လားရိႈးနည္းပညာတကၠသိုလ္၏ ပထမဆံုးအႀကိမ္ ေက်ာင္းသားမ်ား သမဂၢအေထြေထြေရြးေကာက္ပြဲက်င္းပ

လားရိႈးနည္းပညာတကၠသိုလ္၏ ပထမဆံုးအႀကိမ္ ေက်ာင္းသားမ်ား သမဂၢအေထြေထြေရြးေကာက္ပြဲက်င္းပ
သြဂုတ် 16, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕ရွိ နည္းပညာတကၠသိုလ္၏ ပထမဆံုးအႀကိမ္ ေက်ာင္းသားမ်ား သမဂၢအေထြေထြေရြးေကာက္ပြဲကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၆) ရက္ေန႔က အဆိုပါတကၠသိုလ္တြင္ က်င္းပသည္။

“ေက်ာင္းကေနတစ္ဆင့္၊ ကိုယ့္ျပည္နယ္၊ ကိုယ့္တိုင္းျပည္အထိ အက်ိဳးရွိတဲ့လုပ္ေဆာင္ခ်က္ေတြမွာ ေက်ာင္းသူ  ေက်ာင္းသားေတြ ပါဝင္ေဆာင္ရြက္ႏိုင္ဖို႔၊ ပညာရွင္ေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ ပညာရွင္ေတြအထိ ပ်ိဳးေထာင္ေပးႏိုင္ဖို႔ တရားမ်ွတတဲ့ေရြးေကာက္ပြဲ ကိုအခုလိုလုပ္ေဆာင္ရျခင္းျဖစ္ပါတယ္” ဟု နည္းပညာတကၠသိုလ္(လားရိႈး) မွ အီလက္ထေရာနစ္ေမဂ်ာ ပဥၥမႏွစ္ေက်ာင္းသား ကိုအယ္လ္ေဂ်လြမ္းေဒါင္ က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆုိပါေရြးေကာက္ပြဲမွ ေက်ာင္းသားမ်ားသမဂၢ၏ ဥကၠဌ၊ ဒုတိယဥကၠဌ၊ အေထြေထြ အတြင္းေရးမွဴး၊ အတြင္းေရးမွဴး (၁) ႏွင့္ အတြင္းေရးမွဴး (၂)ေနရာမ်ားကို ေရြးခ်ယ္ၾကျခင္းျဖစ္သည္။

လားရိႈး နည္းပညာတကၠသိုလ္တြင္ ယခင္က ေက်ာင္းသားမ်ားသမဂၢ(ယာယီ)ကို ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ေက်ာင္းသားမ်ား သမဂၢေရြးေကာက္ပြဲကို ယခုႏွစ္တြင္ ပထမဆံုးက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးနည်းပညာတက္ကသိုလ်၏ ပထမဆုံးအကြိမ် ကျောင်းသားများ သမဂ္ဂအထွေထွေရွေးကောက်ပွဲကျင်းပ
*********************
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်၏ ပထမဆုံးအကြိမ် ကျောင်းသားများ သမဂ္ဂအထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပသည်။

“ကျောင်းကနေတစ်ဆင့်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်အထိ အကျိုးရှိတဲ့လုပ်ဆောင်ချက်တွေမှာ ကျောင်းသူ  ကျောင်းသားတွေ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ ပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေအထိ ပျိုးထောင်ပေးနိုင်ဖို့ တရားမျှတတဲ့ရွေးကောက်ပွဲ ကိုအခုလိုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု နည်းပညာတက္ကသိုလ်(လားရှိုး) မှ အီလက်ထရောနစ်မေဂျာ ပဉ္စမနှစ်ကျောင်းသား ကိုအယ်လ်ဂျေလွမ်းဒါင် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါရွေးကောက်ပွဲမှ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး (၁) နှင့် အတွင်းရေးမှူး (၂)နေရာများကို ရွေးချယ်ကြခြင်းဖြစ်သည်။

လားရှိုး နည်းပညာတက္ကသိုလ်တွင် ယခင်က ကျောင်းသားများသမဂ္ဂ(ယာယီ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲကို ယခုနှစ်တွင် ပထမဆုံးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~