က်ိဳင္းတံု လိြဳင္ေမြႏွစ္(၁၀၀)အိမ္ႀကီးဂိတ္တြင္ ဆိုင္ကယ္ေနာက္မွ ျပဳတ္က်က်န္ခဲ့သူထံမွ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴဖမ္းမိ

က်ိဳင္းတံု လိြဳင္ေမြႏွစ္(၁၀၀)အိမ္ႀကီးဂိတ္တြင္ ဆိုင္ကယ္ေနာက္မွ ျပဳတ္က်က်န္ခဲ့သူထံမွ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴဖမ္းမိ
သြဂုတ် 20, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ လိြဳင္ေမြ ႏွစ္(၁၀၀)အိမ္ႀကီးဂိတ္၊ လိြဳင္ေမြ - တာခ်ီလိတ္လမ္းတြင္ ဆိုင္ကယ္ေနာက္မွ ျပဳတ္က်က်န္ခဲ့သည့္ လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပား (၃၅၇၀)ျပားႏွင့္ ဘိန္းျဖဴ (၁၀)ဂရမ္ခန္႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ား၊ နယ္ေျမခံတပ္မေတာ္မွ တပ္ဖြဲ႕ဝင္မ်ား၊ စရဖႏွင့္ သက္ေသမ်ားပါသည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၉)ရက္ေန႔ နံနက္ (၁၀)နာရီခြဲအခ်ိန္တြင္ လိြဳင္ေမြ - တာခ်ီလိတ္လမ္း၊ လိြဳင္ေမြ ႏွစ္(၁၀၀)အိမ္ႀကီးဂိတ္တြင္ မူးယစ္သတင္းအရ ေစာင့္ဆုိင္းေနစဥ္ တာခ်ီလိတ္ဘက္မွ လိြဳင္ေမြဘက္သို႔ လူႏွစ္ဦးစီးနင္းလာသည့္ဆုိင္ကယ္အား စစ္ေဆးရန္ တားဆီးစဥ္ ဆို္င္ကယ္က အရွိန္ျဖင့္ေမာင္းႏွင္ထြက္ေျပးသြားရာ ေနာက္မွလုိက္လာသူ လွေမာင္မွာ ျပဳတ္က်က်န္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လွေမာင္၏ ေဘးလြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၃၅၇၀)ျပားႏွင့္ ဘိန္းျဖဴ (၁၀)ဂရမ္တုိ႔ကို စစ္ေဆးေတြ႔ရိွရသျဖင့္ လွေမာင္ႏွင့္ ဆုိင္ကယ္ေမာင္းႏွင္ထြက္ေျပးသြားသည့္ ယာဆာတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၅၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ လွိုင်မွေနှစ်(၁၀၀)အိမ်ကြီးဂိတ်တွင် ဆိုင်ကယ်နောက်မှ ပြုတ်ကျကျန်ခဲ့သူထံမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ နှစ်(၁၀၀)အိမ်ကြီးဂိတ်၊ လွိုင်မွေ - တာချီလိတ်လမ်းတွင် ဆိုင်ကယ်နောက်မှ ပြုတ်ကျကျန်ခဲ့သည့် လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၃၅၇၀)ပြားနှင့် ဘိန်းဖြူ (၁၀)ဂရမ်ခန့်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်မှ တပ်ဖွဲ့ဝင်များ၊ စရဖနှင့် သက်သေများပါသည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်တွင် လွိုင်မွေ - တာချီလိတ်လမ်း၊ လွိုင်မွေ နှစ်(၁၀၀)အိမ်ကြီးဂိတ်တွင် မူးယစ်သတင်းအရ စောင့်ဆိုင်းနေစဉ် တာချီလိတ်ဘက်မှ လွိုင်မွေဘက်သို့ လူနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်အား စစ်ဆေးရန် တားဆီးစဉ် ဆိုင်ကယ်က အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးသွားရာ နောက်မှလိုက်လာသူ လှမောင်မှာ ပြုတ်ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှမောင်၏ ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၃၅၇၀)ပြားနှင့် ဘိန်းဖြူ (၁၀)ဂရမ်တို့ကို စစ်ဆေးတွေ့ရှိရသဖြင့် လှမောင်နှင့် ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသည့် ယာဆာတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၅၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~