လားရိႈးမွ ရန္ကုန္သို႔သယ္ေဆာင္မည့္ စိတ္ၾကြေဆးျပား (၅၈၅၀၀၀)ျပားကို လားရိႈးခရီးသည္တင္ကားဂိတ္တြင္ ဖမ္းမိ

လားရိႈးမွ ရန္ကုန္သို႔သယ္ေဆာင္မည့္ စိတ္ၾကြေဆးျပား (၅၈၅၀၀၀)ျပားကို လားရိႈးခရီးသည္တင္ကားဂိတ္တြင္ ဖမ္းမိ
သြဂုတ် 16, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕မွ ရန္ကုန္သို႔ ခရီးသည္တင္ကားျဖင့္သယ္ေဆာင္မည့္ စိတ္ၾကြရူးသြပ္ေဆးျပားေပါင္း (၅၈၅၀၀၀)ျပားကို သယ္ေဆာင္လာသည့္ လူငယ္(၃)ဦးႏွင့္အတူ လားရိႈးၿမိဳ႕ နားမေခၚကားႀကီးကြင္းအတြင္းရွိ ရာဇာထြန္းခရီးသည္တင္ကားဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၅)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရိႈးမွ ရန္ကုန္သို႔ မူယစ္ေဆးသယ္ေဆာင္မည့္သတင္းအရ ၾသဂုတ္လ(၁၅)ရက္ေန႔ ညေန(၄)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ၿမိဳ႕မရဲစခန္းႏွင့္ နားမေခၚနယ္ေျမရဲကင္းမွ တာ၀န္ရွိသူမ်ား၊ သက္ေသမ်ားပါဝင္သည့္အဖြဲ႕သည္ ကားဂိတ္တာဝန္ရိွသူမ်ားႏွင့္အတူ ကားဂိတ္တြင္ လာေရာက္အပ္ႏွံထားသည့္ ခရီးေဆာင္အိတ္မ်ားအား ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္သို႔လုိက္ပါမည့္ခရီးသည္မ်ားျဖစ္သည့္ က်အိ၊ ဂ်ီေမႏွင့္ က်ာေဖတို႔၏ ခရီးေဆာင္အိတ္ (၃)လံုးအတြင္း မိႈင္းကိုင္ စကၠဴအညိဳျဖင့္ထုပ္ထားေသာ WY ႏွင့္ W တံဆိပ္ရိုက္ႏွိပ္ထားေသာ စိတ္ၾကြရူးသြပ္ေဆးျပား အျပား (၅၈၅၀၀၀)ျပား၊ အေလးခ်ိန္ (၅၂.၆၅)ကီလိုကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

 အသက္(၂၆)ႏွစ္အရြယ္ က်အိ၊ အသက္(၂၀)အရြယ္ ဂ်ီေမႏွင့္ အသက္(၁၆)ႏွစ္အရြယ္ က်ာေဖတို႔အား လားရိႈးၿမိဳ႕ မရဲစခန္းတြင္  မယ(ပ)၁၆၃/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)၊ ၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမှ ရန်ကုန်သို့သယ်ဆောင်မည့် စိတ်ကြွဆေးပြား (၅၈၅၀၀၀)ပြားကို လားရှိုးခရီးသည်တင်ကားဂိတ်တွင် ဖမ်းမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှ ရန်ကုန်သို့ ခရီးသည်တင်ကားဖြင့်သယ်ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၅၈၅၀၀၀)ပြားကို သယ်ဆောင်လာသည့် လူငယ်(၃)ဦးနှင့်အတူ လားရှိုးမြို့ နားမခေါ်ကားကြီးကွင်းအတွင်းရှိ ရာဇာထွန်းခရီးသည်တင်ကားဂိတ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးမှ ရန်ကုန်သို့ မူယစ်ဆေးသယ်ဆောင်မည့်သတင်းအရ သြဂုတ်လ(၁၅)ရက်နေ့ ညနေ(၄)နာရီ (၄၅)မိနစ်အချိန်တွင် မြို့မရဲစခန်းနှင့် နားမခေါ်နယ်မြေရဲကင်းမှ တာဝန်ရှိသူများ၊ သက်သေများပါဝင်သည့်အဖွဲ့သည် ကားဂိတ်တာဝန်ရှိသူများနှင့်အတူ ကားဂိတ်တွင် လာရောက်အပ်နှံထားသည့် ခရီးဆောင်အိတ်များအား ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်သို့လိုက်ပါမည့်ခရီးသည်များဖြစ်သည့် ကျအိ၊ ဂျီမေနှင့် ကျာဖေတို့၏ ခရီးဆောင်အိတ် (၃)လုံးအတွင်း မှိုင်းကိုင် စက္ကူအညိုဖြင့်ထုပ်ထားသော WY နှင့် W တံဆိပ်ရိုက်နှိပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား အပြား (၅၈၅၀၀၀)ပြား၊ အလေးချိန် (၅၂.၆၅)ကီလိုကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 အသက်(၂၆)နှစ်အရွယ် ကျအိ၊ အသက်(၂၀)အရွယ် ဂျီမေနှင့် အသက်(၁၆)နှစ်အရွယ် ကျာဖေတို့အား လားရှိုးမြို့ မရဲစခန်းတွင်  မယ(ပ)၁၆၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~