မႏၱေလးတြင္ ကုမၸဏီပိုင္ဂိုေဒါင္အတြင္းမွ ဆိုင္ကယ္(၂၉)စီးကို ကုမၸဏီဝန္ထမ္းက ကားျဖင့္ခိုးထုတ္

မႏၱေလးတြင္ ကုမၸဏီပိုင္ဂိုေဒါင္အတြင္းမွ ဆိုင္ကယ္(၂၉)စီးကို ကုမၸဏီဝန္ထမ္းက ကားျဖင့္ခိုးထုတ္
သြဂုတ် 5, 2018
By 🌸
မႏၱေလးၿမိဳ႕တြင္ ကုမၸဏီပိုင္ဂိုေဒါင္အတြင္းမွ ဆိုင္ကယ္(၂၉)စီးကို ကားျဖင့္ခိုးထုတ္သြားသည့္ ကုမၸဏီဝန္ထမ္းႏွင့္ ပူးေပါင္းပါဝင္သူမ်ားကို ဖမ္းဆီးရမိထားၿပီး ခိုးယူသြားသည့္ ဆုိင္ကယ္မ်ားကိုလည္း ျပန္လည္သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕ JIAFA ကုမၸဏီပိုင္ ဂိုေဒါင္အတြင္းမွ အင္ဒိုနီးရွားႏုိင္ငံထုတ္ TVS – 110 DAZZ အမ်ိဳးအစား ဆိုင္ကယ္ (၇၈)စီးအနက္ (၂၉)စီးကို ကုမၸဏီဝန္ထမ္းျဖစ္သူ ရဲေအာင္က ၎ထံအပ္ထားသည့္ေသာ့ျဖင့္ ဂိုေဒါင္ဖြင့္လွစ္ၿပီး ေအာင္ကိုဦး၊ ျမင့္လြင္တို႔ႏွင့္အတူပူးေပါင္းၿပီး ျမင္းၿခံၿမိဳ႕၊ ၿမိဳင္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕တုိ႔တြင္ ေရာင္းခ်ထားျခင္းျဖစ္ေၾကာင္းသိရသျဖင့္ အေရးယူေပးပါရန္ အဆိုပါကုမၸဏီတာဝန္ရိွသူက ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔တြင္ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္(၇)နယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈအား ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး မ်ိဳးေအာင္၏ လမ္းညႊန္မႈျဖင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕တုိ႔က စံုစမ္းေဖၚထုတ္ရာ ဆုိင္ကယ္မ်ားကို ျမင္းၿခံၿမိဳ႕တြင္ အေရာင္းအဝယ္ျပဳလုပ္ေနေၾကာင္း သတင္းအရ ျမင္းၿခံၿမိဳ႕သို႔ သြားေရာက္စံုစမ္းရာ ဆုိင္ကယ္ေရာင္းခ်ေနသူ ေအာင္ကိုဦးအား ဆုိင္ကယ္(၁၀)စီးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါဆို္င္ကယ္မ်ားအား ေအာင္ကိုဦးထံ ဆက္သြယ္ေရာင္းခ်ေပးသူမွာ ရဲေနာင္ျဖစ္ေၾကာင္း ေဖၚထုတ္ႏုိင္ခဲ့ကာ ရဲေနာင္အား မႏၱေလးၿမိဳ႕တြင္ ဖမ္းဆီးမိၿပီးေနာက္ အျခားပူးေပါင္းေရာင္းခ်ေပးသူ တစ္ဦးျဖစ္သည့္ ျမင့္လြင္ကိုပါ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲေနာင္က ေအာင္ကိုဦးႏွင့္ ျမင့္လြင္တို႔ အကူအညီျဖင့္ ဆုိင္ကယ္(၂၉)စီးကို ဂိုေဒါင္အတြင္းမွ ကားျဖင့္သယ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရၿပီး ၎တို႔ ေရာင္းခ်ထားသည့္ ဆိုင္ကယ္(၂၉)စီးလံုးကို ျပန္လည္သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

ေအာင္ကိုဦး၊ ရဲေနာင္ႏွင့္ ျမင့္လြင္တို႔ကို အမွတ္(၇)နယ္ေျမရဲစခန္းတြင္ (ပ)၄၃၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၈/၁၁၄ျဖင့္ အမႈဖြင့္လွစ္ထားျခင္းျဖစ္ရာ တရားစြဲဆိုတင္ပို႔ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတွင်  ကုမ္ပဏီပိုင်ဂိုဒေါင်အတွင်းမှ ဆိုင်ကယ်(၂၉)စီးကို ကုမ္ပဏီဝန်ထမ်းက ကားဖြင့်ခိုးထုတ်
****************
မန္တလေးမြို့တွင် ကုမ္ပဏီပိုင်ဂိုဒေါင်အတွင်းမှ ဆိုင်ကယ်(၂၉)စီးကို ကားဖြင့်ခိုးထုတ်သွားသည့် ကုမ္ပဏီဝန်ထမ်းနှင့် ပူးပေါင်းပါဝင်သူများကို ဖမ်းဆီးရမိထားပြီး ခိုးယူသွားသည့် ဆိုင်ကယ်များကိုလည်း ပြန်လည်သိမ်းဆည်းရမိထားကြောင်း သိရသည်။

မန္တလေးမြို့ JIAFA ကုမ္ပဏီပိုင် ဂိုဒေါင်အတွင်းမှ အင်ဒိုနီးရှားနိုင်ငံထုတ် TVS – 110 DAZZ အမျိုးအစား ဆိုင်ကယ် (၇၈)စီးအနက် (၂၉)စီးကို ကုမ္ပဏီဝန်ထမ်းဖြစ်သူ ရဲအောင်က ၎င်းထံအပ်ထားသည့်သော့ဖြင့် ဂိုဒေါင်ဖွင့်လှစ်ပြီး အောင်ကိုဦး၊ မြင့်လွင်တို့နှင့်အတူပူးပေါင်းပြီး မြင်းခြံမြို့၊ မြိုင်မြို့နှင့် မန္တလေးမြို့တို့တွင် ရောင်းချထားခြင်းဖြစ်ကြောင်းသိရသဖြင့် အရေးယူပေးပါရန် အဆိုပါကုမ္ပဏီတာဝန်ရှိသူက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့က စုံစမ်းဖေါ်ထုတ်ရာ ဆိုင်ကယ်များကို မြင်းခြံမြို့တွင် အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ မြင်းခြံမြို့သို့ သွားရောက်စုံစမ်းရာ ဆိုင်ကယ်ရောင်းချနေသူ အောင်ကိုဦးအား ဆိုင်ကယ်(၁၀)စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းနောက် အဆိုပါဆိုင်ကယ်များအား အောင်ကိုဦးထံ ဆက်သွယ်ရောင်းချပေးသူမှာ ရဲနောင်ဖြစ်ကြောင်း ဖေါ်ထုတ်နိုင်ခဲ့ကာ ရဲနောင်အား မန္တလေးမြို့တွင် ဖမ်းဆီးမိပြီးနောက် အခြားပူးပေါင်းရောင်းချပေးသူ တစ်ဦးဖြစ်သည့် မြင့်လွင်ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲနောင်က အောင်ကိုဦးနှင့် မြင့်လွင်တို့ အကူအညီဖြင့် ဆိုင်ကယ်(၂၉)စီးကို ဂိုဒေါင်အတွင်းမှ ကားဖြင့်သယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ၎င်းတို့ ရောင်းချထားသည့် ဆိုင်ကယ်(၂၉)စီးလုံးကို ပြန်လည်သိမ်းဆည်းရမိထားကြောင်း သိရသည်။

အောင်ကိုဦး၊ ရဲနောင်နှင့် မြင့်လွင်တို့ကို အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၄၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်ရာ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~