ေရာဂါကင္းသည့္အသားမ်ား ထုတ္လုပ္ရန္ သားသတ္လုပ္ငန္းမ်ားအား စနစ္တက်စစ္ေဆးျခင္းကို မေကြးတုိင္းတစ္ခုလံုးတြင္ ေဆာင္ရြက္မည္

ေရာဂါကင္းသည့္အသားမ်ား ထုတ္လုပ္ရန္ သားသတ္လုပ္ငန္းမ်ားအား စနစ္တက်စစ္ေဆးျခင္းကို မေကြးတုိင္းတစ္ခုလံုးတြင္ ေဆာင္ရြက္မည္
သြဂုတ် 16, 2018
By 🌸
မေကြးတုိင္းအတြင္း သားသတ္လုိင္စင္ျဖင့္ အသားထုတ္လုပ္ေနသည့္လုုပ္ငန္းမ်ားမွ ထုတ္လုပ္သည့္အသားမ်ား ေရာဂါကင္းစင္ေၾကာင္း ေထာက္ခံခ်က္ကို လုပ္ငန္းစဥ္အတိုင္း စနစ္တက်စစ္ေဆးၿပီးမွ ထုတ္ေပးသည့္စနစ္ ေျပာင္းလဲလုိက္ၿပီး က်န္းမာေရး ေထာက္ခံခ်က္ စစ္ေဆးမႈအတြက္ ေကာက္ခံသည့္ႏႈန္းထားကို ျပင္ဆင္ေကာက္ခံေနေၾကာင္း သိရသည္။

“အသားစစ္ေဆးျခင္းလုပ္ငန္းဟာ ကၽြန္ေတာ္တို႔ဌာနနဲ႔ ဆိုင္ပါတယ္။ ဌာနစတင္တည္ေထာင္တဲ့အခ်ိန္ကစၿပီး အသားစစ္ေဆးျခင္းလုပ္ငန္းကို လုပ္ကိုင္ခဲ့တာျဖစ္ေပမဲ့ ေနာက္ပိုင္းမွာ လက္ေတြ႔လုပ္တဲ့လုပ္ငန္းက နည္းပါးၿပီးေတာ့ သာမန္ပဲစစ္ၿပီး ခြင့္ျပဳခဲ့တာမ်ားပါတယ္။ အခုေတာ့ ဒီလုပ္ငန္းစဥ္ေတြကို စနစ္တက်နဲ႔ လုပ္ေဆာင္ႏိုင္ေအာင္ ခရိုင္/ၿမိဳ႕နယ္ဦးစီးမွဴးေတြကို အသားစစ္ေဆးျခင္းဆင့္ပြားသင္တန္းေတြေပးေနပါၿပီ။ ၿပီးရင္ သက္ဆိုင္ရာ စည္ပင္သာယာနဲ႔ေပါင္းၿပီး ေလလံေအာင္တဲ့သားသတ္ရံုေတြမွာ မသတ္ခင္ စစ္ေဆးမယ္။ သတ္ၿပီးလည္း အတြင္းသား ကလီစာေတြကို စစ္ေဆးမယ္။ အဲဒီလိုစစ္ေဆးၿပီးမွ ေထာက္ခံခ်က္ လက္မွတ္ထုတ္ေပးသြားပါမယ္"ဟု မေကြးတိုင္းေဒသႀကီးေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမွဴး ညႊန္ၾကားေရးမွဴး ေဒါက္တာေမာင္ေမာင္စိုးဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက သားသတ္လုပ္ငန္းမ်ားမွ ထုတ္လုပ္သည့္အသားမ်ားအား က်န္းမာေရးေထာက္ခံခ်က္ စစ္ေဆးမႈအတြက္ ႏြားတစ္ေကာင္လွ်င္ (၃၅)က်ပ္၊ ဝက္တစ္ေကာင္လွ်င္(၁၅)က်ပ္၊ ဆိတ္တစ္ေကာင္လွ်င္(၁၀)က်ပ္ႏႈန္းျဖင့္ ေကာက္ခံခဲ့ရာမွ စနစ္တက်ႀကီးၾကပ္စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ႏြားတစ္ေကာင္လွ်င္ က်ပ္ (၃၀၀၀)၊ ဝက္တစ္ေကာင္လွ်င္ က်ပ္ (၁၅၀၀)၊ ဆိတ္တစ္ေကာင္လွ်င္ က်ပ္(၁၀၀၀) ေျပာင္းလဲေကာက္ခံခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရဘတ္ဂ်က္အတြက္ သားသတ္လုပ္ငန္းမ်ား၏ အသားထုတ္လုပ္မႈ က်န္းမာေရးေထာက္ခံခ်က္စစ္ေဆးမႈမွ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ က်ပ္(၄၅)သိန္းေက်ာ္သာရရိွခဲ့ေသာ္လည္း ၂၀၁၈-၂၀၁၉ မီနီဘတ္ဂ်က္ျဖစ္သည့္ (၃)လတာကာလတြင္ က်ပ္သိန္း (၃၅၀) ေက်ာ္ ရရိွခဲ့ရာ ရရိွခဲ့ေၾကာင္းသိရၿပီး ျပည္သူမ်ား က်န္းမာေရးအေထာက္အကူျဖစ္ေစရန္ႏွင့္ ဘတ္ဂ်က္ပိုမိုရွာေဖြႏုိင္ရန္အတြက္ တုိင္းေဒသႀကီးအတြင္း အျပည့္အဝလႊမ္းၿခံဳေဆာင္ရြက္ႏုိင္ရန္ ဌာနဝန္ထမ္းမ်ားအား ဆင့္ပြားသင္တန္းမ်ားေပး၍ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျမန္မာႏုိင္ငံတစ္ဝန္းရိွ ေစ်းမ်ားတြင္ေရာင္းခ်ေနသည့္ အသား၊ ငါး အမ်ားစုမွာ  စနစ္တက်စစ္ေဆး၍ ေထာက္ခံခ်က္ လက္မွတ္ထုတ္ေပးထားျခင္းမရိွဘဲ ေရာင္းခ်မႈမ်ိဳးျဖစ္သျဖင့္ စားသံုးသူမ်ား၏ က်န္းမာေရးအတြက္ စိုးရိမ္ဖြယ္ရာျဖစ္ေနသည္ဟု မေကြးတိုင္းေဒသႀကီးေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမွဴး ညႊန္ၾကားေရးမွဴး ေဒါက္တာေမာင္ေမာင္စိုးဦးက ေထာက္ျပေျပာဆိုသည္။

ျမန္မာႏုိင္ငံတြင္ ေရာဂါျဖစ္ပြားမႈ၏ (၆၀)ရာခုိင္ႏႈန္းေက်ာ္မွာ တိရစၦာန္မွ ကူးစက္ခံရျခင္းျဖစ္ေၾကာင္း သုေတသနစစ္တမ္းအေျဖအရ တိရစၦာန္က်န္းမာေရးႏွင့္ လူက်န္းမာေရးကို တစ္ခုတည္းေသာ က်န္းမာေရးအသြင္ျဖင့္ စတင္ခ်ဥ္းကပ္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရောဂါကင်းသည့်အသားများ ထုတ်လုပ်ရန် သားသတ်လုပ်ငန်းများအား စနစ်တကျစစ်ဆေးခြင်းကို မကွေးတိုင်းတစ်ခုလုံးတွင် ဆောင်ရွက်မည်
************
မကွေးတိုင်းအတွင်း သားသတ်လိုင်စင်ဖြင့် အသားထုတ်လုပ်နေသည့်လုပ်ငန်းများမှ ထုတ်လုပ်သည့်အသားများ ရောဂါကင်းစင်ကြောင်း ထောက်ခံချက်ကို လုပ်ငန်းစဉ်အတိုင်း စနစ်တကျစစ်ဆေးပြီးမှ ထုတ်ပေးသည့်စနစ် ပြောင်းလဲလိုက်ပြီး ကျန်းမာရေး ထောက်ခံချက် စစ်ဆေးမှုအတွက် ကောက်ခံသည့်နှုန်းထားကို ပြင်ဆင်ကောက်ခံနေကြောင်း သိရသည်။

“အသားစစ်ဆေးခြင်းလုပ်ငန်းဟာ ကျွန်တော်တို့ဌာနနဲ့ ဆိုင်ပါတယ်။ ဌာနစတင်တည်ထောင်တဲ့အချိန်ကစပြီး အသားစစ်ဆေးခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ လက်တွေ့လုပ်တဲ့လုပ်ငန်းက နည်းပါးပြီးတော့ သာမန်ပဲစစ်ပြီး ခွင့်ပြုခဲ့တာများပါတယ်။ အခုတော့ ဒီလုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ လုပ်ဆောင်နိုင်အောင် ခရိုင်/မြို့နယ်ဦးစီးမှူးတွေကို အသားစစ်ဆေးခြင်းဆင့်ပွားသင်တန်းတွေပေးနေပါပြီ။ ပြီးရင် သက်ဆိုင်ရာ စည်ပင်သာယာနဲ့ပေါင်းပြီး လေလံအောင်တဲ့သားသတ်ရုံတွေမှာ မသတ်ခင် စစ်ဆေးမယ်။ သတ်ပြီးလည်း အတွင်းသား ကလီစာတွေကို စစ်ဆေးမယ်။ အဲဒီလိုစစ်ဆေးပြီးမှ ထောက်ခံချက် လက်မှတ်ထုတ်ပေးသွားပါမယ်"ဟု မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သားသတ်လုပ်ငန်းများမှ ထုတ်လုပ်သည့်အသားများအား ကျန်းမာရေးထောက်ခံချက် စစ်ဆေးမှုအတွက် နွားတစ်ကောင်လျှင် (၃၅)ကျပ်၊ ဝက်တစ်ကောင်လျှင်(၁၅)ကျပ်၊ ဆိတ်တစ်ကောင်လျှင်(၁၀)ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ စနစ်တကျကြီးကြပ်စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် နွားတစ်ကောင်လျှင် ကျပ် (၃၀၀၀)၊ ဝက်တစ်ကောင်လျှင် ကျပ် (၁၅၀၀)၊ ဆိတ်တစ်ကောင်လျှင် ကျပ်(၁၀၀၀) ပြောင်းလဲကောက်ခံခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရဘတ်ဂျက်အတွက် သားသတ်လုပ်ငန်းများ၏ အသားထုတ်လုပ်မှု ကျန်းမာရေးထောက်ခံချက်စစ်ဆေးမှုမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်(၄၅)သိန်းကျော်သာရရှိခဲ့သော်လည်း ၂၀၁၈-၂၀၁၉ မီနီဘတ်ဂျက်ဖြစ်သည့် (၃)လတာကာလတွင် ကျပ်သိန်း (၃၅၀) ကျော် ရရှိခဲ့ရာ ရရှိခဲ့ကြောင်းသိရပြီး ပြည်သူများ ကျန်းမာရေးအထောက်အကူဖြစ်စေရန်နှင့် ဘတ်ဂျက်ပိုမိုရှာဖွေနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်း အပြည့်အဝလွှမ်းခြုံဆောင်ရွက်နိုင်ရန် ဌာနဝန်ထမ်းများအား ဆင့်ပွားသင်တန်းများပေး၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးများတွင်ရောင်းချနေသည့် အသား၊ ငါး အများစုမှာ  စနစ်တကျစစ်ဆေး၍ ထောက်ခံချက် လက်မှတ်ထုတ်ပေးထားခြင်းမရှိဘဲ ရောင်းချမှုမျိုးဖြစ်သဖြင့် စားသုံးသူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု၏ (၆၀)ရာခိုင်နှုန်းကျော်မှာ တိရစ္ဆာန်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း သုတေသနစစ်တမ်းအဖြေအရ တိရစ္ဆာန်ကျန်းမာရေးနှင့် လူကျန်းမာရေးကို တစ်ခုတည်းသော ကျန်းမာရေးအသွင်ဖြင့် စတင်ချဉ်းကပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~