မေကြးတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ရိုက္ႏွက္ခဲ့သည့္အဖြဲ႕မွ လူငယ္(၁)ဦးကို ေနအိမ္တြင္ အရပ္ဝတ္ျဖင့္ လူ(၁၅)ဦး လာေရာက္ရိုက္ႏွက္ျခင္းကို ရဲစခန္းက အမႈဖြင့္မေပး

မေကြးတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ရိုက္ႏွက္ခဲ့သည့္အဖြဲ႕မွ လူငယ္(၁)ဦးကို ေနအိမ္တြင္ အရပ္ဝတ္ျဖင့္ လူ(၁၅)ဦး လာေရာက္ရိုက္ႏွက္ျခင္းကို ရဲစခန္းက အမႈဖြင့္မေပး
သြဂုတ် 19, 2018
By 🌸
မေကြးၿမိဳ႕တြင္ စားေသာက္ဆုိင္ေရွ႕၌ ရဲတပ္ဖြဲ႕ဝင္မ်ားကို ရိုက္ႏွက္ခဲ့သည့္လူငယ္(၅)ဦးအဖြဲ႕တြင္ ပါဝင္သည့္ လူငယ္(၁)ဦးကို ၾသဂုတ္လ(၁၇)ရက္ေန႔က ၎ေနထိုင္ရာအိမ္သို႔ လူ(၁၅)ဦးခန္႔ လာေရာက္ရိုက္ႏွက္မႈအား မေကြးၿမိဳ႕မရဲစခန္းသို႔ တုိင္ၾကားသည္ကို ၾသဂုတ္လ(၁၈)ရက္ေန႔အထိ အမႈဖြင့္ေပးထားျခင္းမရိွေသးေၾကာင္း သိရသည္။

“သူတို႔က ဝန္ထမ္းမလို႔ တန္းလုပ္လို႔မရဘူးတဲ့။ အဆင့္ဆင့္တက္ၿပီးကာမွ ေဆာင္ရြက္ေပးမွာ။ အခုေလာေလာဆယ္ ေဆာင္ရြက္မေပးႏိုင္ေသးဘူးတဲ့ အဲဒီလိုေျပာတယ္"ဟု ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားရာတြင္ လုိက္ပါသြားခဲ့သည့္ ကိုဆန္းလင္းထြန္း၏ အေဒၚျဖစ္သူ ေဒၚခင္ေဌးက ေျပာသည္။

မေကြးတိုင္းျပည္သူ႔ေဆးရံုတြင္ ၾသဂုတ္လ(၁၇)ရက္ေန႔က ဒဏ္ရာရထားသည့္ ရဲတပ္ဖြဲ႕ဝင္ (၃)ဦးအျပင္ လူငယ္(၅)ဦးအဖြဲ႕မွ (၁)ဦးမွာလည္း ဒဏ္ရာမ်ားျဖင့္ ေဆးရံုတက္ေနရာ အဆုိပါလူငယ္မွာ ထြက္ေျပးသျဖင့္ ရဲတပ္ဖြဲ႕က လုိက္လံဖမ္းဆီးစဥ္ ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္ဟု မေကြးၿမိဳ႕မရဲတပ္ဖြဲ႕က ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့ေသာ္လည္း အဆိုပါဒဏ္ရာရလူငယ္မွာ ေနအိမ္တြင္ လူ(၁၅)ဦး လာေရာက္ရိုက္ႏွက္ခံရသည့္ အတြက္ ဒဏ္ရာရသြားသည့္ ကိုဆန္းလင္းထြန္းျဖစ္ေၾကာင္း ကိုဆန္းလင္းထြန္း၏ မိသားစုဝင္မ်ားက ၾသဂုတ္လ(၁၈)ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

လူငယ္(၅)ဦးအနက္ (၂)ဦးကို ရဲတပ္ဖြဲ႕ကဖမ္းဆီးထားၿပီး က်န္(၃)ဦးအနက္ သာယာကုန္းရြာေန ကိုဆန္းလင္းထြန္းအား ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္(၃)နာရီဝန္းက်င္၌ ၎ေနထိုင္ရာေနအိမ္သို႔ ကား(၂)စီးျဖင့္ အရပ္ဝတ္ လူ(၁၅)ဦးေရာက္လာကာ ဝိုင္းဝန္းရိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သူတို႔ ကားႏွစ္စီးနဲ႔ ေရာက္လာၾကတာပါ။ အားလံုး (၁၅) ေယာက္ေလာက္ရိွၿပီး အရပ္ဝတ္ေတြနဲ႔မို႔ အစကရဲေတြမွန္း မသိပါဘူး။ ဆန္းလင္းထြန္းကလည္း ညက ျပႆနာျဖစ္ခဲ့လို႔ မနက္က်ရင္ ရဲလာဖမ္းႏိုင္တယ္လို႔ ေျပာပါေသးတယ္။ အိပ္ေနတဲ့ ဆန္းလင္းထြန္းကို မင္းကိုစခန္းက လာဖမ္းတာဆိုၿပီး ႏိႈးလို႔ ထအလာမွာ သူတို႔ကပါလာတဲ့တုတ္ေတြနဲ႔ တန္းၿပီး ႐ိုက္ၾကႏွက္ၾကပါတယ္။ ကေလးက ကန္ေက်ာက္ခုခံၿပီး ရြာထဲထြက္ေျပးေတာ့ သူတို႔က သူခိုးလို႔ ေအာ္ၿပီး လိုက္ဖမ္းၾကတာေၾကာင့္ ရြာထဲကတစ္ေယာက္က ႐ိုက္လိုက္ပါေသးတယ္။ ေနာက္မွ ကိုလင္းမွန္း သိ သြားတာပါ။ ကိုလင္းအေမ့အိမ္မွာ မိသြားၾကလို႔ ထပ္႐ိုက္ႏွက္ၾကၿပီး လူေတြဝိုင္းလာၿပီ ျပန္ရေအာင္လို႔ေျပာၿပီး ျပန္သြားၾကပါတယ္။ သူတို႔ဝိုင္းလုပ္ၿပီး ထားရစ္ခဲ့တဲ့ကိုလင္းကို ေဆြမ်ိဳးသားခ်င္းေတြက ေဆးရံုပို႔လိုက္ၾကရပါတယ္"ဟု ကိုဆန္းလင္းထြန္း၏ အိမ္နီးခ်င္းျဖစ္သူ မမ်ိဳးမ်ိဳးဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လ(၁၆)ရက္ ညပိုင္းက ျဖစ္ပြားခဲ့သည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူငယ္(၅)ဦးကို မေကြးၿမိဳ႕မရဲစခန္းတြင္ (ပ)၉၁၂/ ၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၃၃ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ၿပီး ကိုဆန္းလင္းထြန္း ရိုက္ႏွက္ခံရသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿမိဳ႕မရဲတပ္ဖြဲ႕သို႔ အမႈဖြင့္ထားသည့္ကိစၥကိုမူ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕အေနျဖင့္ ရွင္းလင္းစြာ မသိရေသးေၾကာင္း ေျဖၾကားသည္။

"ဒါကေတာ့ ျပစ္မႈက်ဴးလြန္သူကို ရဲကလိုက္ဖမ္းတဲ့သေဘာပဲ ရိွပါတယ္။ တကယ္သာ သူတို႔ေျပာသလို ႐ိုက္ႏွက္တာမွန္ရင္ သူ႔ကိုမိၿပီေပါ့။ ရဲကဖမ္းတာကို ထြက္ေျပးေတာ့ အုတ္နံရံေတြဘာေတြနဲ႔တိုးတိုက္ၿပီး ဒဏ္ရာရသြားတာပဲ ျဖစ္မွာပါ"ဟု  အဆိုျဖစ္စဥ္ႏွင့္ပတ္သက္၍ မေကြးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မႉး ရဲမွဴးေငြတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕၊ သိဂၤါဂီရိရပ္၊ ၿမိဳ႕ေ႐ွာင္လမ္းရိွ MD စားေသာက္ဆိုင္ေရွ႕၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၆) ရက္ေန႔ ညပိုင္းက မူးယစ္ရမ္းကားေနသည့္လူရြယ္(၅)ဦးအား ရဲတပ္ဖဲြ႔ဝင္(၅)ဦးက သြားေရာက္တားျမစ္ရာမွ ထိုးႀကိတ္မႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္ (၃)ဦး ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့်အဖွဲ့မှ လူငယ်(၁)ဦးကို နေအိမ်တွင် အရပ်ဝတ်ဖြင့် လူ(၁၅)ဦး လာရောက်ရိုက်နှက်ခြင်းကို ရဲစခန်းက အမှုဖွင့်မပေး
******************
မကွေးမြို့တွင် စားသောက်ဆိုင်ရှေ့၌ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့်လူငယ်(၅)ဦးအဖွဲ့တွင် ပါဝင်သည့် လူငယ်(၁)ဦးကို သြဂုတ်လ(၁၇)ရက်နေ့က ၎င်းနေထိုင်ရာအိမ်သို့ လူ(၁၅)ဦးခန့် လာရောက်ရိုက်နှက်မှုအား မကွေးမြို့မရဲစခန်းသို့ တိုင်ကြားသည်ကို သြဂုတ်လ(၁၈)ရက်နေ့အထိ အမှုဖွင့်ပေးထားခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့က ဝန်ထမ်းမလို့ တန်းလုပ်လို့မရဘူးတဲ့။ အဆင့်ဆင့်တက်ပြီးကာမှ ဆောင်ရွက်ပေးမှာ။ အခုလောလောဆယ် ဆောင်ရွက်မပေးနိုင်သေးဘူးတဲ့ အဲဒီလိုပြောတယ်"ဟု ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာတွင် လိုက်ပါသွားခဲ့သည့် ကိုဆန်းလင်းထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ဌေးက ပြောသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံတွင် သြဂုတ်လ(၁၇)ရက်နေ့က ဒဏ်ရာရထားသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအပြင် လူငယ်(၅)ဦးအဖွဲ့မှ (၁)ဦးမှာလည်း ဒဏ်ရာများဖြင့် ဆေးရုံတက်နေရာ အဆိုပါလူငယ်မှာ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်ဟု မကွေးမြို့မရဲတပ်ဖွဲ့က သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါဒဏ်ရာရလူငယ်မှာ နေအိမ်တွင် လူ(၁၅)ဦး လာရောက်ရိုက်နှက်ခံရသည့် အတွက် ဒဏ်ရာရသွားသည့် ကိုဆန်းလင်းထွန်းဖြစ်ကြောင်း ကိုဆန်းလင်းထွန်း၏ မိသားစုဝင်များက သြဂုတ်လ(၁၈)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

လူငယ်(၅)ဦးအနက် (၂)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး ကျန်(၃)ဦးအနက် သာယာကုန်းရွာနေ ကိုဆန်းလင်းထွန်းအား သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်၌ ၎င်းနေထိုင်ရာနေအိမ်သို့ ကား(၂)စီးဖြင့် အရပ်ဝတ် လူ(၁၅)ဦးရောက်လာကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ ကားနှစ်စီးနဲ့ ရောက်လာကြတာပါ။ အားလုံး (၁၅) ယောက်လောက်ရှိပြီး အရပ်ဝတ်တွေနဲ့မို့ အစကရဲတွေမှန်း မသိပါဘူး။ ဆန်းလင်းထွန်းကလည်း ညက ပြဿနာဖြစ်ခဲ့လို့ မနက်ကျရင် ရဲလာဖမ်းနိုင်တယ်လို့ ပြောပါသေးတယ်။ အိပ်နေတဲ့ ဆန်းလင်းထွန်းကို မင်းကိုစခန်းက လာဖမ်းတာဆိုပြီး နှိုးလို့ ထအလာမှာ သူတို့ကပါလာတဲ့တုတ်တွေနဲ့ တန်းပြီး ရိုက်ကြနှက်ကြပါတယ်။ ကလေးက ကန်ကျောက်ခုခံပြီး ရွာထဲထွက်ပြေးတော့ သူတို့က သူခိုးလို့ အော်ပြီး လိုက်ဖမ်းကြတာကြောင့် ရွာထဲကတစ်ယောက်က ရိုက်လိုက်ပါသေးတယ်။ နောက်မှ ကိုလင်းမှန်း သိ သွားတာပါ။ ကိုလင်းအမေ့အိမ်မှာ မိသွားကြလို့ ထပ်ရိုက်နှက်ကြပြီး လူတွေဝိုင်းလာပြီ ပြန်ရအောင်လို့ပြောပြီး ပြန်သွားကြပါတယ်။ သူတို့ဝိုင်းလုပ်ပြီး ထားရစ်ခဲ့တဲ့ကိုလင်းကို ဆွေမျိုးသားချင်းတွေက ဆေးရုံပို့လိုက်ကြရပါတယ်"ဟု ကိုဆန်းလင်းထွန်း၏ အိမ်နီးချင်းဖြစ်သူ မမျိုးမျိုးဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ(၁၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်(၅)ဦးကို မကွေးမြို့မရဲစခန်းတွင် (ပ)၉၁၂/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၃၃ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ကိုဆန်းလင်းထွန်း ရိုက်နှက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မရဲတပ်ဖွဲ့သို့ အမှုဖွင့်ထားသည့်ကိစ္စကိုမူ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ရှင်းလင်းစွာ မသိရသေးကြောင်း ဖြေကြားသည်။

"ဒါကတော့ ပြစ်မှုကျူးလွန်သူကို ရဲကလိုက်ဖမ်းတဲ့သဘောပဲ ရှိပါတယ်။ တကယ်သာ သူတို့ပြောသလို ရိုက်နှက်တာမှန်ရင် သူ့ကိုမိပြီပေါ့။ ရဲကဖမ်းတာကို ထွက်ပြေးတော့ အုတ်နံရံတွေဘာတွေနဲ့တိုးတိုက်ပြီး ဒဏ်ရာရသွားတာပဲ ဖြစ်မှာပါ"ဟု  အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့၊ သိင်္ဂါဂီရိရပ်၊ မြို့ရှောင်လမ်းရှိ MD စားသောက်ဆိုင်ရှေ့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ ညပိုင်းက မူးယစ်ရမ်းကားနေသည့်လူရွယ်(၅)ဦးအား ရဲတပ်ဖွဲ့ဝင်(၅)ဦးက သွားရောက်တားမြစ်ရာမှ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~