ေကာ္ေယာ္အမ်ဳိးသား ပထမအႀကိမ္ စုေပါင္းေဗ့လဂါဖုိ (ဒင္ကြတ္) ပြဲေတာ္ကို ဖရူဆိုၿမိဳ႕နယ္တြင္ က်င္းပမည္

ေကာ္ေယာ္အမ်ဳိးသား ပထမအႀကိမ္ စုေပါင္းေဗ့လဂါဖုိ (ဒင္ကြတ္) ပြဲေတာ္ကို ဖရူဆိုၿမိဳ႕နယ္တြင္ က်င္းပမည္
သြဂုတ် 22, 2018
By 🌸
ကယားျပည္နယ္၊ ဌာေနတုိင္းရင္းသားလူမ်ဳိးစု၊ ေကာ္ေယာ္အမ်ဳိးသား ပထမအႀကိမ္ စုေပါင္းေဗ့လဂါဖုိ (ဒင္ကြတ္) ပြဲေတာ္အခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅) ရက္ေန႔တြင္ ဖရူဆုိၿမိဳ႕နယ္၊ ေဒါလာေစာ ေက်းရြာအုပ္စု၊ ေဒ့ခြတ္လာေက်းရြာတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ပြဲေတာ္က်င္းပရျခင္းမွာ ေကာ္ေယာ္အမ်ဳိးသား ရုိးရာယဥ္ေက်းမႈဓေလ့ကုိသိရွိၿပီး ေလးစားတန္ဖုိးထားရန္၊ ရုိးရာယဥ္ေက်းမႈကုိ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ရန္၊ မိမိ၏ ရုိးရာယဥ္ေက်းမႈကုိ အျမတ္တႏုိးထား၍ လက္ေတြ႕အသုံးခ်ရန္၊ ေနာင္လာ ေနာက္သားမ်ားအား မိမိ၏ ရုိးရာယဥ္ေက်းမႈႏွင့္ ဓေလ့ထုံးတမ္းဆုိင္ရာ အေမြအႏွစ္မ်ားကုိ လက္ဆင့္ကမ္းေပးရန္အတြက္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္က်င္းပႏုိင္ေရးအတြက္ ကယားျပည္နယ္အစုိးရအဖြဲ႕၊ ၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ ေထာက္ပံ့ေငြက်ပ္(၅)သိန္း ေပးအပ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ကော်ယော်အမျိုးသား ပထမအကြိမ် စုပေါင်းဗေ့လဂါဖို (ဒင်ကွတ်) ပွဲတော်ကို ဖရူဆိုမြို့နယ်တွင် ကျင်းပမည်
*************
ကယားပြည်နယ်၊ ဌာနေတိုင်းရင်းသားလူမျိုးစု၊ ကော်ယော်အမျိုးသား ပထမအကြိမ် စုပေါင်းဗေ့လဂါဖို (ဒင်ကွတ်) ပွဲတော်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒေါလာစော ကျေးရွာအုပ်စု၊ ဒေ့ခွတ်လာကျေးရွာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကျင်းပရခြင်းမှာ ကော်ယော်အမျိုးသား ရိုးရာယဉ်ကျေးမှုဓလေ့ကိုသိရှိပြီး လေးစားတန်ဖိုးထားရန်၊ ရိုးရာယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ မိမိ၏ ရိုးရာယဉ်ကျေးမှုကို အမြတ်တနိုးထား၍ လက်တွေ့အသုံးချရန်၊ နောင်လာ နောက်သားများအား မိမိ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အမွေအနှစ်များကို လက်ဆင့်ကမ်းပေးရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကျင်းပနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သြဂုတ်လ (၁၇)ရက်နေ့တွင် ထောက်ပံ့ငွေကျပ်(၅)သိန်း ပေးအပ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~