ကယားျပည္နယ္၏ ပထမဆံုးရုပ္ရွင္ရံု ဒါရိုက္တာဝိုင္းက လိြဳင္ေကာ္တြင္ စတင္တည္ေဆာက္ေန

ကယားျပည္နယ္၏ ပထမဆံုးရုပ္ရွင္ရံု ဒါရိုက္တာဝိုင္းက လိြဳင္ေကာ္တြင္ စတင္တည္ေဆာက္ေန
သြဂုတ် 6, 2018
By 🌸
ကယားျပည္နယ္၏ ပထမဆံုးရုပ္ရွင္ရံုအျဖစ္ ဒါရိုက္တာဝိုင္း၏ကုမၸဏီက လိြဳင္ေကာ္ၿမိဳ႕႐ွိ လိြဳင္ေကာ္တကၠသိုလ္အေ႐ွ႕ဖက္ ေထးငွါးလ်ားကန္ေဘးတြင္ တည္ေဆာက္မည့္ Ours  ႐ုပ္႐ွင္႐ုံပႏၷက္တင္ျခင္းအား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၅) ရက္ေန႔တြင္ စတင္ျပဳလုပ္ေနၿပီျဖစ္သည္။

Feel & Touch Co, Ltd က တည္ေဆာက္မည့္ အဆိုပါရုပ္ရွင္ရုံတြင္ အေသး(၁)ရုံ၊ အႀကီး(၁) ရုံပါ၀င္မည္ျဖစ္ၿပီး Snack Bar မ်ားလည္းထည့္သြင္းတည္ေဆာက္မည္ျဖစ္ေၾကာင္း သိရကာ ပႏၷက္တင္ျခင္း အခမ္းအနားသို႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔ ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌတို႔လည္း တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ ရုပ္ရွင္ရံုတည္ေဆာက္ေရးမွာ ၂၀၁၈ ခုႏွစ္၊ ေမလ(၂၆)ရက္ေန႔က က်င္းပခဲ့သည့္ Kayah State Investment Forum ၌ ကယားျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ေဆာင္လိုေၾကာင္း ေဆြးေႏြးခဲ့သည့္ ကုမၸဏီ(၁၀)ခုတြင္ ပါဝင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရင္းႏွီးျမဳပ္ႏွံမႈဖိတ္ေခၚပြဲတြင္ ကယားျပည္နယ္အတြင္း ရုပ္ရွင္ရံုတည္ေဆာက္လိုသူမ်ားအျဖစ္ ဦးေနလင္းႏွင့္ ဒါရုိက္တာ ၀ုိင္း(Feel & Touch Co., Ltd) ႏွင့္ ရုပ္ရွင္သရုပ္ေဆာင္ ေမသန္းႏု ( ေရႊဆင့္ဆင့္ ကုမၸဏီ)တုိ႔က တင္ျပခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါဖိုရမ္တြင္ ကယားျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ကိုင္လိုသည့္လုပ္ငန္းမ်ားအျဖစ္
ရုပ္ရွင္ရုံလုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီ(၂)ခု၊ မာဘယ္ေက်ာက္ ထုတ္လုပ္ေရးလုပ္ငန္း ေဆာင္ရြက္ရန္ ကုမၸဏီ(၃)ခု၊ ပြန္ေခ်ာင္း Advendure Tourism အပန္းေျဖစခန္းတည္ေဆာက္ရန္ ကုမၸဏီ (၁)ခု၊ ႏွစ္ရွည္ပင္စိုက္ပ်ဳိးေရး ကုမၸဏီ (၁)ခု၊ ဟုိတယ္ လုပ္ငန္း ေဆာင္ရြက္ရန္ ကုမၸဏီ (၂)ခု၊ သတၱဳႏွင့္ စုိက္ပ်ဳိးေရးလုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီ(၁)ခု စုစုေပါင္း (၁၀)ခုတို႔ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၏ ပထမဆုံးရုပ်ရှင်ရုံ ဒါရိုက်တာဝိုင်းက လွိုင်ကော်တွင် စတင်တည်ဆောက်နေ
************
ကယားပြည်နယ်၏ ပထမဆုံးရုပ်ရှင်ရုံအဖြစ် ဒါရိုက်တာဝိုင်း၏ကုမ္ပဏီက လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အရှေ့ဖက် ထေးငှါးလျားကန်ဘေးတွင် တည်ဆောက်မည့် Ours  ရုပ်ရှင်ရုံပန္နက်တင်ခြင်းအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

Feel & Touch Co, Ltd က တည်ဆောက်မည့် အဆိုပါရုပ်ရှင်ရုံတွင် အသေး(၁)ရုံ၊ အကြီး(၁) ရုံပါဝင်မည်ဖြစ်ပြီး Snack Bar များလည်းထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရကာ ပန္နက်တင်ခြင်း အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌတို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ရုပ်ရှင်ရုံတည်ဆောက်ရေးမှာ ၂၀၁၈ ခုနှစ်၊ မေလ(၂၆)ရက်နေ့က ကျင်းပခဲ့သည့် Kayah State Investment Forum ၌ ကယားပြည်နယ်တွင်း ရင်းနှီးမြုပ်နှံမှုလုပ်ဆောင်လိုကြောင်း ဆွေးနွေးခဲ့သည့် ကုမ္ပဏီ(၁၀)ခုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်ပွဲတွင် ကယားပြည်နယ်အတွင်း ရုပ်ရှင်ရုံတည်ဆောက်လိုသူများအဖြစ် ဦးနေလင်းနှင့် ဒါရိုက်တာ ဝိုင်း(Feel & Touch Co., Ltd) နှင့် ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ( ရွှေဆင့်ဆင့် ကုမ္ပဏီ)တို့က တင်ပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဖိုရမ်တွင် ကယားပြည်နယ်တွင်း ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်လိုသည့်လုပ်ငန်းများအဖြစ်
ရုပ်ရှင်ရုံလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၂)ခု၊ မာဘယ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီ(၃)ခု၊ ပွန်ချောင်း Advendure Tourism အပန်းဖြေစခန်းတည်ဆောက်ရန် ကုမ္ပဏီ (၁)ခု၊ နှစ်ရှည်ပင်စိုက်ပျိုးရေး ကုမ္ပဏီ (၁)ခု၊ ဟိုတယ် လုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီ (၂)ခု၊ သတ္တုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၁)ခု စုစုပေါင်း (၁၀)ခုတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~