိကကေတာ့ အရပ္စကားနဲ႔ေျပာရရင္ နံပါတ္အနက္ေတြနဲ႔ ခရီးသည္၊ ကုန္စည္ပို႔ေဆာင္မႈလုပ္ေနတာေတြကို ပညာေပးစစ္ေဆးတာျဖစ္ပါတယ္။ တားၿပီးစစ္တယ္။ လုပ္ငန္းလိုင္စင္မရွိေသးရင္ လုပ္ထားဖို႔အတြက္ အသိေပးလိုက္တယ္။ စစ္ေဆးၿပီးသားေတြကို မွတ္တမ္းယူထားတယ္” ဟု အမွတ္ (၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု မူဆယ္ခရိုင္ တပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴး ခ်စ္စိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခရီးသည္ပို႔ေဆာင္ေရးႏွင့္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္မည့္ ေမာ္ေတာ္ယာဥ္သည္ လုပ္ငန္းသံုးလုိင္စင္ (နံပါတ္ျပား အနီေရာင္)ရရိွရန္လိုအပ္ေသာ္လည္း လက္ရိွတြင္ အိမ္စီးေမာ္ေတာ္ယာဥ္အတြက္ ထုတ္ေပးသည့္လုိင္စင္ (နံပါတ္အနက္)ျဖင့္ လုပ္ကိုင္ေနမႈမ်ားေၾကာင့္ ယင္းကဲ့သို႔ စိစစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “စီးပြားေရးလုပ္စားမယ္ဆိုရင္ နံပါတ္အနီရေအာင္လုပ္ထားဖို႔၊ လုပ္ငန္းလိုင္စင္လုပ္ထားဖို႔အတြက္ အဓိကရည္ရြယ္ၿပီးေတာ့ လုပ္တာပါ။ မူဆယ္က ကားဆိုရင္ မူဆယ္မွာလုပ္ငန္းလိုင္စင္လုပ္လို႔ရတယ္။ လားရိႈးက ကားဆိုရင္ လားရႈိးမွာလုပ္လို႔ရပါတယ္။ လုပ္ငန္းလိုင္စင္လုပ္ရာမွာ အခုဆိုရင္ပိုၿပီးလြယ္လြယ္ကူကူလုပ္လို႔လည္း ရေနၿပီျဖစ္ပါတယ္ ” ဟု အမွတ္ (၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု မူဆယ္ခရိုင္ တပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴး ခ်စ္စိန္က  ေျပာသည္။

ပညာေပးကာလေက်ာ္လြန္ပါက ခရီးသည္၊ကုန္စည္သယ္ယူပို႔ေဆာင္ခြင့္ လိုင္စင္မရိွဘဲ အသံုးျပဳေနသည့္ ေမာ္ေတာ္ယာဥ္မ်ားကို အေရးယူသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔တြင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္  ယာဥ္ထိန္းရဲတပ္ဖြဲ႔တုိ႔ ပါဝင္ေၾကာင္း သိရသည္။

ပုဂၢလိကပိုင္ သယ္ယူပို ့ေဆာင္ေရး ေမာ္ေတာ္ယာဥ္မ်ားျဖင့္ စီးပြားေရး လုပ္ငန္းအျဖစ္ သို ့မဟုတ္  စီးပြားေရး လုပ္ငန္းနွင့္ စပ္လ်ဥ္း၍ ကုန္းလမ္း၌ သယ္ယူ ပို ့ေဆာင္ေရး လုပ္ငန္း ေဆာင္ရြက္ပါက လုိင္စင္အမ်ိဳးအစားမ်ား ခြဲျခားသတ္မွတ္ေပးထားျခင္းျဖစ္ၿပီး ခရီးစဥ္၊ ေဒသကုန္စည္ ပို႕ေဆာင္ခြင့္အတြက္ “က” လိုင္စင္၊ ခရီးစဥ္၊ ခရီးသည္ ပို႕ေဆာင္ခြင့္အတြက္ “ခ” လိုင္စင္၊ စင္းလံုးငွား ခရီးသည္ ပို႕ေဆာင္ခြင့္အတြက္ “ဂ” လိုင္စင္၊ ပဋိညာဥ္ အရ ပို႕ေဆာင္ခြင့္အတြက္ “ဃ” လိုင္စင္၊ ကိုယ္ပိုင္ စီးပြားအေရး အတြက္ ကုန္စည္ ပို႕ေဆာင္ခြင့္အတြက္ “င” လိုင္စင္၊ ယာယီ ပို႕ေဆာင္ခြင့္၊ ခြင့္ျပဳ လက္မွတ္အျဖစ္ “စ” လိုင္စင္တို႔ ထုတ္ေပးေနျခင္းျဖစ္သည္။

ကုန္းလမ္း ပို႕ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီး ဌာနတြင္ အငွားယာဥ္ အျဖစ္ မွတ္ပံုတင္ ထားေသာ ေမာ္ေတာ္ယာဥ္မ်ား၊ ေနာက္တြဲယာဥ္မ်ား၊ ထေရာ္လာဂ်ီမ်ား၊ ထံုးကံုးယာဥ္မ်ားႏွင့္ သံုးဘီး ဆိုင္ကယ္မ်ား၊ အငွားယာဥ္ အျဖစ္ မွတ္ပံုတင္ မထားေသာ္လည္း မိမိ၏ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းတြင္ သယ္ယူ ပို႕ေဆာင္ေနေသာ ကိုယ္ပိုင္ယာဥ္ (နံပါတ္အနက္) ေမာ္ေတာ္ယာဥ္၊ ေနာက္တြဲယာဥ္၊ ထေရာ္လာဂ်ီ၊ ထံုးကံုးႏွင့္ သံုးဘီး ဆိုင္ကယ္မ်ားသည္ လုပ္ငန္းသံုးလုိင္စင္ရယူရန္ လိုအပ္ျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - Ngwe Taung

~~~~~~~~⊰❂ unicode ~~~~~~~~
လုပ်ငန်းလိုင်စင်မရှိသည့် မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ကိုင်သူများကို ပညာပေးကာလကျော်လွန်ပါက အရေးယူတော့မည်
*****************
ကုန်ပစ္စည်း၊ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် မော်တော်ယာဉ်များအား လုပ်ငန်းလိုင်စင် စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့မှ စတင်၍ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေပြီး ပညာပေးကာလ (၂)ပတ် သတ်မှတ်ထားကြောင်း သိရသည်။

 “ပညာပေးကာလကို နှစ်ပတ်တိတိလုပ်မယ်။ အဓိကကတော့ အရပ်စကားနဲ့ပြောရရင် နံပါတ်အနက်တွေနဲ့ ခရီးသည်၊ ကုန်စည်ပို့ဆောင်မှုလုပ်နေတာတွေကို ပညာပေးစစ်ဆေးတာဖြစ်ပါတယ်။ တားပြီးစစ်တယ်။ လုပ်ငန်းလိုင်စင်မရှိသေးရင် လုပ်ထားဖို့အတွက် အသိပေးလိုက်တယ်။ စစ်ဆေးပြီးသားတွေကို မှတ်တမ်းယူထားတယ်” ဟု အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မူဆယ်ခရိုင် တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ချစ်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်မည့် မော်တော်ယာဉ်သည် လုပ်ငန်းသုံးလိုင်စင် (နံပါတ်ပြား အနီရောင်)ရရှိရန်လိုအပ်သော်လည်း လက်ရှိတွင် အိမ်စီးမော်တော်ယာဉ်အတွက် ထုတ်ပေးသည့်လိုင်စင် (နံပါတ်အနက်)ဖြင့် လုပ်ကိုင်နေမှုများကြောင့် ယင်းကဲ့သို့ စိစစ်နေခြင်းဖြစ်ကြောင်း သိရသည်။

 “စီးပွားရေးလုပ်စားမယ်ဆိုရင် နံပါတ်အနီရအောင်လုပ်ထားဖို့၊ လုပ်ငန်းလိုင်စင်လုပ်ထားဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ လုပ်တာပါ။ မူဆယ်က ကားဆိုရင် မူဆယ်မှာလုပ်ငန်းလိုင်စင်လုပ်လို့ရတယ်။ လားရှိုးက ကားဆိုရင် လားရှိုးမှာလုပ်လို့ရပါတယ်။ လုပ်ငန်းလိုင်စင်လုပ်ရာမှာ အခုဆိုရင်ပိုပြီးလွယ်လွယ်ကူကူလုပ်လို့လည်း ရနေပြီဖြစ်ပါတယ် ” ဟု အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မူဆယ်ခရိုင် တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ချစ်စိန်က  ပြောသည်။

ပညာပေးကာလကျော်လွန်ပါက ခရီးသည်၊ကုန်စည်သယ်ယူပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ အသုံးပြုနေသည့် မော်တော်ယာဉ်များကို အရေးယူသွားတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်  ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များဖြင့် စီးပွားရေး လုပ်ငန်းအဖြစ် သို့မဟုတ်  စီးပွားရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ ကုန်းလမ်း၌ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ပါက လိုင်စင်အမျိုးအစားများ ခွဲခြားသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ခရီးစဉ်၊ ဒေသကုန်စည် ပို့ဆောင်ခွင့်အတွက် “က” လိုင်စင်၊ ခရီးစဉ်၊ ခရီးသည် ပို့ဆောင်ခွင့်အတွက် “ခ” လိုင်စင်၊ စင်းလုံးငှား ခရီးသည် ပို့ဆောင်ခွင့်အတွက် “ဂ” လိုင်စင်၊ ပဋိညာဉ် အရ ပို့ဆောင်ခွင့်အတွက် “ဃ” လိုင်စင်၊ ကိုယ်ပိုင် စီးပွားအရေး အတွက် ကုန်စည် ပို့ဆောင်ခွင့်အတွက် “င” လိုင်စင်၊ ယာယီ ပို့ဆောင်ခွင့်၊ ခွင့်ပြု လက်မှတ်အဖြစ် “စ” လိုင်စင်တို့ ထုတ်ပေးနေခြင်းဖြစ်သည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနတွင် အငှားယာဉ် အဖြစ် မှတ်ပုံတင် ထားသော မော်တော်ယာဉ်များ၊ နောက်တွဲယာဉ်များ၊ ထရော်လာဂျီများ၊ ထုံးကုံးယာဉ်များနှင့် သုံးဘီး ဆိုင်ကယ်များ၊ အငှားယာဉ် အဖြစ် မှတ်ပုံတင် မထားသော်လည်း မိမိ၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွင် သယ်ယူ ပို့ဆောင်နေသော ကိုယ်ပိုင်ယာဉ် (နံပါတ်အနက်) မော်တော်ယာဉ်၊ နောက်တွဲယာဉ်၊ ထရော်လာဂျီ၊ ထုံးကုံးနှင့် သုံးဘီး ဆိုင်ကယ်များသည် လုပ်ငန်းသုံးလိုင်စင်ရယူရန် လိုအပ်ခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - Ngwe Taung

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~