လားရိႈးတြင္ အေျခခံပညာေက်ာင္း (၃၉)ေက်ာင္းမွ စံျပေက်ာင္းႏွင့္ စံျပေက်ာင္းမုန္႔ေစ်းတန္းမ်ားကို အမွတ္ေပးစနစ္ျဖင့္ စတင္ေရြးခ်ယ္ ဆုခ်ီးျမႇင့္

လားရိႈးတြင္ အေျခခံပညာေက်ာင္း (၃၉)ေက်ာင္းမွ စံျပေက်ာင္းႏွင့္ စံျပေက်ာင္းမုန္႔ေစ်းတန္းမ်ားကို အမွတ္ေပးစနစ္ျဖင့္ စတင္ေရြးခ်ယ္ ဆုခ်ီးျမႇင့္
သြဂုတ် 19, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ေက်ာင္းက်န္းမာေရးေကာ္မတီက ေက်ာင္းေပါင္း (၃၉)ေက်ာင္းမွ ေက်ာင္းက်န္းမာေရးထူးခၽြန္ဆုရ ေက်ာင္း(၉)ေက်ာင္းကိုေရြးခ်ယ္ၿပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ လားရိႈးၿမိဳ႕ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္း၌ ဆုခ်ီးျမႇင့္သည္။

လားရိႈးၿမိဳ႕တြင္ ေက်ာင္းက်န္းမာေရးေကာ္မတီကို ဖြဲ႕စည္းလုိက္ၿပီးေနာက္ ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္ (၉) ရပ္အား လိုက္နာေဆာင္ရြက္မႈအေျခအေန၊ ေက်ာင္းပညာသင္ အခ်ိန္ဇယားတြင္ပါဝင္သည့္ ဘဝတြက္တာ ကၽြမ္းက်င္စရာ သင္ၾကားမႈအေျခအေနမ်ားကို ေက်ာင္းသူ/သားမ်ားအား ျပန္လည္ေမးျမန္းစစ္ေဆးျခင္းတို႔ျဖင့္ စိစစ္ေရြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

 “တစ္ႏွစ္ပတ္လံုးကေတာ့ ေက်ာင္းက်န္းမာေရးလႈပ္ရွားမႈေတြကို လုပ္ပါတယ္။ ပထမဦးဆံုး ေက်ာင္းက်န္းမာေရး ေကာ္မတီရဲ့ လုပ္ေဆာင္ခ်က္အေနနဲ႔ ၾသဂုတ္လ (၁၃) ရက္ကေန (၁၇) ရက္အၾကား ေက်ာင္းက်န္းမာေရး ရက္သတၱပတ္မွာ လားရိႈးၿမိဳ႕အတြင္းက စံျပေက်ာင္းနဲ႔ စံျပေက်ာင္း မုန္႔ေစ်းတန္းေတြကို ေရြးခ်ယ္ထားတာေတြကို ဆုေပးပါတယ္ ” ဟု ေက်ာင္းက်န္းမာေရးဌာနမွ ဦးစီးအရာရွိ ( သြားက်န္းမာေရး ) ေက်ာင္းက်န္းမာေရးေကာ္မတီ ဦးေဆာင္သူ ေဒါက္တာနီနီထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာင္းက်န္းမာေရးထူးခၽြန္ဆုကို အစိုးရေက်ာင္းေပါင္း (၃၉)ေက်ာင္းအနက္မွ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး အထက္တန္းေက်ာင္းမ်ားတြင္ ပထမဆုကို အထက(၅)၊ ဒုတိယဆုကို အထက (၁)ႏွင့္ တတိယဆုကို အထက (၄) တို႔ကလည္းေကာင္း၊ အလယ္တန္းေက်ာင္းမ်ားတြင္ ပထမဆုကို အလက(၈)၊ ဒုတိယဆုကို အလက (၉)၊ တတိယဆုကို ေလ့က်င့္ေရး အလယ္တန္းေက်ာင္းတို႔က လည္းေကာင္း၊ မူလတန္းတြင္ ပထမဆုကို အမက (၂၆)၊ ဒုတိယဆု အမက (၉)၊ တတိယဆု အမက(၈) တို႔ကလည္းေကာင္း အသီးသီးရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စံျပေက်ာင္းမ်ားအားဆုေပးပြဲအျပင္ အစိုးရေက်ာင္းမ်ားႏွင့္ ဘကေက်ာင္းမ်ားမွ ေက်ာင္းက်န္းမာေရး အထိမ္းအမွတ္ ယွဥ္ၿပိဳင္ထားသည့္ ပန္းခ်ီ၊ ပိုစတာ၊ ကာတြန္း၊ ကဗ်ာ၊ စာစီစာကံုးၿပိဳင္ပြဲမ်ားမွ ဆုရေက်ာင္းသူ၊ေက်ာင္းသားမ်ားကိုလည္း ဆုေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္( ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္ ေက်ာင္းက်န္းမာေရးေကာ္မတီကို ၂၀၁၈ ခုႏွစ္ ဇြန္လကစတင္ဖြဲ႔စည္းခဲ့ၿပီး စံျပေက်ာင္းမ်ားေရြးခ်ယ္ျခင္းကို ပထမဆံုးအႀကိမ္အျဖစ္ လုပ္ေဆာင္လာျခင္းျဖစသ္ည္။

အဆိုပါဆုခ်ီးျမႇင့္သည့္အခမ္းအနားသို႔ ဒုတိယျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ ခရိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရး တို႔ အပါအဝင္ ေက်ာင္းအသီးသီးမွ ဆရာ/မ မ်ားႏွင့္ ဆုရေက်ာင္းသူ/သား မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် အခြေခံပညာကျောင်း (၃၉)ကျောင်းမှ စံပြကျောင်းနှင့် စံပြကျောင်းမုန့်ဈေးတန်းများကို အမှတ်ပေးစနစ်ဖြင့် စတင်ရွေးချယ် ဆုချီးမြှင့်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျောင်းကျန်းမာရေးကော်မတီက ကျောင်းပေါင်း (၃၉)ကျောင်းမှ ကျောင်းကျန်းမာရေးထူးချွန်ဆုရ ကျောင်း(၉)ကျောင်းကိုရွေးချယ်ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆုချီးမြှင့်သည်။

လားရှိုးမြို့တွင် ကျောင်းကျန်းမာရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီးနောက် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉) ရပ်အား လိုက်နာဆောင်ရွက်မှုအခြေအနေ၊ ကျောင်းပညာသင် အချိန်ဇယားတွင်ပါဝင်သည့် ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ကြားမှုအခြေအနေများကို ကျောင်းသူ/သားများအား ပြန်လည်မေးမြန်းစစ်ဆေးခြင်းတို့ဖြင့် စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

 “တစ်နှစ်ပတ်လုံးကတော့ ကျောင်းကျန်းမာရေးလှုပ်ရှားမှုတွေကို လုပ်ပါတယ်။ ပထမဦးဆုံး ကျောင်းကျန်းမာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်အနေနဲ့ သြဂုတ်လ (၁၃) ရက်ကနေ (၁၇) ရက်အကြား ကျောင်းကျန်းမာရေး ရက်သတ္တပတ်မှာ လားရှိုးမြို့အတွင်းက စံပြကျောင်းနဲ့ စံပြကျောင်း မုန့်ဈေးတန်းတွေကို ရွေးချယ်ထားတာတွေကို ဆုပေးပါတယ် ” ဟု ကျောင်းကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ( သွားကျန်းမာရေး ) ကျောင်းကျန်းမာရေးကော်မတီ ဦးဆောင်သူ ဒေါက်တာနီနီထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းကျန်းမာရေးထူးချွန်ဆုကို အစိုးရကျောင်းပေါင်း (၃၉)ကျောင်းအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အထက်တန်းကျောင်းများတွင် ပထမဆုကို အထက(၅)၊ ဒုတိယဆုကို အထက (၁)နှင့် တတိယဆုကို အထက (၄) တို့ကလည်းကောင်း၊ အလယ်တန်းကျောင်းများတွင် ပထမဆုကို အလက(၈)၊ ဒုတိယဆုကို အလက (၉)၊ တတိယဆုကို လေ့ကျင့်ရေး အလယ်တန်းကျောင်းတို့က လည်းကောင်း၊ မူလတန်းတွင် ပထမဆုကို အမက (၂၆)၊ ဒုတိယဆု အမက (၉)၊ တတိယဆု အမက(၈) တို့ကလည်းကောင်း အသီးသီးရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စံပြကျောင်းများအားဆုပေးပွဲအပြင် အစိုးရကျောင်းများနှင့် ဘကကျောင်းများမှ ကျောင်းကျန်းမာရေး အထိမ်းအမှတ် ယှဉ်ပြိုင်ထားသည့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများမှ ဆုရကျောင်းသူ၊ကျောင်းသားများကိုလည်း ဆုပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ရှမ်းပြည်နယ်( မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ် ကျောင်းကျန်းမာရေးကော်မတီကို ၂၀၁၈ ခုနှစ် ဇွန်လကစတင်ဖွဲ့စည်းခဲ့ပြီး စံပြကျောင်းများရွေးချယ်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်လာခြင်းဖြစသ်ည်။

အဆိုပါဆုချီးမြှင့်သည့်အခမ်းအနားသို့ ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့ အပါအဝင် ကျောင်းအသီးသီးမှ ဆရာ/မ များနှင့် ဆုရကျောင်းသူ/သား များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~