က်ဳိင္းတံုၿမိဳ႕ေရေပးေဝေရး ေရကန္မ်ားျပင္ဆင္ၿပီးျဖစ္၍ ၾသဂုတ္လ (၁၅)ရက္ေန႔ ညေနပိုင္းမွစၿပီး ေရေပးေဝေရး ျပန္လည္စတင္

က်ဳိင္းတံုၿမိဳ႕ေရေပးေဝေရး ေရကန္မ်ားျပင္ဆင္ၿပီးျဖစ္၍ ၾသဂုတ္လ (၁၅)ရက္ေန႔ ညေနပိုင္းမွစၿပီး ေရေပးေဝေရး ျပန္လည္စတင္
သြဂုတ် 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၿမိဳ႕ေရေပးေဝေရး၏ ေရကန္၊ ေရပိုက္မ်ား ျပန္လည္ျပဳျပင္ေနသျဖင့္ ၿမိဳ႕ေရေပးေဝေရးကို ျဖတ္ေတာက္ထားရာ ၾသဂုတ္လ(၁၅)ရက္ေန႔ ညေနပိုင္းတြင္ ျပဳျပင္မႈမ်ားၿပီးသြား၍ ေရေပးေဝေရး ျပန္လည္စတင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ျပဳျပင္တာေတြၿပီးသြားလို႔ ဒီညေနမွာ ေရစလႊတ္ပါၿပီ။ ၿမိဳ႕ထဲကို ေရေရာက္ဖို႔ေတာ့ နည္းနည္းေတာ့ ေစာင့္ရမွာပါ။ ပိုက္လုိင္းေတြေတာ့ ေရစလႊတ္ေနပါၿပီ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မုိးသည္းထန္ၿပီး ေရလႊမ္းမိုးမႈေၾကာင့္ ၿမိဳ႕ေရေပးေဝေရး၏ ေရကန္၊ ေရပိုက္မ်ား ျပန္လည္ျပဳျပင္ရမည္ျဖစ္သျဖင့္ ၿမိဳ႕ေရေပးေဝျခင္းကို ၾသဂုတ္လ(၁၃)ရက္ေန႔မွစ၍ ျဖတ္ေတာက္ထားခဲ့ျခင္းျဖစ္သည္။

မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရလႊမ္းမိုးမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၁)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕ (၈)မိုင္ေရေပးေရးစခန္း တံတားျဖဴေခ်ာင္းမွ ယာယီေရသြယ္ယူထားေသာ ေရပိုက္မ်ား က်ိဳးက်ပ်က္စီးျခင္း၊ Intake ကန္၊ ေရသြယ္ေျမာင္း၊ အနည္ထိုင္ကန္၊ အႀကိဳ ေရစစ္ကန္မ်ားအတြင္းသို႔ သဲ၊ႏုန္းမ်ား ၀င္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပ်က္စီးသြားသည့္ ေရပိုက္လိုင္းမ်ား ျပန္လည္သြယ္တန္းျခင္း၊ ေရယူေျမာင္း၊ အနည္ထိုင္ကန္ႏွင့္ အႀကိဳေရစစ္ကန္အတြင္းရွိ သဲ၊ႏုန္းမ်ား ျပန္လည္ဆယ္ယူျခင္း၊ ေရကန္မ်ားေဆးေၾကာျခင္းလုပ္ငန္းမ်ားကို ၾသဂုတ္လ(၁၃)ရက္ေန႔မွစ၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ရေပေးဝေရေး ရေကန်များပြင်ဆင်ပြီးဖြစ်၍ သြဂုတ်လ (၁၅)ရက်နေ့ ညနေပိုင်းမှစပြီး ရေပေးဝေရေး ပြန်လည်စတင်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြို့ရေပေးဝေရေး၏ ရေကန်၊ ရေပိုက်များ ပြန်လည်ပြုပြင်နေသဖြင့် မြို့ရေပေးဝေရေးကို ဖြတ်တောက်ထားရာ သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် ပြုပြင်မှုများပြီးသွား၍ ရေပေးဝေရေး ပြန်လည်စတင်ပြီဖြစ်ကြောင်း သိရသည်။

“ပြုပြင်တာတွေပြီးသွားလို့ ဒီညနေမှာ ရေစလွှတ်ပါပြီ။ မြို့ထဲကို ရေရောက်ဖို့တော့ နည်းနည်းတော့ စောင့်ရမှာပါ။ ပိုက်လိုင်းတွေတော့ ရေစလွှတ်နေပါပြီ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုကြောင့် မြို့ရေပေးဝေရေး၏ ရေကန်၊ ရေပိုက်များ ပြန်လည်ပြုပြင်ရမည်ဖြစ်သဖြင့် မြို့ရေပေးဝေခြင်းကို သြဂုတ်လ(၁၃)ရက်နေ့မှစ၍ ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့က ကျိုင်းတုံမြို့ (၈)မိုင်ရေပေးရေးစခန်း တံတားဖြူချောင်းမှ ယာယီရေသွယ်ယူထားသော ရေပိုက်များ ကျိုးကျပျက်စီးခြင်း၊ Intake ကန်၊ ရေသွယ်မြောင်း၊ အနည်ထိုင်ကန်၊ အကြို ရေစစ်ကန်များအတွင်းသို့ သဲ၊နုန်းများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျက်စီးသွားသည့် ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်းခြင်း၊ ရေယူမြောင်း၊ အနည်ထိုင်ကန်နှင့် အကြိုရေစစ်ကန်အတွင်းရှိ သဲ၊နုန်းများ ပြန်လည်ဆယ်ယူခြင်း၊ ရေကန်များဆေးကြောခြင်းလုပ်ငန်းများကို သြဂုတ်လ(၁၃)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~