က်ိဳင္းတံုၿမိဳ႕နယ္တြင္ တစ္ရက္အတြင္း ေနအိမ္တြင္ေသဆံုးေနသူအား ေတြ႔ရိွမႈႏွင့္ ႀကိဳးဆြဲခ်ေသဆံုးမႈတုိ႔ ျဖစ္ပြား

က်ိဳင္းတံုၿမိဳ႕နယ္တြင္ တစ္ရက္အတြင္း ေနအိမ္တြင္ေသဆံုးေနသူအား ေတြ႔ရိွမႈႏွင့္ ႀကိဳးဆြဲခ်ေသဆံုးမႈတုိ႔ ျဖစ္ပြား
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃)ရက္ေန႔က ဝမ္းလ်န္းရြာ ေနအိမ္တစ္လံုး၌ ေသဆံုးေနသည့္ (၄၃)ႏွစ္အရြယ္ အမ်ိဳးသား (၁)ဦးကိုေတြ႔ရၿပီး ယန္းခမ္း(အထက္)ရြာတြင္ အသက္(၂၅)ႏွစ္အရြယ္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ဖေက်းရြာအုပ္စု၊ ဝမ္းလ်န္းရြာရိွ အသက္(၄၃)ႏွစ္အရြယ္ ဦးအားဟန္၏ေနအိမ္မွ အပုပ္နံ႕ရေၾကာင္းသတင္းအရ ကတ္ေတာင္ရဲကင္းမွဴးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါသည့္အဖြဲ႕ျဖင့္ ၾသဂုတ္လ (၃)ရက္ေန႔ နံနက္(၆)နာရီတြင္ အဆိုပါေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဦးအားဟန္မွာ ေနအိမ္အိပ္ခန္းအတြင္း ျပင္ပဒဏ္ရာမ်ားမရိွဘဲ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား ေဆးရံုသို႔ ပို႔စစ္ထားၿပီး က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၃၃/၂၀၁၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ယင္းေနာက္ ေန႔လယ္(၁)နာရီခြဲဝန္းက်င္တြင္ က်ိဳင္းတံုၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ယန္းခမ္း(အထက္) ေက်းရြာရိွ လူမေနသည့္ေနအိမ္တစ္လံုး၌ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားလာသျဖင့္ ရဲတပ္ဖြဲ႕သည္သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ႀကိဳးဆြဲခ်ေသဆံုးေနသူမွာ အသက္(၂၅)ႏွစ္အရြယ္ နာတားလယ္(ခ)အားယိုဆိုသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳႏုိင္ခဲ့ၿပီး အေလာင္းကို  က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔စစ္ထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၃၄/၂၀၁၈)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ်တွင် တစ်ရက်အတွင်း နေအိမ်တွင်သေဆုံးနေသူအား တွေ့ရှိမှုနှင့် ကြိုးဆွဲချသေဆုံးမှုတို့ ဖြစ်ပွား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့က ဝမ်းလျန်းရွာ နေအိမ်တစ်လုံး၌ သေဆုံးနေသည့် (၄၃)နှစ်အရွယ် အမျိုးသား (၁)ဦးကိုတွေ့ရပြီး ယန်းခမ်း(အထက်)ရွာတွင် အသက်(၂၅)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဝမ်းလျန်းရွာရှိ အသက်(၄၃)နှစ်အရွယ် ဦးအားဟန်၏နေအိမ်မှ အပုပ်နံ့ရကြောင်းသတင်းအရ ကတ်တောင်ရဲကင်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါသည့်အဖွဲ့ဖြင့် သြဂုတ်လ (၃)ရက်နေ့ နံနက်(၆)နာရီတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးအားဟန်မှာ နေအိမ်အိပ်ခန်းအတွင်း ပြင်ပဒဏ်ရာများမရှိဘဲ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား ဆေးရုံသို့ ပို့စစ်ထားပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၃/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ယင်းနောက် နေ့လယ်(၁)နာရီခွဲဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်း(အထက်) ကျေးရွာရှိ လူမနေသည့်နေအိမ်တစ်လုံး၌ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးနေသူမှာ အသက်(၂၅)နှစ်အရွယ် နာတားလယ်(ခ)အားယိုဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပြီး အလောင်းကို  ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့စစ်ထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၄/၂၀၁၈)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~