မုိင္းတံုၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၉၉၀)ျပား ဖမ္းမိ

မုိင္းတံုၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၉၉၀)ျပား ဖမ္းမိ
သြဂုတ် 6, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊ မိုင္းတုံၿမိဳ႕၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၅) ရက္ေန႔ ည (၇) နာရီခဲြအခ်ိန္တြင္ ေနအိမ္တစ္လံုးအား ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၉၉၀)ျပား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕တြင္ မူးယစ္ေဆး၀ါးေရာင္းခ်ေနေၾကာင္းသတင္းရသည့္ အုိက္ခယ္(ခ)စိုင္းထြန္းေန၏ ေနအိမ္ကို ၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႔၀င္မ်ားက သက္ေသမ်ားႏွင့္အတူ ၀င္ေရာက္ရွာေဖြရွာ အုိက္ခယ္(ခ)စိုင္းထြန္းေန၏ လြယ္အိတ္အတြင္းမွ ေငြက်ပ္ (၄၃၈၀၀)ႏွင့္ အိပ္ခန္းအတြင္း ေခါင္မုိးထုပ္တန္းတြင္ ဝွက္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၉၉၀)ျပားအား ရွာေဖြဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးလက္၀ယ္ေတြ႔ရိွသူ အုိက္ခယ္(ခ)စိုင္းထြန္းေနအား မိုင္းတုံၿမဳိ႕မရဲစခန္း၌ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့တွင် မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား (၉၉၀)ပြား ဖမ်းမိ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့ ည (၇) နာရီခွဲအချိန်တွင် နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား(၉၉၀)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းရသည့် အိုက်ခယ်(ခ)စိုင်းထွန်းနေ၏ နေအိမ်ကို မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရှာ အိုက်ခယ်(ခ)စိုင်းထွန်းနေ၏ လွယ်အိတ်အတွင်းမှ ငွေကျပ် (၄၃၈၀၀)နှင့် အိပ်ခန်းအတွင်း ခေါင်မိုးထုပ်တန်းတွင် ဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၉၉၀)ပြားအား ရှာဖွေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အိုက်ခယ်(ခ)စိုင်းထွန်းနေအား မိုင်းတုံမြို့မရဲစခန်း၌ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #သန်းဇော်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~