က်ိဳင္းတံုၿမိဳ႕တြင္ ဖဲကစားဝိုင္းအား ဝင္ေရာက္ဖမ္းဆီးရာ အမ်ိဳးသမီး (၃)ဦးႏွင့္ အမ်ိဳးသား(၂)ဦး ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕တြင္ ဖဲကစားဝိုင္းအား ဝင္ေရာက္ဖမ္းဆီးရာ အမ်ိဳးသမီး (၃)ဦးႏွင့္ အမ်ိဳးသား(၂)ဦး ဖမ္းဆီးရမိ
သြဂုတ် 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းလပ္ေက်းရြာအုပ္စု၊ ဝမ္တံုရြာတြင္ ဖဲကစားေနသည့္ အမ်ိဳးသမီး (၃)ဦးႏွင့္ အမ်ိဳးသား (၂)ဦးကို ေလာင္းေၾကးေငြမ်ားႏွင့္အတူ ဖမ္းဆီးရမိထားသျဖင့္ ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဝမ္တံုရြာတြင္ ေလာင္းကစားျပဳလုပ္ေနေၾကာင္းသတင္းအရ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ ညေန(၃)နာရီခြဲအခ်ိန္၌ သြားေရာက္ဖမ္းဆီးရာ ေဒၚျမသန္း၊ ဦးေအာင္ထြန္း၊ ဦးေအာင္ေအာင္ဝင္း၊ ေဒၚနန္းလွ်ဲန္းႏွင့္ ေဒၚမီရွဲတို႔ ဖဲကစားေနသည္ကို ေတြ႔ရၿပီး ေလာင္းကစားေငြစုစုေပါင္း (၁၅၄၁၅၀) တုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၅)ဦးကို ကိ်ဳင္းတံုၿမိဳ႕မရဲစခန္း၌ (ပ) ၃၀၃/၂၀၁၈၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့တွင် ဖဲကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား(၂)ဦး ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုံရွာတွင် ဖဲကစားနေသည့် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂)ဦးကို လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိထားသဖြင့် လောင်းကစားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဝမ်တုံရွာတွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ညနေ(၃)နာရီခွဲအချိန်၌ သွားရောက်ဖမ်းဆီးရာ ဒေါ်မြသန်း၊ ဦးအောင်ထွန်း၊ ဦးအောင်အောင်ဝင်း၊ ဒေါ်နန်းလျှဲန်းနှင့် ဒေါ်မီရှဲတို့ ဖဲကစားနေသည်ကို တွေ့ရပြီး လောင်းကစားငွေစုစုပေါင်း (၁၅၄၁၅၀) တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၅)ဦးကို ကျိုင်းတုံမြို့မရဲစခန်း၌ (ပ) ၃၀၃/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~