မူဆယ္- ကြတ္ခုိင္ၾကားတြင္ အရပ္သား ေမာ္ေတာ္ယာဥ္ႏွစ္စီး ေသနတ္ပစ္ခံရ၍ ယာဥ္ေမာင္း (၂)ဦး ဒဏ္ရာရ

မူဆယ္- ကြတ္ခုိင္ၾကားတြင္ အရပ္သား ေမာ္ေတာ္ယာဥ္ႏွစ္စီး ေသနတ္ပစ္ခံရ၍ ယာဥ္ေမာင္း (၂)ဦး ဒဏ္ရာရ
သြဂုတ် 15, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္- ကြတ္ခိုင္ၾကား မန္လြယ္ရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၅)ရက္ေန႔ ညေန(၄)နာရီဝန္းက်င္တြင္ အရပ္သား ေမာ္ေတာ္ယာဥ္ (၂)စီးကို လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕က ပစ္ခတ္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္ေမာင္း အမ်ိဳးသား(၂)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အေရးေပၚကားက မႏၱေလးကို လူနာအပို႔သြားတာ။ ကၽြန္ေတာ္တို႔ေရွ႕ ကိုက္(၁၀၀၀)ေလာက္ အကြာမွာ ျဖစ္သြားတာ။ အပစ္ခံရတဲ့ ကားႏွစ္စီးထဲက ကၽြန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆုိင္ဘက္က လာတဲ့ကားက ကၽြန္ေတာ္တုိ႔ကားကို ေတြ႔ေတာ့ ေဆးလာေတာင္းတယ္။ က်ည္ဆံထုတ္ခ်င္တယ္တဲ့။ ကၽြန္ေတာ္တုိ႔က က်ည္ဆံထုတ္ေပးလို႔ေတာ့မရဘူးဆိုေတာ့ သူက နမ့္ဖတ္ကာကို ဆက္သြားလိုက္တယ္။ နမ့္ဖတ္လြန္းမွာ ဒဏ္ရာရတဲ့ တစ္ေယာက္က ရိွေနေတာ့ သူတုိ႔က လားရိႈးသယ္သြားေပးဖို႔ေျပာတယ္။ ကၽြန္ေတာ္က ကြတ္ခိုင္ေဆးရံုကို ပို႔ေပးမယ္ဆိုၿပီး သယ္လာေပးတာ”ဟု အခင္းျဖစ္ေနရာမွ လူနာအား သယ္ေဆာင္ေပးခဲ့သည့္ မူဆယ္ၿမိဳ႕ လူမႈကူညီေရးအသင္းမွ ဦးခင္ေမာင္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အပစ္ခံရသည့္ လုိက္ထရပ္ကားမွာ မူဆယ္မွ လားရိႈးသို႔ ကုန္တင္လာသည့္ကားျဖစ္ၿပီး အိမ္စီးကားမွာ ကြတ္ခုိင္မွ မူဆယ္ဘက္သို႔အသြား မူဆယ္ - ကြတ္ခိုင္ၾကား မန္လြယ္ရြာအနီး ေက်ာင္းေရွ႕အေရာက္တြင္ လမ္းေဘးမွေစာင့္ေနသည့္အဖြဲ႕က ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားႏွစ္စီးက မ်က္ႏွာခ်င္းဆုိင္လာတဲ့အခ်ိန္ လမ္းရဲ႕ဘယ္ဘက္ျခမ္း(မူဆယ္မွ ကြတ္ခိုင္ဘက္အသြား)  ကေန ပစ္တာ။ အဲဒီနားမွာ ေက်ာင္းရိွတယ္။ သူတို႔အုပ္စုက အဲဒီနားမွာ ေျပးလုိက္လႊားလုိက္လုပ္ေနတာ ကားသမားေတြလည္း ျမင္ေပမဲ့ သတိမထားမိဘူး။ အနားေရာက္မွ ေသနတ္ပစ္ခံရတာလုိ႔ သိရတယ္”ဟု ဦးခင္ေမာင္လြင္က ေျပာသည္။

အဆုိပါပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္းႏွစ္ဦးမွာ ေျခေထာက္မ်ားတြင္ ေသနတ္ဒဏ္ရာမ်ားရသြားၾကၿပီး တစ္ဦးကို နမ့္ဖက္ကာေဆးရံုသို႔လည္းေကာင္း၊ တစ္ဦးကို ကြတ္ခုိင္ေဆးရံုသို႔လည္းေကာင္း ပို႔ေဆာင္ထားကာ အခင္းျဖစ္ေနရာကို သက္ဆုိင္ရာက နယ္ေျမရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဓါတ္ပံု - ခင္ေမာင္လြင္

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်- ကွတ်ခိုင်ကြားတွင် အရပ်သား မော်တော်ယာဉ်နှစ်စီး သေနတ်ပစ်ခံရ၍ ယာဉ်မောင်း (၂)ဦး ဒဏ်ရာရ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- ကွတ်ခိုင်ကြား မန်လွယ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်တွင် အရပ်သား မော်တော်ယာဉ် (၂)စီးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်မောင်း အမျိုးသား(၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“ကျွန်တော်တို့ အရေးပေါ်ကားက မန္တလေးကို လူနာအပို့သွားတာ။ ကျွန်တော်တို့ရှေ့ ကိုက်(၁၀၀၀)လောက် အကွာမှာ ဖြစ်သွားတာ။ အပစ်ခံရတဲ့ ကားနှစ်စီးထဲက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဘက်က လာတဲ့ကားက ကျွန်တော်တို့ကားကို တွေ့တော့ ဆေးလာတောင်းတယ်။ ကျည်ဆံထုတ်ချင်တယ်တဲ့။ ကျွန်တော်တို့က ကျည်ဆံထုတ်ပေးလို့တော့မရဘူးဆိုတော့ သူက နမ့်ဖတ်ကာကို ဆက်သွားလိုက်တယ်။ နမ့်ဖတ်လွန်းမှာ ဒဏ်ရာရတဲ့ တစ်ယောက်က ရှိနေတော့ သူတို့က လားရှိုးသယ်သွားပေးဖို့ပြောတယ်။ ကျွန်တော်က ကွတ်ခိုင်ဆေးရုံကို ပို့ပေးမယ်ဆိုပြီး သယ်လာပေးတာ”ဟု အခင်းဖြစ်နေရာမှ လူနာအား သယ်ဆောင်ပေးခဲ့သည့် မူဆယ်မြို့ လူမှုကူညီရေးအသင်းမှ ဦးခင်မောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပစ်ခံရသည့် လိုက်ထရပ်ကားမှာ မူဆယ်မှ လားရှိုးသို့ ကုန်တင်လာသည့်ကားဖြစ်ပြီး အိမ်စီးကားမှာ ကွတ်ခိုင်မှ မူဆယ်ဘက်သို့အသွား မူဆယ် - ကွတ်ခိုင်ကြား မန်လွယ်ရွာအနီး ကျောင်းရှေ့အရောက်တွင် လမ်းဘေးမှစောင့်နေသည့်အဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ကားနှစ်စီးက မျက်နှာချင်းဆိုင်လာတဲ့အချိန် လမ်းရဲ့ဘယ်ဘက်ခြမ်း(မူဆယ်မှ ကွတ်ခိုင်ဘက်အသွား)  ကနေ ပစ်တာ။ အဲဒီနားမှာ ကျောင်းရှိတယ်။ သူတို့အုပ်စုက အဲဒီနားမှာ ပြေးလိုက်လွှားလိုက်လုပ်နေတာ ကားသမားတွေလည်း မြင်ပေမဲ့ သတိမထားမိဘူး။ အနားရောက်မှ သေနတ်ပစ်ခံရတာလို့ သိရတယ်”ဟု ဦးခင်မောင်လွင်က ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှစ်ဦးမှာ ခြေထောက်များတွင် သေနတ်ဒဏ်ရာများရသွားကြပြီး တစ်ဦးကို နမ့်ဖက်ကာဆေးရုံသို့လည်းကောင်း၊ တစ်ဦးကို ကွတ်ခိုင်ဆေးရုံသို့လည်းကောင်း ပို့ဆောင်ထားကာ အခင်းဖြစ်နေရာကို သက်ဆိုင်ရာက နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓါတ်ပုံ - ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~