က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီကို ဌာနတာဝန္ရိွသူက လူမႈကြန္ယက္တြင္ ေဝဖန္ေရးသားမႈႏွင့္ပတ္သက္၍ အေရးယူေပးရန္ သမၼတထံ လိပ္မူတုိင္ၾကား

က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီကို ဌာနတာဝန္ရိွသူက လူမႈကြန္ယက္တြင္ ေဝဖန္ေရးသားမႈႏွင့္ပတ္သက္၍ အေရးယူေပးရန္ သမၼတထံ လိပ္မူတုိင္ၾကား
သြဂုတ် 30, 2018
By 🌸
က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ဌာန၏ လုပ္ထံုးလုပ္နည္းမ်ားကို နားလည္ျခင္း မရိွေၾကာင္း စည္ပင္သာယာေရးဌာန တာဝန္ရိွသူတစ္ဦးက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားျခင္းကို ကန္႔ကြက္ေၾကာင္းႏွင့္ အေရးယူေပးရန္ ေကာ္မတီက ႏုိင္ငံေတာ္သမၼတထံ လိပ္မူတုိင္ၾကားလိုက္ေၾကာင္း သိရသည္။

ျပည္နယ္စည္ပင္သာယာေရးဌာနခဲြ၊ က်ဳိင္းတံုၿမဳိ႕မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးလုကာက ၾသဂုတ္လ (၂၅)ရက္ေန႔တြင္ လူမႈကြန္ယက္စာမ်က္ႏွာ၌ ေကာ္မတီႏွင့္ပတ္သက္၍ ေဝဖန္ေရးသားျခင္းကို စည္ပင္ေကာ္မတီက ႏုိင္ငံေတာ္သမၼတထံလိပ္မူ၍ ၾသဂုတ္လ (၂၇)ရက္ေန႔က တင္ျပထားသည့္စာတြင္ ေကာ္မတီအေနျဖင့္ စည္ပင္ဘတ္ဂ်က္ႏွင့္ပတ္သက္၍ ရွင္းလင္းျခင္းမရိွသည့္ အခ်က္(၃)ခ်က္ကို တင္ျပထားသည္။

“ ဦးလုကာက အဲဒီလိုတင္လာေတာ့ ျပည္သူေတြက ကၽြန္ေတာ္တုိ႔ကို အထင္မွားလာမယ္ဆိုေတာ့ ကၽြန္ေတာ္တို႔က ျပန္လည္တင္ျပျခင္း ျဖစ္ပါတယ္။ ျပန္လည္အေရးယူပါဆိုတာထက္ လူႀကီးမင္းမ်ား သိရိွရန္ပဲ တင္ျပေပးတာပါ။ ဒါေတြက ဘာေၾကာင့္လဲဆိုေတာ့ သူက ကၽြန္ေတာ္တို႔ကို အလုပ္မလုပ္ဘူးလုိ႔ ေျပာတာကိုး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ လုပ္ခဲ့တာေတြ သတိေပးခဲ့တာေတြကို ျပန္တင္ျပျခင္းျဖစ္ပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးစိုင္းလံုခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဖြဲ႕ဝင္(၄)ဦးပါဝင္သည့္ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္ေကာ္မတီအေနျဖင့္ လုပ္ပိုင္ခြင့္နည္းပါးၿပီး စည္ပင္သာယာေရးဌာန၏ ဘတ္ဂ်က္ကိစၥမ်ားအပါအဝင္ ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္သက္၍ ေကာ္မတီကို ေဆြးေႏြးတုိင္ပင္မႈနည္းပါးသျဖင့္ ေကာ္မတီႏွင့္ဌာန ပူးေပါင္းလုပ္ေဆာင္ႏုိင္မႈ အားနည္းသည္ဟု ေကာ္မတီက ဆုိသည္။

“ကၽြန္ေတာ္တို႔က လိုအပ္တယ္ထင္လို႔ ေျပာတာေတြကို စည္ပင္ဥကၠဌကိုယ္တုိင္ေျပာတာေတာင္ ဌာနက လုပ္တဲ့ေနရာကနည္းၿပီး မလုပ္တာက မ်ားေနတာေပါ့ေနာ္။ ကၽြန္ေတာ္တို႔က ကိုယ့္ၿမိဳ႕ကို္ယ္ တိုးတက္ေအာင္ လုပ္ခ်င္လုိ႔ စည္ပင္ေကာ္မတီထဲ ဝင္လုပ္တာပဲေလ။ ဘယ္သူမဆို ကိုယ့္ၿမိဳ႕ကိုယ္ ေစတနာရိွပါတယ္။ ကၽြန္ေတာ္တို႔က ဘတ္ဂ်က္ဘယ္လို အတည္ျပဳလဲဆိုတာ မသိဘူးေပါ့။ ဟုတ္တယ္ေလ။ ကၽြန္ေတာ္တို႔ကို မခ်ျပေတာ့ ဘယ္လိုသြားသိမလဲ။ ဝန္ႀကီးလာေမးေတာ့ မသိတာကိုလည္း သိတယ္လုိ႔ ကၽြန္ေတာ္တို႔ ဘယ္လိုေျပာမလဲ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးစိုင္းလံုခမ္းက ေျပာသည္။

စည္ပင္ေကာ္မတီက သိရိွရျခင္းမရိွေၾကာင္း သမၼတထံလိပ္မူသည့္စာတြင္ တင္ျပထားသည့္ ကိစၥရပ္မ်ားကို ဌာနအေနျဖင့္ အလ်ဥ္းသင့္သလို ရွင္းလင္းၿပီးျဖစ္သည့္အျပင္ စည္ပင္သာယာေရးဌာန၏ လုပ္ထံုးလုပ္နည္း၊ နည္းဥပေဒမ်ားႏွင့္ပတ္သက္၍ ေကာ္မတီဝင္မ်ားကိုယ္တုိင္ ေလ့လာႏုိင္ၿပီး လိုအပ္ပါက ဌာနအေနျဖင့္ ရွင္းလင္းေဆြးေႏြးျခင္းျဖင့္ ပူးေပါင္းေဆာင္ရြက္ေနသည္ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွက ဆိုသည္။

“ဒီအခ်က္အလက္အေၾကာင္းအရာေတြကို ေကာ္မတီကို ရွင္းျပၿပီးျဖစ္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ အစည္းအေဝးမွ မဟုတ္ပါဘူး။ ႀကံဳရင္ႀကံဳတဲ့ေနရာမွာ ဒါေတြကို ရွင္းျပပါတယ္ခင္ဗ်။ ေကာ္မတီဆိုတာ ကၽြန္ေတာ္တုိ႔ဌာနအတြက္က မိဘေရာက္လာတာပဲဗ်။ ကၽြန္ေတာ္တုိ႔အတြက္ မိဘသဖြယ္သေဘာထားၿပီး ေဆာင္ရြက္ပါတယ္။ အခက္အခဲဆိုတာ တတ္ႏုိ္င္သမွ် မရိွေအာင္ ေဆာင္ရြက္ပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တု႔ိဌာနရဲ႕ လုပ္ထံုးလုပ္နည္းေတြ ညႊန္ၾကားခ်က္ေတြကို မသိဘူးဆိုရင္ သိေအာင္ေျဖၾကားေပးဖို႔ ရွင္းလင္းေပးဖို႔က ကၽြန္ေတာ္တုိ႔တာဝန္ေလ။ ၿပီးရင္ကၽြန္ေတာ္တုိ႔ရဲ႕ ဥပေဒေတြ၊ စာအုပ္ေတြကို ေပးထားၿပီးသားေလ။ ေလ့လာရမယ္၊ ဖတ္ရႈရမယ္၊ မသိရင္ေမးရမယ္ဆိုတာ ေကာ္မတီရဲ႕ လုပ္ငန္းတာဝန္ပဲေလ။ ကၽြန္ေတာ္တို႔ဌာနေတြဆိုတာ လမ္းေၾကာင္းအတိုင္းပဲ သြားရတယ္။ တစ္ခါတစ္ေလက်ရင္ေတာ့ ဌာနရဲ႕ လုပ္ထံုးလုပ္နည္းမသိတဲ့သူေတြက်ေတာ့ တစ္မ်ိဳးထင္တာေပါ့။ စနစ္ေတြက မေျပာင္းေသးဘူးလား။ အလုပ္လုပ္တာက ၾကာတယ္ဆိုတာေတြေတာ့ ေျပာတာေပါ့”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေကာ္မတီကတင္ထားသည့္ ကန္႔ကြက္စာတြင္ က်ိဳင္းတံုၿမိဳ႕နယ္ ဝက္သားလိုင္စင္ က်ပ္သိန္းေထာင္ခ်ီ ကြာဟေနမႈကို စည္ပင္သာယာေရးေကာ္မတီက  ၂၀၁၇ ခုႏွစ္၊ ေမလ (၂၈)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံ လိပ္မူတင္ျပခဲ့သည့္အတြက္ အဆိုပါကိစၥအား ခုံရံုးဖြဲ႕စစ္ေဆးၿပီးေနာက္ ေငြကြာဟမႈ ေပၚေပါက္ခဲ့ေသာ္လည္း ေနာက္ဆက္တြဲ မသိရေသးသည့္အေျခအေန၊ က်ိဳင္းတံုၿမိဳ႕ ေရေပးေဝေရးအတြက္ ျပည္နယ္အစိုးရက ခ်ထားေပးသည့္ က်ပ္သိန္း (၂၅၀၀)ကို တင္ဒါေခၚယူျခင္းမရိွဘဲ ဌာနက ေဆာင္ရြက္ေနသည့္အေျခအေနႏွင့္ ဘတ္ဂ်က္ က်ပ္သိန္း (၃၀၀၀)ေက်ာ္သည့္ ၿမိဳ႕ေရစီးေရလာ ေကာင္းမြန္ေရးလုပ္ငန္းတင္ဒါကို ယွဥ္ၿပိဳင္သည့္ ကုမၸဏီ(၂)ခု တင္ဒါမေအာင္ဟုဆိုကာ ဌာနက လုပ္ေဆာင္ေနမႈအေျခအေနမ်ားကို ေကာ္မတီအေနျဖင့္ သိရိွရျခင္းမရိွသျဖင့္ ဌာနအေနျဖင့္ ေကာ္မတီျဖင့္ အေလးထားမႈ မရိွေၾကာင္း တင္ျပပါသည္ဟု ေဖၚျပထားသည္ကို ေတြ႔ရၿပီး ဌာနအေနျဖင့္ အဆုိပါကိစၥမ်ားအား ဌာနလုပ္ထံုးလုပ္နည္းမ်ားအတုိင္း ေဆာင္ရြက္ထားၿပီးျဖစ္သည္ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္ကဆိုသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီကို ဌာနတာဝန်ရှိသူက လူမှုကွန်ယက်တွင် ဝေဖန်ရေးသားမှုနှင့်ပတ်သက်၍ အရေးယူပေးရန် သမ္မတထံ လိပ်မူတိုင်ကြား
************
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဌာန၏ လုပ်ထုံးလုပ်နည်းများကို နားလည်ခြင်း မရှိကြောင်း စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခြင်းကို ကန့်ကွက်ကြောင်းနှင့် အရေးယူပေးရန် ကော်မတီက နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားလိုက်ကြောင်း သိရသည်။

ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာက သြဂုတ်လ (၂၅)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာ၌ ကော်မတီနှင့်ပတ်သက်၍ ဝေဖန်ရေးသားခြင်းကို စည်ပင်ကော်မတီက နိုင်ငံတော်သမ္မတထံလိပ်မူ၍ သြဂုတ်လ (၂၇)ရက်နေ့က တင်ပြထားသည့်စာတွင် ကော်မတီအနေဖြင့် စည်ပင်ဘတ်ဂျက်နှင့်ပတ်သက်၍ ရှင်းလင်းခြင်းမရှိသည့် အချက်(၃)ချက်ကို တင်ပြထားသည်။

“ ဦးလုကာက အဲဒီလိုတင်လာတော့ ပြည်သူတွေက ကျွန်တော်တို့ကို အထင်မှားလာမယ်ဆိုတော့ ကျွန်တော်တို့က ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။ ပြန်လည်အရေးယူပါဆိုတာထက် လူကြီးမင်းများ သိရှိရန်ပဲ တင်ပြပေးတာပါ။ ဒါတွေက ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ကို အလုပ်မလုပ်ဘူးလို့ ပြောတာကိုး။ ဒါကြောင့် ကျွန်တော်တို့ လုပ်ခဲ့တာတွေ သတိပေးခဲ့တာတွေကို ပြန်တင်ပြခြင်းဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးစိုင်းလုံခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဖွဲ့ဝင်(၄)ဦးပါဝင်သည့် ကျိုင်းတုံမြို့နယ် စည်ပင်ကော်မတီအနေဖြင့် လုပ်ပိုင်ခွင့်နည်းပါးပြီး စည်ပင်သာယာရေးဌာန၏ ဘတ်ဂျက်ကိစ္စများအပါအဝင် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီကို ဆွေးနွေးတိုင်ပင်မှုနည်းပါးသဖြင့် ကော်မတီနှင့်ဌာန ပူးပေါင်းလုပ်ဆောင်နိုင်မှု အားနည်းသည်ဟု ကော်မတီက ဆိုသည်။

“ကျွန်တော်တို့က လိုအပ်တယ်ထင်လို့ ပြောတာတွေကို စည်ပင်ဥက္ကဌကိုယ်တိုင်ပြောတာတောင် ဌာနက လုပ်တဲ့နေရာကနည်းပြီး မလုပ်တာက များနေတာပေါ့နော်။ ကျွန်တော်တို့က ကိုယ့်မြို့ကိုယ် တိုးတက်အောင် လုပ်ချင်လို့ စည်ပင်ကော်မတီထဲ ဝင်လုပ်တာပဲလေ။ ဘယ်သူမဆို ကိုယ့်မြို့ကိုယ် စေတနာရှိပါတယ်။ ကျွန်တော်တို့က ဘတ်ဂျက်ဘယ်လို အတည်ပြုလဲဆိုတာ မသိဘူးပေါ့။ ဟုတ်တယ်လေ။ ကျွန်တော်တို့ကို မချပြတော့ ဘယ်လိုသွားသိမလဲ။ ဝန်ကြီးလာမေးတော့ မသိတာကိုလည်း သိတယ်လို့ ကျွန်တော်တို့ ဘယ်လိုပြောမလဲ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးစိုင်းလုံခမ်းက ပြောသည်။

စည်ပင်ကော်မတီက သိရှိရခြင်းမရှိကြောင်း သမ္မတထံလိပ်မူသည့်စာတွင် တင်ပြထားသည့် ကိစ္စရပ်များကို ဌာနအနေဖြင့် အလျဉ်းသင့်သလို ရှင်းလင်းပြီးဖြစ်သည့်အပြင် စည်ပင်သာယာရေးဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများနှင့်ပတ်သက်၍ ကော်မတီဝင်များကိုယ်တိုင် လေ့လာနိုင်ပြီး လိုအပ်ပါက ဌာနအနေဖြင့် ရှင်းလင်းဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိက ဆိုသည်။

“ဒီအချက်အလက်အကြောင်းအရာတွေကို ကော်မတီကို ရှင်းပြပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အစည်းအဝေးမှ မဟုတ်ပါဘူး။ ကြုံရင်ကြုံတဲ့နေရာမှာ ဒါတွေကို ရှင်းပြပါတယ်ခင်ဗျ။ ကော်မတီဆိုတာ ကျွန်တော်တို့ဌာနအတွက်က မိဘရောက်လာတာပဲဗျ။ ကျွန်တော်တို့အတွက် မိဘသဖွယ်သဘောထားပြီး ဆောင်ရွက်ပါတယ်။ အခက်အခဲဆိုတာ တတ်နိုင်သမျှ မရှိအောင် ဆောင်ရွက်ပါတယ်။ အဲဒီတော့ ကျွန်တော်တု့ိဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ ညွှန်ကြားချက်တွေကို မသိဘူးဆိုရင် သိအောင်ဖြေကြားပေးဖို့ ရှင်းလင်းပေးဖို့က ကျွန်တော်တို့တာဝန်လေ။ ပြီးရင်ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ စာအုပ်တွေကို ပေးထားပြီးသားလေ။ လေ့လာရမယ်၊ ဖတ်ရှုရမယ်၊ မသိရင်မေးရမယ်ဆိုတာ ကော်မတီရဲ့ လုပ်ငန်းတာဝန်ပဲလေ။ ကျွန်တော်တို့ဌာနတွေဆိုတာ လမ်းကြောင်းအတိုင်းပဲ သွားရတယ်။ တစ်ခါတစ်လေကျရင်တော့ ဌာနရဲ့ လုပ်ထုံးလုပ်နည်းမသိတဲ့သူတွေကျတော့ တစ်မျိုးထင်တာပေါ့။ စနစ်တွေက မပြောင်းသေးဘူးလား။ အလုပ်လုပ်တာက ကြာတယ်ဆိုတာတွေတော့ ပြောတာပေါ့”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကော်မတီကတင်ထားသည့် ကန့်ကွက်စာတွင် ကျိုင်းတုံမြို့နယ် ဝက်သားလိုင်စင် ကျပ်သိန်းထောင်ချီ ကွာဟနေမှုကို စည်ပင်သာယာရေးကော်မတီက  ၂၀၁၇ ခုနှစ်၊ မေလ (၂၈)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ လိပ်မူတင်ပြခဲ့သည့်အတွက် အဆိုပါကိစ္စအား ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် ငွေကွာဟမှု ပေါ်ပေါက်ခဲ့သော်လည်း နောက်ဆက်တွဲ မသိရသေးသည့်အခြေအနေ၊ ကျိုင်းတုံမြို့ ရေပေးဝေရေးအတွက် ပြည်နယ်အစိုးရက ချထားပေးသည့် ကျပ်သိန်း (၂၅၀၀)ကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဌာနက ဆောင်ရွက်နေသည့်အခြေအနေနှင့် ဘတ်ဂျက် ကျပ်သိန်း (၃၀၀၀)ကျော်သည့် မြို့ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းတင်ဒါကို ယှဉ်ပြိုင်သည့် ကုမ္ပဏီ(၂)ခု တင်ဒါမအောင်ဟုဆိုကာ ဌာနက လုပ်ဆောင်နေမှုအခြေအနေများကို ကော်မတီအနေဖြင့် သိရှိရခြင်းမရှိသဖြင့် ဌာနအနေဖြင့် ကော်မတီဖြင့် အလေးထားမှု မရှိကြောင်း တင်ပြပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရပြီး ဌာနအနေဖြင့် အဆိုပါကိစ္စများအား ဌာနလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားပြီးဖြစ်သည်ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်ကဆိုသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~