မေကြးတြင္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ား ေအာက္တိုဘာလ (၁) ရက္ေန႔မွစ၍ ဖ်က္သိမ္းမည္

မေကြးတြင္ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ား ေအာက္တိုဘာလ (၁) ရက္ေန႔မွစ၍ ဖ်က္သိမ္းမည္
သြဂုတ် 7, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္အသီးသီးရိွ ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံဂိတ္မ်ားအား ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္ေန႔မွစတင္၍ ဖ်က္သိမ္းသြားမည္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ား၏ ဘီးခြန္ကို လိုင္စင္သက္တမ္းတိုးခ်ိန္တြင္ တစ္ပါတည္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျပည္သူေတြအေနနဲ႔ အရင္ကတည္းက ဆိုင္ကယ္ေတြတင္မဟုတ္ဘဲ ကားေတြကိုပါ လႊတ္ေစခ်င္တဲ့ဆႏၵရိွၾကတယ္ေလ။ စည္ပင္သာယာရဲ႕ဖြ႔ံၿဖိဳးတိုးတက္မႈလုပ္ႏိုင္မယ့္ ေငြပမာဏလိုအပ္ခ်က္ရိွေနေသးတာေၾကာင့္ ခ်က္ခ်င္း ျဖဳတ္မေပးႏိုင္ခဲ့ဘူး။ မႏွစ္တုန္းကဆိုရင္ တိုင္းေဒသႀကီးမွာ စည္ပင္ရဲ႕အရပ္ရပ္လိုင္စင္ခြန္ကေန သိန္းေပါင္း (၁၇၀၀၀) ေလာက္ တိုးလာတယ္ေလ။ အဲဒီလို အရင္ကထက္ တိုးလာတာေၾကာင့္ ျပည္သူေတြရဲ႕ဆႏၵကို ျဖည့့္ဆည္းေပးႏိုင္တဲ့သေဘာပါ"ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ စီမံကိန္း၊ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕ဝင္ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ားအား ေလလံေပးရာမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္တြင္ က်ပ္သိန္းေပါင္း (၁၀၀၀၀) ေက်ာ္ရရိွခဲ့ရာ ဘီးခြန္ေကာက္ခံသည့္ဂိတ္မ်ား ပိတ္လုိက္သျဖင့္ အခြန္ေငြေလ်ာ့သြားႏုိင္ေသာ္လည္း ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ဘီးခြန္တစ္ေပါင္းတည္း ေပးေဆာင္ျခင္းျဖင့္ ပူးေပါင္းပါဝင္လာရန္ႏွင့္ သက္ဆုိင္ရာဌာနမ်ားအေနျဖင့္ မွန္မွန္ကန္ကန္ၾကပ္မတ္ေဆာင္ရြက္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ဝန္ႀကီးကဆိုသည္။

ေမာ္ေတာ္ယာဥ္မ်ား၊ ဆုိင္ကယ္မ်ားအား လမ္းအသံုးျပဳခ ဘီးခြန္ေကာက္ခံျခင္းကို ဘီးခြန္ေကာက္သည့္ဂိတ္မ်ား ဖြင့္လွစ္ကာ ပုဂၢလိကကို ေလလံေပး၍ ေကာက္ခံေစသည့္စနစ္ကို မေကြးတုိင္းအတြင္း ဖ်က္သိမ္းရန္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔က က်င္းပသည့္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝးတြင္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် မြို့ဝင်ဘီးခွန်ကောက်ခံသည့်ဂိတ်များ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ဖျက်သိမ်းမည်
***************
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ မြို့ဝင်ဘီးခွန်ကောက်ခံဂိတ်များအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ ဖျက်သိမ်းသွားမည်ဖြစ်ပြီး မော်တော်ယာဉ်များ၏ ဘီးခွန်ကို လိုင်စင်သက်တမ်းတိုးချိန်တွင် တစ်ပါတည်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"ပြည်သူတွေအနေနဲ့ အရင်ကတည်းက ဆိုင်ကယ်တွေတင်မဟုတ်ဘဲ ကားတွေကိုပါ လွှတ်စေချင်တဲ့ဆန္ဒရှိကြတယ်လေ။ စည်ပင်သာယာရဲ့ဖွံ့ဖြိုးတိုးတက်မှုလုပ်နိုင်မယ့် ငွေပမာဏလိုအပ်ချက်ရှိနေသေးတာကြောင့် ချက်ချင်း ဖြုတ်မပေးနိုင်ခဲ့ဘူး။ မနှစ်တုန်းကဆိုရင် တိုင်းဒေသကြီးမှာ စည်ပင်ရဲ့အရပ်ရပ်လိုင်စင်ခွန်ကနေ သိန်းပေါင်း (၁၇၀၀၀) လောက် တိုးလာတယ်လေ။ အဲဒီလို အရင်ကထက် တိုးလာတာကြောင့် ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့သဘောပါ"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ဝင်ဘီးခွန်ကောက်ခံသည့်ဂိတ်များအား လေလံပေးရာမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၁၀၀၀၀) ကျော်ရရှိခဲ့ရာ ဘီးခွန်ကောက်ခံသည့်ဂိတ်များ ပိတ်လိုက်သဖြင့် အခွန်ငွေလျော့သွားနိုင်သော်လည်း မော်တော်ယာဉ်များအနေဖြင့် ဘီးခွန်တစ်ပေါင်းတည်း ပေးဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်လာရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် မှန်မှန်ကန်ကန်ကြပ်မတ်ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း ဝန်ကြီးကဆိုသည်။

မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား လမ်းအသုံးပြုခ ဘီးခွန်ကောက်ခံခြင်းကို ဘီးခွန်ကောက်သည့်ဂိတ်များ ဖွင့်လှစ်ကာ ပုဂ္ဂလိကကို လေလံပေး၍ ကောက်ခံစေသည့်စနစ်ကို မကွေးတိုင်းအတွင်း ဖျက်သိမ်းရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့က ကျင်းပသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~