က်ိဳင္းတံုမီးရထားဘူတာရံုေျမေနရာအား ကားႀကီးကြင္းတည္ေဆာက္ရန္ စည္ပင္ႀကိဳးစားေန

က်ိဳင္းတံုမီးရထားဘူတာရံုေျမေနရာအား ကားႀကီးကြင္းတည္ေဆာက္ရန္ စည္ပင္ႀကိဳးစားေန
သြဂုတ် 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ကားႀကီးကြင္းတည္ေဆာက္ရန္ လက္ရိွအသံုးျပဳျခင္းမရိွသည့္ မီးရထားဘူတာေျမေနရာအား က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ေတာင္းခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔မွာ ကားႀကီးဝင္းမရိွေတာ့ ကားႀကီးေတြက ၿမိဳ႕ထဲမွာဝင္ ကုန္ေတြခ်ၾကျပဳၾကဆိုေတာ့ လမ္းေတြပ်က္တယ္။ ေနာက္တစ္ခါ ၿမိဳ႕ေရွာင္လမ္းလည္း လုပ္ဖို႔စီစဥ္ေနၿပီဆိုေတာ့ ၿမိဳ႕ေရွာင္လမ္းအတုိင္းသြားမယ့္ ကားႀကီးေတြက ကားႀကီးကြင္းမွာ ကုန္ခ်၊ ၿပီးမွ ကားေလးေတြနဲ႔ ျပန္ကဲ့သယ္ေပါ့ေနာ္။ အခုက အစည္းအေဝးဆံုးျဖတ္ခ်က္ကေတာ့ သေဘာတူၾကၿပီဆိုေတာ့ ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီကို ေလွ်ာက္ထားၾကရမွာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕၊ ယန္းေလာေက်းရြာအုပ္စု၊ ဝမ္နားခမ္းရြာအနီးရိွ မီးရထားဘူတာေျမေနရာအား ကားႀကီးကြင္းအျဖစ္ အသံုးျပဳႏုိင္ေရးအတြက္ ေလွ်ာက္ထားရန္ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၁၃)ရက္ေန႔တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အစည္းအေဝးခန္းမတြင္ အစည္းအေဝးက်င္းပၿပီး သေဘာတူဆံုးျဖတ္လုိက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု-စည္ပင္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမီးရထားဘူတာရုံမြေနေရာအား ကားကြီးကွင်းတည်ဆောက်ရန် စည်ပင်ကြိုးစားနေ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကားကြီးကွင်းတည်ဆောက်ရန် လက်ရှိအသုံးပြုခြင်းမရှိသည့် မီးရထားဘူတာမြေနေရာအား ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီက တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ ကားကြီးဝင်းမရှိတော့ ကားကြီးတွေက မြို့ထဲမှာဝင် ကုန်တွေချကြပြုကြဆိုတော့ လမ်းတွေပျက်တယ်။ နောက်တစ်ခါ မြို့ရှောင်လမ်းလည်း လုပ်ဖို့စီစဉ်နေပြီဆိုတော့ မြို့ရှောင်လမ်းအတိုင်းသွားမယ့် ကားကြီးတွေက ကားကြီးကွင်းမှာ ကုန်ချ၊ ပြီးမှ ကားလေးတွေနဲ့ ပြန်ကဲ့သယ်ပေါ့နော်။ အခုက အစည်းအဝေးဆုံးဖြတ်ချက်ကတော့ သဘောတူကြပြီဆိုတော့ ခရိုင်စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားကြရမှာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ဝမ်နားခမ်းရွာအနီးရှိ မီးရထားဘူတာမြေနေရာအား ကားကြီးကွင်းအဖြစ် အသုံးပြုနိုင်ရေးအတွက် လျှောက်ထားရန် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် အစည်းအဝေးကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ-စည်ပင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~