လာအိုရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးေနသည့္ ျမန္မာလုပ္သား (၃)ဦးကို ၾသဂုတ္လ (၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ ျပန္လႊတ္ေပး

လာအိုရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးေနသည့္ ျမန္မာလုပ္သား (၃)ဦးကို ၾသဂုတ္လ (၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ ျပန္လႊတ္ေပး
သြဂုတ် 31, 2018
By Tachileik News Agency

လာအိုႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားေနထိုင္ရာသို႔ ဝင္ေရာက္ဖမ္းဆီးမႈႏွင့္ပတ္သက္၍  ဗီဒီယို၊ ဓါတ္ပံု ရိုက္ကူးၿပီး လူမႈကြန္ယက္တြင္ တင္ခဲ့သည္ဟု ယူဆသည့္ အမ်ိဳးသမီး(၁)ဦးႏွင့္ အမ်ိဳးသား(၂)ဦးတို႔ကို ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ လာအိုရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးကာ ၾသဂုတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ ျပန္လႊတ္ေပးလုိက္ေၾကာင္း သိရသည္။

“သတင္းအမွားေၾကာင့္ ကၽြန္ေတာ္အဖမ္းခံရတာ။ ကၽြန္ေတာ့္ပံုကို တင္ထားေတာ့ ေခၚေမးခံရတယ္။ ကၽြန္ေတာ့္ဆီမွာက ဖမ္းတာကို ရိုက္ထားတဲ့ ပံုေတြမရိွပါဘူး။ လယ္ကြင္းထဲ ေျပးေနတဲ့ပံုေတြနဲ႔ ကၽြန္ေတာ့္ပံုကို တင္ထားတာေတြ ရဲကျပတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္အဖမ္းခံရတာ။ သူတို႔ေျပာတာက ကဒ္မရိွရင္ ေနထုိင္ခြင့္ မရိွဘူး။ လုပ္ၾကပါလို႔ေျပာတယ္။ သူတုိ႔ေျပာတာ မမွားပါဘူး။ သူမ်ားႏုိင္ငံမွာေနရင္ ဆင္ျခင္ၿပီးေနၾကပါ။ ကဒ္မရိွရင္ ျပန္ၾကပါ။ လူေတြ ထပ္ၿပီး ဒုကၡမေရာက္ေစခ်င္ဘူး”ဟုအစစ္ေဆးခံရသည့္ ျမန္မာလုပ္သားတစ္ဦးက  ၾသဂုတ္လ(၃၁)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံႏွင့္နယ္စပ္ လာအိုႏုိင္ငံ ေရႊႀတိဂံေဒသရိွ ျမန္မာလုပ္သားမ်ားေနထုိင္ရာ (ျမန္မာလုပ္သားမ်ား အေခၚ) ရခုိင္ရြာသို႔ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ(၂၈)ရက္ေန႔ နံနက္(၃)နာရီေက်ာ္တြင္ လာအိုရဲတပ္ဖြဲ႕က ဝင္ေရာက္ စစ္ေဆးၿပီး အေထာက္အထားမဲ့ ေနထိုင္သူမ်ားကို ဖမ္းဆီးေခၚေဆာင္သြားသည့္ ဗီဒီယိုဖိုင္ အခ်ိဳ႕ႏွင့္ live ထုတ္လႊင့္မႈအခ်ိဳ႕ တက္လာခဲ့ၿပီးေနာက္ ယင္းေန႔မွာပင္ လူမႈကြန္ယက္တြင္ တင္ထားသည္မ်ားကို ျပန္ျဖဳတ္ခဲ့ၾကသည္ကို ေတြ႔ရသည္။

“အဲဒီဖမ္းတဲ့ေန႔က live လႊင့္တဲ့ တစ္ေယာက္လည္း လႊင့္ၿပီးတာနဲ႔ ျပန္ျဖဳတ္ပစ္တယ္။ အဲဒီေန႔ကတည္းက ရဲေတြက ဖမ္းတာကို ဓါတ္ပံုရိုက္ထားတာေတြ၊ ဗီဒီယိုရိုက္ထားတာေတြရိွလားဆိုတာ ဖုန္းေတြစစ္ၿပီး ျပန္ဖ်က္ခို္င္းတယ္။ အဖမ္းခံရတဲ့သူေတြထဲက ဖုန္းထဲမွာ ဖမ္းတာဆီးတာ ရိုက္ထားတဲ့ပံုေတြေတြ႔ရင္ ဖုန္းကို သိမ္းထားတယ္။ မေန႔ကေတာ့ သူတုိ႔ သတင္းရတဲ့ (၃)ေယာက္ကို စခန္းကိုေခၚ စစ္ေဆးၿပီး ဖုန္းထဲ ရွာတယ္လုိ႔ ေျပာတယ္။ အမ်ိဳးသမီး(၁)ဦး၊ အမ်ိဳးသား(၂)ဦး ဒီမနက္ပဲ ျပန္လႊတ္ေပးလုိက္တယ္တဲ့။ အဲဒီလိုေတြ တင္ေတာ့ သတင္းအမွားေတြ ျဖစ္မွာစိုးလုိ႔ လို႔ လာအိုရဲကေျပာတယ္”ဟု လာအိုႏုိင္ငံ ရခုိင္ရြာဘက္မွ ျမန္မာႏုိင္ငံသား တစ္ဦးက ေျပာသည္။

ယင္းေန႔က ထိန္းသိမ္းခံရသည့္ ေနထုိင္ခြင့္အေထာက္အထားမရိွသည့္ ျမန္မာလုပ္သားအေရအတြက္မွာ ဖမ္းဆီးခံရသူမ်ား အေျပာအရ စုစုေပါင္း လူဦးေရ(၆၀၀)မွ (၁၅၀)ၾကား အမ်ိဳးမ်ိဳးကြဲျပားေနသည္ကို ေတြ႔ရၿပီး အေရအတြက္ အတည္ျပဳႏိုင္ျခင္းမရိွဘဲ  ၾသဂုတ္လ(၂၉)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ အဆိုပါ ထိန္းသိမ္းခံရသူမ်ား အနက္ ဒဏ္ေၾကးမေဆာင္ႏုိင္သည့္ (၃၆)ဦးကို ဒဏ္ေၾကးေတာင္းခံေတာ့ျခင္းမရိွဘဲ ျပန္လႊတ္ေပးလုိက္ေၾကာင္း သိရသည္။

လာအိုႏိုင္ငံအတြင္း တရားမဝင္ေနထုိင္သူမ်ားကို ဖမ္းဆီးသည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ ၾသဂုတ္လ (၃၁)ရက္ေန႔အထိ ဖမ္းဆီးထိန္းသိမ္းခံရသျဖင့္ ျပန္လာသည့္အေရအတြက္မွာ အမ်ိဳးသား(၃၇)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း (၄၀)ဦးရိွၿပီး စစ္ေဆး ဖမ္းဆီးမႈမ်ားေၾကာင့္ ေနထုိင္ခြင့္ကဒ္ မရိွသျဖင့္ ျပန္လာသည့္ ဦးေရမွာ အမ်ိဳးသမီး (၁၂)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးရိွေၾကာင္း ဝမ္ပံုဆိပ္ကမ္းရိွ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာန၏ စာရင္းအရ သိရသည္။

လာအိုႏုိင္ငံ ေရႊႀတိဂံေဒသတြင္ အလုပ္ လုပ္ကိုင္သည့္ ျမန္မာလုပ္သားမ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းရိွ မဲေခါင္ျမစ္ေၾကာင္း အျပည္ျပည္ဆုိင္ရာ ျပည္တြင္းဆိပ္ကမ္း (ဝမ္ပံု)မွေန၍ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ သြားေရာက္ၾကၿပီး လာအိုႏုိင္ငံတြင္း အလုပ္ရွင္၏ ေထာက္ခံခ်က္ျဖင့္ သံုးလေနထိုင္အလုပ္လုပ္ကိုင္ခြင့္ကဒ္ကို ဘတ္(၁၅၀၀)ႏွင့္ ေျခာက္လေနထိုင္ အလုပ္ လုပ္ခြင့္ကဒ္ ဘတ္(၃၀၀၀)ျဖင့္ လာအို တာဝန္ရိွသူမ်ားက ခြင့္ျပဳေပးေနရာမွ လြန္ခဲ့သည့္ ေလးလမွစ၍ ေျခာက္လ ေနထိုင္ခြင့္ကဒ္ တစ္မ်ိဳးသာ ထုတ္ေပးေတာ့ေၾကာင္း သိရသည္။

“အခုရက္ပိုင္းေတာ့ ကဒ္လုပ္ေနၾကတယ္။ အဖမ္းအဆီးေတာ့ ထပ္မရိွေသးပါဘူး။ အလုပ္ရွင္ ေထာက္ခံတာေတာင္ ကဒ္လုပ္ရတာက ႏွစ္ရက္၊ သံုးရက္ေလာက္ၾကာတယ္။ ကဒ္မရိွရင္ေတာ့ အေနအထုိင္က ၾကည့္ေနရတာေပါ့”ဟု ရခုိင္ရြာတြင္ ေနထုိင္သည့္ ျမန္မာလုပ္သား အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ျမန္မာႏုိင္ငံႏွင့္နယ္စပ္ ေရႊႀတိဂံေဒသတြင္း လာအိုႏုိင္ငံတြင္ ကာစီႏို၊ စားေသာက္ဆုိင္၊ ေစ်းဆုိင္ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၌  ျမန္မာလုပ္သားမ်ား ဝင္ေရာက္လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဝမ္ပံုဆိပ္ကမ္းမွေန၍ လာအိုႏုိင္ငံသို႔ (၆)ညအိပ္ (၇)ရက္ခြင့္ျပဳသည့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ သြားေရာက္သည့္ ျမန္မာႏုိင္ငံသားဦးေရမွာ တစ္လလွ်င္ (၆၀၀) ေက်ာ္ရိွေနၿပီး လတ္တေလာ အဖမ္းအဆီး ရိွခဲ့ေသာ္လည္း နယ္စပ္ျဖတ္သန္းသြားလာမႈအေရအတြက္မွာ ေလ်ာ့က်သြားျခင္းမရိွေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာသို့ ဝင်ရောက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးပြီး လူမှုကွန်ယက်တွင် တင်ခဲ့သည်ဟု ယူဆသည့် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၂)ဦးတို့ကို သြဂုတ်လ (၃၀)ရက်နေ့တွင် လာအိုရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကာ သြဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“သတင်းအမှားကြောင့် ကျွန်တော်အဖမ်းခံရတာ။ ကျွန်တော့်ပုံကို တင်ထားတော့ ခေါ်မေးခံရတယ်။ ကျွန်တော့်ဆီမှာက ဖမ်းတာကို ရိုက်ထားတဲ့ ပုံတွေမရှိပါဘူး။ လယ်ကွင်းထဲ ပြေးနေတဲ့ပုံတွေနဲ့ ကျွန်တော့်ပုံကို တင်ထားတာတွေ ရဲကပြတယ်။ ဒါကြောင့် ကျွန်တော်အဖမ်းခံရတာ။ သူတို့ပြောတာက ကဒ်မရှိရင် နေထိုင်ခွင့် မရှိဘူး။ လုပ်ကြပါလို့ပြောတယ်။ သူတို့ပြောတာ မမှားပါဘူး။ သူများနိုင်ငံမှာနေရင် ဆင်ခြင်ပြီးနကြေပါ။ ကဒ်မရှိရင် ပြန်ကြပါ။ လူတွေ ထပ်ပြီး ဒုက္ခမရောက်စေချင်ဘူး”ဟုအစစ်ဆေးခံရသည့် မြန်မာလုပ်သားတစ်ဦးက သြဂုတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံနှင့်နယ်စပ် လာအိုနိုင်ငံ ရွှတြေိဂံဒေသရှိ မြန်မာလုပ်သားများနေထိုင်ရာ (မြန်မာလုပ်သားများ အခေါ်) ရခိုင်ရွာသို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၃)နာရီကျော်တွင် လာအိုရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး အထောက်အထားမဲ့ နေထိုင်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗီဒီယိုဖိုင် အချို့နှင့် live ထုတ်လွှင့်မှုအချို့ တက်လာခဲ့ပြီးနောက် ယင်းနေ့မှာပင် လူမှုကွန်ယက်တွင် တင်ထားသည်များကို ပြန်ဖြုတ်ခဲ့ကြသည်ကို တွေ့ရသည်။

“အဲဒီဖမ်းတဲ့နေ့က live လွှင့်တဲ့ တစ်ယောက်လည်း လွှင့်ပြီးတာနဲ့ ပြန်ဖြုတ်ပစ်တယ်။ အဲဒီနေ့ကတည်းက ရဲတွေက ဖမ်းတာကို ဓာတ်ပုံရိုက်ထားတာတွေ၊ ဗီဒီယိုရိုက်ထားတာတွေရှိလားဆိုတာ ဖုန်းတွေစစ်ပြီး ပြန်ဖျက်ခို်င်းတယ်။ အဖမ်းခံရတဲ့သူတွေထဲက ဖုန်းထဲမှာ ဖမ်းတာဆီးတာ ရိုက်ထားတဲ့ပုံတွေတွေ့ရင် ဖုန်းကို သိမ်းထားတယ်။ မနေ့ကတော့ သူတို့ သတင်းရတဲ့ (၃)ယောက်ကို စခန်းကိုခေါ် စစ်ဆေးပြီး ဖုန်းထဲ ရှာတယ်လို့ ပြောတယ်။ အမျိုးသမီး(၁)ဦး၊ အမျိုးသား(၂)ဦး ဒီမနက်ပဲ ပြန်လွှတ်ပေးလိုက်တယ်တဲ့။ အဲဒီလိုတွေ တင်တော့ သတင်းအမှားတွေ ဖြစ်မှာစိုးလို့ လို့ လာအိုရဲကပြောတယ်”ဟု လာအိုနိုင်ငံ ရခိုင်ရွာဘက်မှ မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

ယင်းနေ့က ထိန်းသိမ်းခံရသည့် နေထိုင်ခွင့်အထောက်အထားမရှိသည့် မြန်မာလုပ်သားအရေအတွက်မှာ ဖမ်းဆီးခံရသူများ အပြောအရ စုစုပေါင်း လူဦးရေ(၆၀၀)မှ (၁၅၀)ကြား အမျိုးမျိုးကွဲပြားနေသည်ကို တွေ့ရပြီး အရေအတွက် အတည်ပြုနိုင်ခြင်းမရှိဘဲ သြဂုတ်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ထိန်းသိမ်းခံရသူများ အနက် ဒဏ်ကြေးမဆောင်နိုင်သည့် (၃၆)ဦးကို ဒဏ်ကြေးတောင်းခံတော့ခြင်းမရှိဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လာအိုနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများကို ဖမ်းဆီးသည့် သြဂုတ်လ(၂၈)ရက်နေ့မှစ၍ သြဂုတ်လ (၃၁)ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသဖြင့် ပြန်လာသည့်အရေအတွက်မှာ အမျိုးသား(၃၇)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၄၀)ဦးရှိပြီး စစ်ဆေး ဖမ်းဆီးမှုများကြောင့် နေထိုင်ခွင့်ကဒ် မရှိသဖြင့် ပြန်လာသည့် ဦးရေမှာ အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသမီး (၄)ဦးရှိကြောင်း ဝမ်ပုံဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၏ စာရင်းအရ သိရသည်။

လာအိုနိုင်ငံ ရွှတြေိဂံဒေသတွင် အလုပ် လုပ်ကိုင်သည့် မြန်မာလုပ်သားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အတွင်းရှိ မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ)မှနေ၍ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားရောက်ကြပြီး လာအိုနိုင်ငံတွင်း အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် သုံးလနေထိုင်အလုပ်လုပ်ကိုင်ခွင့်ကဒ်ကို ဘတ်(၁၅၀၀)နှင့် ခြောက်လနေထိုင် အလုပ် လုပ်ခွင့်ကဒ် ဘတ်(၃၀၀၀)ဖြင့် လာအို တာဝန်ရှိသူများက ခွင့်ပြုပေးနေရာမှ လွန်ခဲ့သည့် လေးလမှစ၍ ခြောက်လ နေထိုင်ခွင့်ကဒ် တစ်မျိုးသာ ထုတ်ပေးတော့ကြောင်း သိရသည်။

“အခုရက်ပိုင်းတော့ ကဒ်လုပ်နကြေတယ်။ အဖမ်းအဆီးတော့ ထပ်မရှိသေးပါဘူး။ အလုပ်ရှင် ထောက်ခံတာတောင် ကဒ်လုပ်ရတာက နှစ်ရက်၊ သုံးရက်လောက်ကြာတယ်။ ကဒ်မရှိရင်တော့ အနေအထိုင်က ကြည့်နေရတာပေါ့”ဟု ရခိုင်ရွာတွင် နေထိုင်သည့် မြန်မာလုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံနှင့်နယ်စပ် ရွှတြေိဂံဒေသတွင်း လာအိုနိုင်ငံတွင် ကာစီနို၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ မြန်မာလုပ်သားများ ဝင်ရောက်လုပ်ကိုင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

ဝမ်ပုံဆိပ်ကမ်းမှနေ၍ လာအိုနိုင်ငံသို့ (၆)ညအိပ် (၇)ရက်ခွင့်ပြုသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားရောက်သည့် မြန်မာနိုင်ငံသားဦးရေမှာ တစ်လလျှင် (၆၀၀) ကျော်ရှိနပြေီး လတ်တလော အဖမ်းအဆီး ရှိခဲ့သော်လည်း နယ်စပ်ဖြတ်သန်းသွားလာမှုအရေအတွက်မှာ လျော့ကျသွားခြင်းမရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~