လိြဳင္ေကာ္တြင္ မူးယစ္သတင္းရေနအိမ္အားရွာေဖြရာ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ

လိြဳင္ေကာ္တြင္ မူးယစ္သတင္းရေနအိမ္အားရွာေဖြရာ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ
သြဂုတ် 17, 2018
By 🌸
ကယားျပည္နယ္ ၊  လိြဳင္ေကာ္ၿမိဳ႕ နယ္ ကုန္းသာေက်းရြာတြင္ ၾသဂုတ္လ (၁၆) ရက္ေန႔ ညေနပိုင္းက မူးယစ္သတင္းအရ ဝင္ရွာသည့္ေနအိမ္မွ လက္နက္ခဲယမ္းအခ်ိဳ႕ဖမ္းဆီးရမိၿပီး အိမ္ရွင္ကို ဖမ္းဆီးရမိျခင္းမရိွေသးေၾကာငး္သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ နယ္၊ ေဆာင္ကန္းေက်းရြာအနီးတြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ ည(၉)နာရီ (၄၅)မိနစ္ဝန္းက်င္က စိတ္ႂကြ႐ူးသြပ္ေဆးျပားအခ်ိဳ႕၊ ေသနတစ္လက္ျဖင့္ ဖမ္းဆီးရမိသည့္ကြင္းဆက္အျဖစ္ ကုန္းသာေက်းရြာရိွ ပီတာ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ ၁၆ ရက္ေန႔ ညေန(၃)နာရီအခ်ိန္တြင္ ျပည္နယ္မူးယစ္အထူးအဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စု(၂၀)၊ ၿမိဳ႕မရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕တုိ႔က ဝင္ေရာက္႐ွာေဖြရာ ပီတာအားေနအိမ္တြင္ မေတြ႔ရဘဲ ေနအိမ္ေအာက္ထပ္ အခန္းေထာင့္မွ  (၃၈)လက္မခန္႔႐ွိ လုပ္ေသနတ္တစ္လက္ ၊  (၅၁) လက္မခန္႔႐ွိ  ေလေသနတ္ တစ္လက္ ၊ ေနအိမ္ေအာက္ထပ္ ေသတၱာ အတြင္းမွ (၇.၆၂) က်ည္တစ္ေတာင့္၊ 380 AUTO စာတန္း ပါ က်ည္ေလးေတာင့္၊ စတီးေရာင္ဒစ္တိုေနတာ(၁၄) ခု ၊ ဒစ္တိုေနတာတစ္ခုႏွင့္တြဲလွ်က္ အ႐ွည္ (၁၀) ေပခန္႔႐ွိ အဝါေရာင္ ယမ္းႀကိဳးတစ္ေခ်ာင္းတို႔ကို ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

တရားမဝင္ လက္နက္ခဲယမ္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား လက္ဝယ္ထား႐ွိသူ ပီတာအား လက္နက္ဥပေဒပုဒ္မ ၁၉(စ) ျဖင့္ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားၿပီး တရာခံအားဖမ္းဆီးရမိေရးဆက္လက္ လုပ္ေဆာင္ေနေၾကာင္းသိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်တွင် မူးယစ်သတင်းရနေအိမ်အားရှာဖွေရာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
***********
ကယားပြည်နယ် ၊  လွိုင်ကော်မြို့ နယ် ကုန်းသာကျေးရွာတွင် သြဂုတ်လ (၁၆) ရက်နေ့ ညနေပိုင်းက မူးယစ်သတင်းအရ ဝင်ရှာသည့်နေအိမ်မှ လက်နက်ခဲယမ်းအချို့ဖမ်းဆီးရမိပြီး အိမ်ရှင်ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

လွိုင်ကော်မြို့ နယ်၊ ဆောင်ကန်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်က စိတ်ကြွရူးသွပ်ဆေးပြားအချို့၊ သေနတစ်လက်ဖြင့် ဖမ်းဆီးရမိသည့်ကွင်းဆက်အဖြစ် ကုန်းသာကျေးရွာရှိ ပီတာ၏နေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၆ ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ပြည်နယ်မူးယစ်အထူးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၀)၊ မြို့မရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့်အဖွဲ့တို့က ဝင်ရောက်ရှာဖွေရာ ပီတာအားနေအိမ်တွင် မတွေ့ရဘဲ နေအိမ်အောက်ထပ် အခန်းထောင့်မှ  (၃၈)လက်မခန့်ရှိ လုပ်သေနတ်တစ်လက် ၊  (၅၁) လက်မခန့်ရှိ  လေသေနတ် တစ်လက် ၊ နေအိမ်အောက်ထပ် သေတ္တာ အတွင်းမှ (၇.၆၂) ကျည်တစ်တောင့်၊ 380 AUTO စာတန်း ပါ ကျည်လေးတောင့်၊ စတီးရောင်ဒစ်တိုနေတာ(၁၄) ခု ၊ ဒစ်တိုနေတာတစ်ခုနှင့်တွဲလျှက် အရှည် (၁၀) ပေခန့်ရှိ အဝါရောင် ယမ်းကြိုးတစ်ချောင်းတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တရားမဝင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူ ပီတာအား လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး တရာခံအားဖမ်းဆီးရမိရေးဆက်လက် လုပ်ဆောင်နေကြောင်းသိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~