မေကြးတုိင္းအတြင္း ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္း (၁၇)ခုကို အြန္လုိင္းဝန္ေဆာင္မႈေပးႏုိင္ရန္ ေဆာင္ရြက္ေန

မေကြးတုိင္းအတြင္း ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္း (၁၇)ခုကို အြန္လုိင္းဝန္ေဆာင္မႈေပးႏုိင္ရန္ ေဆာင္ရြက္ေန
သြဂုတ် 3, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ သတင္းထုတ္ျပန္္ခ်က္မ်ားႏွင့္ ဌာနဆုိင္ရာမ်ား၏ ဝန္ေဆာင္မႈလုပ္ငန္း (၁၇) ခုကို အြန္လိုင္းမွဆက္သြယ္ေဆာင္ရြက္ႏုိင္ရန္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕၏ ဝက္ဘ္ဆိုဒ္ကို စမ္းသပ္တင္ထားၿပီး ျပည္သူမ်ားအေနျဖင့္ ေဝဖန္အႀကံျပဳမႈမ်ားကို ဖိတ္ေခၚထားေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးအစိုးရဝက္ဘ္ဆိုဒ္ Beta Version ျဖစ္သည့္ http://magwaygov.org ကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၃၁) ရက္ေန႔က e-Government Central Control Room (CCR) ဖြင့္ပြဲႏွင့္အတူ စမ္းသပ္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

"လက္ရိွအသံုးျပဳထားတဲ့ domain ဟာ beta version မွာ အသံုးျပဳဖို႔အတြက္ ရည္ရြယ္တာပါ။ ".gov.mm" domain ကိုလည္း သက္ဆိုင္ရာ Reseller ထံမွာ လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက ဝယ္ယူထားၿပီး ျဖစ္ပါတယ္။ G2C ဝန္ေဆာင္မႈမ်ားအတြက္ software service တင္ဒါေတြေခၚယူၿပီး multi-supplier model နဲ႔ ေဆာင္ရြက္ဖို႔ စီစဥ္ထားတာေၾကာင့္္ မတူညီတဲ့ development framework အမ်ိဳးမ်ိဳးအတြက္ စမ္းသပ္တည္ေဆာက္ရာမွာ ၾကန္႔ၾကာမႈမ႐ွိေစဘဲ လြယ္ကူလ်င္ျမန္ေစဖို႔အတြက္ အခု domain ကို သံုးစြဲဖို႔ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္ပါတယ္"ဟု e-Government Central Control Room တာဝန္ခံ ဦးစိုးေက်ာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွစမ္းသပ္ကာလတြင္ ဝက္ဘ္ဆိုဒ္မွတစ္ဆင့္ ဌာနဆုိင္ရာမ်ား၏ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္း  (၁၇)မ်ဳိး၏ ေလွ်ာက္လႊာရယူႏုိင္ၿပီး သက္ဆုိင္ရာသို႔ သြားေရာက္ေလွ်ာက္ထားရမည္ျဖစ္ေသာ္လည္း ထပ္မံျဖည့္ဆည္းေဆာင္ရြက္ၿပီးပါက အြန္လုိင္းမွ ေလွ်ာက္ထားႏုိင္မည္ျဖစ္သည့္အျပင္ မိုဘိုင္းဖုန္းျဖင့္ အသံုးျပဳႏုိင္မည့္ application ကိုပါလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (၁၇)ခုကို အွန်လိုင်းဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေ
*******
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များနှင့် ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုလုပ်ငန်း (၁၇) ခုကို အွန်လိုင်းမှဆက်သွယ်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝက်ဘ်ဆိုဒ်ကို စမ်းသပ်တင်ထားပြီး ပြည်သူများအနေဖြင့် ဝေဖန်အကြံပြုမှုများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရဝက်ဘ်ဆိုဒ် Beta Version ဖြစ်သည့် http://magwaygov.org ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့က e-Government Central Control Room (CCR) ဖွင့်ပွဲနှင့်အတူ စမ်းသပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"လက်ရှိအသုံးပြုထားတဲ့ domain ဟာ beta version မှာ အသုံးပြုဖို့အတွက် ရည်ရွယ်တာပါ။ ".gov.mm" domain ကိုလည်း သက်ဆိုင်ရာ Reseller ထံမှာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဝယ်ယူထားပြီး ဖြစ်ပါတယ်။ G2C ဝန်ဆောင်မှုများအတွက် software service တင်ဒါတွေခေါ်ယူပြီး multi-supplier model နဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားတာကြောင့်် မတူညီတဲ့ development framework အမျိုးမျိုးအတွက် စမ်းသပ်တည်ဆောက်ရာမှာ ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူလျင်မြန်စေဖို့အတွက် အခု domain ကို သုံးစွဲဖို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်"ဟု e-Government Central Control Room တာဝန်ခံ ဦးစိုးကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိစမ်းသပ်ကာလတွင် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဌာနဆိုင်ရာများ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း  (၁၇)မျိုး၏ လျှောက်လွှာရယူနိုင်ပြီး သက်ဆိုင်ရာသို့ သွားရောက်လျှောက်ထားရမည်ဖြစ်သော်လည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပြီးပါက အွန်လိုင်းမှ လျှောက်ထားနိုင်မည်ဖြစ်သည့်အပြင် မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်မည့် application ကိုပါလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~