မေကြးၿမိဳ႕တြင္ျပဳလုပ္သည့္ (၆) ႀကိမ္ေျမာက္ ႏိုင္ငံတကာလူငယ္မ်ားေန႔အခမ္းအနား ယခုႏွစ္တြင္ ပါဝင္သူပိုမ်ားလာ

မေကြးၿမိဳ႕တြင္ျပဳလုပ္သည့္ (၆) ႀကိမ္ေျမာက္ ႏိုင္ငံတကာလူငယ္မ်ားေန႔အခမ္းအနား ယခုႏွစ္တြင္ ပါဝင္သူပိုမ်ားလာ
သြဂုတ် 13, 2018
By 🌸
(၆)ႀကိမ္ေျမာက္ ႏိုင္ငံတကာလူငယ္မ်ားေန႔အခမ္းအနားကို ၾသဂုတ္လ(၁၂)ရက္ေန႔ ညေနပိုင္းႏွင့္ ညပိုင္းတို႔တြင္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ရိွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကးရုပ္ပန္းၿခံ၌ က်င္းပခဲ့ရာ ယခင္ႏွစ္မ်ားကထက္ ပါဝင္သူပိုမ်ားလာေၾကာင္း သိရသည္။

"ဒီႏွစ္က (၆)ႀကိမ္ေျမာက္က်င္းပတာဆိုေပမဲ့ အရင္ႏွစ္ေတြက ၿမိဳ႕ေတာ္ခန္းမမွာ ကိုယ့္လူေတြနဲ႔ ကိုယ္ပဲ က်င္းပခဲ့ရတာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ဒီေန႔ဟာ ႏိုင္ငံတကာလူငယ္မ်ားေန႔ ဆိုတာကို လူငယ္ေတြ ပိုၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ သိရိွေစဖို႔နဲ႔ လူငယ္ေတြကိုယ္တိုင္ ဦးေဆာင္ႏိုင္ေစဖို႔ အလႊာစံုက လူငယ္ေတြပါ ဝင္လာေအာင္ ျပည္သူမ်ားအလြယ္တကူလာေရာက္ႏိုင္တဲ့  ပန္းၿခံမွာ ျပဳလုပ္ခဲ့တာပါ။ ဒါေၾကာင့္လည္း အရင္ႏွစ္ေတြကထက္ ပိုက်ယ္ျပန္႔ၿပီး ပိုၿပီးစည္စည္ကားကား ရိွခဲ့ပါတယ္" ဟု ပဲြျဖစ္ေျမာက္ေရးတာဝန္ခံ ကိုသင့္ထက္ေဝက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအခမ္းအနားတြင္ လူငယ္ႏွင့္အလုပ္အကိုင္အခြင့္အလမ္း၊ အမ်ိဳးသမီးအပ္ခ်ဳပ္သင္တန္း၊ အလွျပင္သင္တန္း၊ ေဆာက္လုပ္ေရးက႑၊ ဆိုင္ကယ္ျပင္သင္တန္း၊ ေအာ္ဂဲနစ္သီးႏွံျပခန္း၊ လူငယ္ႏွင့္မ်ိဳးဆက္ပြားက်န္းမာေရးျပခန္း၊ လူငယ္ႏွင့္ဖက္ရွင္ျပခန္း၊ လူငယ္ေရးရာမူဝါဒျပခန္းမ်ားပါရိွၿပီး တိုင္းရင္းသား ရိုးရာအစားအစာအေရာင္းဆိုင္၊ တိုင္းရင္းသားရိုးရာ အကအလွမ်ားပါဝင္သည့္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ၊ လူငယ္ေရးရာ မူဝါဆိုင္ရာအသိပညာေပး လက္ကမ္းစာရြက္မ်ား ျဖန္႔ေဝျခင္း၊ လူငယ္မ်ားေန႔ျဖစ္ေပၚလာပံုႏွင့္ လူငယ္ေရးရာအေၾကာင္းမ်ားကို ရွင္းလင္းေဆြးေႏြးျခင္း အစီအစဥ္မ်ား၊ လူငယ္ေရးရာ ပေဟဠိအေမးအေျဖအစီအစဥ္မ်ားပါရိွေၾကာင္း သိရသည္။

ႏိုင္ငံတစ္ႏိုင္ငံတြင္ လူငယ္မ်ား၏ အခန္းက႑အေရးပါမႈမ်ားအား သက္ဆိုင္ရာအစိုးရအဖဲြ႔ႏွင့္ ျပည္သူမ်ား သိရိွနားလည္ၿပီး ပါဝင္ျဖည့္ဆည္းလာႏိုင္ေစရန္၊ လူငယ္မူဝါဒမ်ားအား ေဆြးေႏြး၍ အေကာင္ အထည္ေဖာ္ေဆာင္ႏိုင္ၿပီး အနာဂတ္ေခါင္းေဆာင္မ်ား ျဖစ္လာမည့္ လူငယ္မ်ား၏စြမ္းေဆာင္ရည္ျမွင့္တင္ ကာ ပိုမိုေကာင္းမြန္သည့္ ႏိုင္ငံေတာ္ကိုတည္ေဆာက္သြားႏိုင္ေစရန္၊ လူငယ္မ်ား ေက်ာင္းသားဘဝတြင္ ျဖစ္ေစ၊ လုပ္ငန္းခြင္မ်ားတြင္ျဖစ္ေစ  လြတ္လပ္ေသာ၊ လံုျခံဳစိတ္ခ်ရေသာ ရပ္ဝန္းတစ္ခု၌ ေရာက္ရိွေနေစ ရန္ ရည္ရြယ္၍ ႏိုင္ငံတကာလူငယ္မ်ားေန႔ အခမ္းအနားအား က်င္းပရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့တွင်ပြုလုပ်သည့် (၆) ကြိမ်မြောက် နိုင်ငံတကာလူငယ်များနေ့အခမ်းအနား ယခုနှစ်တွင် ပါဝင်သူပိုများလာ
***************
(၆)ကြိမ်မြောက် နိုင်ငံတကာလူငယ်များနေ့အခမ်းအနားကို သြဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ပန်းခြံ၌ ကျင်းပခဲ့ရာ ယခင်နှစ်များကထက် ပါဝင်သူပိုများလာကြောင်း သိရသည်။

"ဒီနှစ်က (၆)ကြိမ်မြောက်ကျင်းပတာဆိုပေမဲ့ အရင်နှစ်တွေက မြို့တော်ခန်းမမှာ ကိုယ့်လူတွေနဲ့ ကိုယ်ပဲ ကျင်းပခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာတော့ ဒီနေ့ဟာ နိုင်ငံတကာလူငယ်များနေ့ ဆိုတာကို လူငယ်တွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့နဲ့ လူငယ်တွေကိုယ်တိုင် ဦးဆောင်နိုင်စေဖို့ အလွှာစုံက လူငယ်တွေပါ ဝင်လာအောင် ပြည်သူများအလွယ်တကူလာရောက်နိုင်တဲ့  ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့်လည်း အရင်နှစ်တွေကထက် ပိုကျယ်ပြန့်ပြီး ပိုပြီးစည်စည်ကားကား ရှိခဲ့ပါတယ်" ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုသင့်ထက်ဝေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအခမ်းအနားတွင် လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးအပ်ချုပ်သင်တန်း၊ အလှပြင်သင်တန်း၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဆိုင်ကယ်ပြင်သင်တန်း၊ အော်ဂဲနစ်သီးနှံပြခန်း၊ လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေးပြခန်း၊ လူငယ်နှင့်ဖက်ရှင်ပြခန်း၊ လူငယ်ရေးရာမူဝါဒပြခန်းများပါရှိပြီး တိုင်းရင်းသား ရိုးရာအစားအစာအရောင်းဆိုင်၊ တိုင်းရင်းသားရိုးရာ အကအလှများပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ ၊ လူငယ်ရေးရာ မူဝါဆိုင်ရာအသိပညာပေး လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်း၊ လူငယ်များနေ့ဖြစ်ပေါ်လာပုံနှင့် လူငယ်ရေးရာအကြောင်းများကို ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်များ၊ လူငယ်ရေးရာ ပဟေဠိအမေးအဖြေအစီအစဉ်များပါရှိကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံတွင် လူငယ်များ၏ အခန်းကဏ္ဍအရေးပါမှုများအား သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ပြည်သူများ သိရှိနားလည်ပြီး ပါဝင်ဖြည့်ဆည်းလာနိုင်စေရန်၊ လူငယ်မူဝါဒများအား ဆွေးနွေး၍ အကောင် အထည်ဖော်ဆောင်နိုင်ပြီး အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များ၏စွမ်းဆောင်ရည်မြှင့်တင် ကာ ပိုမိုကောင်းမွန်သည့် နိုင်ငံတော်ကိုတည်ဆောက်သွားနိုင်စေရန်၊ လူငယ်များ ကျောင်းသားဘဝတွင် ဖြစ်စေ၊ လုပ်ငန်းခွင်များတွင်ဖြစ်စေ  လွတ်လပ်သော၊ လုံခြုံစိတ်ချရသော ရပ်ဝန်းတစ်ခု၌ ရောက်ရှိနေစေ ရန် ရည်ရွယ်၍ နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~