ဒီး​ေမာ့ဆိုၿမိဳ႕နယ္​တရားရံုးတြင္ ပုဒ္​မ ၅၀၅(ခ) ျဖင္​့ တရားစြဲဆိုခံထားရ​ေသာ လူငယ္ (၄)ဦး အာမခံရရိွ

ဒီး​ေမာ့ဆိုၿမိဳ႕နယ္​တရားရံုးတြင္ ပုဒ္​မ ၅၀၅(ခ) ျဖင္​့ တရားစြဲဆိုခံထားရ​ေသာ လူငယ္ (၄)ဦး အာမခံရရိွ
သြဂုတ် 16, 2018
By 🌸
ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ကရင္နီသမိုင္းႏွင့္ ဗိုလ္ခ်ဳပ္​​ေၾကး႐ုပ္ျပဳလုပ္မည္ကို ကန္႔ကြက္သည့္ စာမ်ားျဖန္ေဝခဲ့ေသာေၾကာင္ပုဒ္မ ၅၀၅ (ခ) ျဖင္တရားစြဲဆို ခံထားရသူ(၄)ဦးကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၆) ရက္​​ေန႔က ​​ေလးႀကိမ္​​ေျမာက္ ရံုးခ်ိန္းတြင္ အာမခံေပးလုိက္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ဒီးေမာ့ဆိုၿမိဳ႕နယ္ တရားရုံးတြင္ ပုဒ္မ ၅၀၅ (ခ)ျဖင့္ လူငယ္ (၇) ဦးအနက္ ေထာင္ခ်ဳပ္ျဖင့္ တရားရင္ဆိုင္ေနသည့္ (၄)ဦးအတြက္ ေရွ႕ေနမ်ားက အာမခံတင္သျဖင့္ ယေန႔ရံုးခ်ိန္းတြင္ အာမခံေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။


အလားတူကိစၥႏွင့္ပတ္သက္၍ ေဘာလခဲၿမိဳ႕နယ္ႏွင့္ဖားေဆာင္းၿမိဳ႕နယ္ တရားရုံုးမ်ားတြင္ ပုဒ္မ ၅၀၅ (ခ) ျဖင့္ တရားစြဲဆိုခံထားရသည့္ လူငယ္မ်ားမွာ အာမခံမရေသးေၾကာင္း သိရသည္။


“အာမခံမရေသးတဲ့ ၿမိဳ႕နယ္​​ေတြကို ရေအာင္ဆက္လုပ္မယ္။ သူတုိ႔ပယ္ရင္ ကြၽန္မတို႔က သူ႔ထက္ျမင့္တဲ့ ခ႐ုိင္တရား႐ုံးကို တက္ႏိုင္တယ္။ ျပည္နယ္လႊတ္​​ေတာ္ကိုတက္မယ္္ "ဟု အမႈအား လိုက္ပါေဆာင္ရြက္​​ေပးေနသည့္ ျမန္မာႏိုင္ငံလြတ္လပ္​​ေသာေ႐ွ႕ေနမ်ားအသင္း အတြင္ေရးမွဴး ေဒၚခင္မိုးမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္


ျပည္နယ္တြင္း ဗိုလ္ခ်ဳပ္ရုပ္တုစိုက္ထူမႈအား ကန္႔ကြက္ျခင္းႏွင့္ ကရင္နီသမုိင္းစာမ်ား ျဖန္႔ေဝျခင္းတို႔ႏွင့္ ပတ္သက္၍ လိြဳင္​​ေကာ္၊ ဒီးေမာ့ဆို၊ ဖ႐ူဆု ၊ေဘာလခဲႏွင့္ ဖားေဆာင္းၿမိဳ႕နယ္တို႔တြင္ လူငယ္ (၂၃)ဦးကို ပုဒ္မ ၅၀၅(ခ) ႏွင့္ ၿငိမ္းစုစီပုဒ္မတို႔ျဖင့္ တရားစြဲဆိုထားျခင္းျဖစ္သည္။


သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္


~~~~~~~~⊰❂ unicode ~~~~~~~~
ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသော လူငယ် (၄)ဦး အာမခံရရှိ
*************
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ပြုလုပ်မည်ကို ကန့်ကွက်သည့် စာများဖြန့်ဝေခဲ့သောကြောင့်  ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူ(၄)ဦးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့က လေးကြိမ်မြောက် ရုံးချိန်းတွင် အာမခံပေးလိုက်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် လူငယ် (၇) ဦးအနက် ထောင်ချုပ်ဖြင့် တရားရင်ဆိုင်နေသည့် (၄)ဦးအတွက် ရှေ့နေများက အာမခံတင်သဖြင့် ယနေ့ရုံးချိန်းတွင် အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူကိစ္စနှင့်ပတ်သက်၍ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် တရားရုံးများတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်များမှာ အာမခံမရသေးကြောင်း သိရသည်။

“အာမခံမရသေးတဲ့ မြို့နယ်တွေကို ရအောင်ဆက်လုပ်မယ်။ သူတို့ပယ်ရင် ကျွန်မတို့က သူ့ထက်မြင့်တဲ့ ခရိုင်တရားရုံးကို တက်နိုင်တယ်။ ပြည်နယ်လွှတ်တော်ကိုတက်မယ် "ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်တွင်း ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုအား ကန့်ကွက်ခြင်းနှင့် ကရင်နီသမိုင်းစာများ ဖြန့်ဝေခြင်းတို့နှင့် ပတ်သက်၍ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆု ၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင် လူငယ် (၂၃)ဦးကို ပုဒ်မ ၅၀၅(ခ) နှင့် ငြိမ်းစုစီပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~