မိုင္းဆတ္ၿမိဳ႕တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ေမာ္ေတာ္ယာဥ္စီးနင္းေမာင္းႏွင္သူမ်ား ေဘးအႏၱရာယ္ကင္းေရး ပညာေပးေဆာင္ရြက္

မိုင္းဆတ္ၿမိဳ႕တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ေမာ္ေတာ္ယာဥ္စီးနင္းေမာင္းႏွင္သူမ်ား ေဘးအႏၱရာယ္ကင္းေရး ပညာေပးေဆာင္ရြက္
သြဂုတ် 19, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးႏွင့္ ဆုိင္ကယ္စီးဦးထုပ္ အခမဲ့ျဖန္႔ေဝေပးျခင္းကို လမ္းဦးစီးဌာန၊ ယာဥ္ထိန္းရဲတပ္ဖဲြ႔ႏွင့္ ဌာနဆိုင္ရာမ်ားပူးေပါင္း၍ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၉) ရက္ေန႔က လုပ္ေဆာင္ၾကသည္ကို ေတြ႔ရသည္။

ေမာ္ေတာ္ယာဥ္ စီးနင္းေမာင္းႏွင္သူမ်ား ေဘးအႏၱရာယ္ကင္းရွင္းေစေရးအတြက္ ဆိုင္ကယ္ေမာင္းလွ်င္ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းရန္ အသိပညာေပးၿပီး ဆိုင္ကယ္စီးဦးထုပ္မ်ားအခမဲ့ျဖန္႔ေ၀ေပးျခင္း၊ ယာဥ္ေမာင္းေနစဥ္ ထိုင္ခုံခါးပတ္ ပတ္ရန္ႏွင့္ လက္ကိုင္ဖုန္းအသုံးမျပဳရန္၊ အရက္ေသစာ ေသာက္စား၍ ယာဥ္ေမာင္းႏွင္ျခင္းမျပဳလုပ္ရန္၊ ၿမိဳ႕တြင္း ၿမိဳ႕ျပင္သတ္မွတ္မိုင္ႏႈန္းမ်ားထက္ ပိုမေမာင္းရန္၊ တန္ပိုယာဥ္မ်ား တင္ေဆာင္ျဖတ္သန္းျခင္း မျပဳလုပ္ရန္တို႔ကို အသိပညာေပးျခင္းအျပင္ ယာဥ္အႏၲရာယ္လမ္းအႏၲရာယ္ကင္းရွင္းေရး အသိပညာေပးလက္ကမ္းစာေစာင္ႏွင့္ လမ္းမႀကီးမ်ား ဥပေဒအသိပညာေပးလက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေပးေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မော်တော်ယာဉ်စီးနင်းမောင်းနှင်သူများ ဘေးအန္တရာယ်ကင်းရေး ပညာပေးဆောင်ရွက်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနှင့် ဆိုင်ကယ်စီးဦးထုပ် အခမဲ့ဖြန့်ဝေပေးခြင်းကို လမ်းဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့က လုပ်ဆောင်ကြသည်ကို တွေ့ရသည်။

မော်တော်ယာဉ် စီးနင်းမောင်းနှင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် အသိပညာပေးပြီး ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ဖြန့်ဝေပေးခြင်း၊ ယာဉ်မောင်းနေစဉ် ထိုင်ခုံခါးပတ် ပတ်ရန်နှင့် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ အရက်သေစာ သောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုလုပ်ရန်၊ မြို့တွင်း မြို့ပြင်သတ်မှတ်မိုင်နှုန်းများထက် ပိုမမောင်းရန်၊ တန်ပိုယာဉ်များ တင်ဆောင်ဖြတ်သန်းခြင်း မပြုလုပ်ရန်တို့ကို အသိပညာပေးခြင်းအပြင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် လမ်းမကြီးများ ဥပဒေအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~