လိြဳင္ေကာ္တြင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ားဖမ္းဆီးရမိ

လိြဳင္ေကာ္တြင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ားဖမ္းဆီးရမိ
သြဂုတ် 16, 2018
By 🌸
ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ နယ္၊ ေဆာင္ကန္းေက်းရြာအနီးတြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ ည(၉)နာရီ (၄၅)မိနစ္ဝန္းက်င္က ဆုိင္ကယ္ေမာင္းႏွင္လာသူတစ္ဦးအား စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

 လိြဳင္ေကာ္ၿမိဳ႕ မူးယစ္တပ္ဖြဲ႔စု (၂၀) ႏွင့္ပူးေပါင္းအဖြဲ႔မ်ားသည္ လိြဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်းရြာအုပ္စု ၊ ေဆာင္ကန္း ရြာအနီး လိြဳင္ေကာ္- မိုးၿဗဲကားလမ္းတြင္ ပိတ္ဆို႔႐ွာေဖြစစ္ေဆးေနစဥ္ မိုးၿဗဲဖက္မွ လိြဳင္ေကာ္ဖက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေက်ာ္သူေအာင္ (ခ)ကိုေအာင္အား စစ္ေဆးရာ စိတ္ႂကြး႐ႈးသြပ္ေဆးျပား (၄)ျပားႏွင့္  ပိြဳင့္ 22 က်ည္ (၅)ေတာင့္ထည့္ထားသည့္ ငါးလုံးျပဴးေသနက္ တစ္လက္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး၊လက္နက္ခဲယမ္းမ်ားႏွင့္ ဖမ္းဆီးရမိသည့္ ေက်ာ္သူေအာင္အား  လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)၊ ၂၂(ခ)ျဖင့္ ၾသဂုတ္လ ၁၆ ရက္ေန႔၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးရမိ
********
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နယ်၊ ဆောင်ကန်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

 လွိုင်ကော်မြို့ မူးယစ်တပ်ဖွဲ့စု (၂၀) နှင့်ပူးပေါင်းအဖွဲ့များသည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု ၊ ဆောင်ကန်း ရွာအနီး လွိုင်ကော်- မိုးဗြဲကားလမ်းတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မိုးဗြဲဖက်မှ လွိုင်ကော်ဖက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကျော်သူအောင် (ခ)ကိုအောင်အား စစ်ဆေးရာ စိတ်ကြွးရှုးသွပ်ဆေးပြား (၄)ပြားနှင့်  ပွိုင့် 22 ကျည် (၅)တောင့်ထည့်ထားသည့် ငါးလုံးပြူးသေနက် တစ်လက်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသည့် ကျော်သူအောင်အား  လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ) ၃၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)၊ ၂၂(ခ)ဖြင့် သြဂုတ်လ ၁၆ ရက်နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~