
သွဂုတျ 17, 2018
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်တွင် လူမနေသည့်အိမ်တစ်လုံး၌ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်၊ နော်ဟီးရပ်ရှိ လူမနေသည့်အိမ်တစ်လုံးတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

နေအိမ်ဟောင်းတစ်လုံးတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရ မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့ နံနက် (၈)နာရီခွဲတွင် သွားရောက်စစ်ဆေးရာ အသက် (၂၇)နှစ်အရွယ် ရာလီချိုမှာ ကြိုးဆွဲချသေဆုံးသည့်လက္ခဏာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား မိုင်းဆတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~