က်ိဳင္းတံုတြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသည့္အမ်ိဳးသားတစ္ဦးကို လက္နက္ပုဒ္မျဖင့္ ဖမ္းဆီးအေရးယူ

က်ိဳင္းတံုတြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသည့္အမ်ိဳးသားတစ္ဦးကို လက္နက္ပုဒ္မျဖင့္ ဖမ္းဆီးအေရးယူ
သြဂုတ် 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အရက္မူးၿပီး ဓါးကိုင္ရမ္းကားေနသည့္ အမ်ိဳးသားတစ္ဦးကို အျမင့္ဆံုးျပစ္ဒဏ္ (၃)ႏွစ္ႏွင့္ ေငြဒဏ္အထိ က်ခံရႏုိင္သည့္ လက္နက္ပုဒ္မျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕၊ ရပ္ကြက္(၁)၊ ဟိုေနာင္ဆင္ရြာလမ္းမတြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ ညေန(၅)နာရီခြဲအခ်ိန္တြင္ ေက်ာ္ဝင္းလတ္ဆိုသူက အရက္မူးၿပီး အရိုးအသြား(၉)လက္မခန္႔ရိွသည့္ ဓါးဦးခၽြန္ကိုကိုင္၍ ေအာ္ဟစ္ရမ္းကားေနသည္ကို ေတြ႔ရသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕မွ နယ္ထိန္းႏွင့္အဖြဲ႕က သက္ေသမ်ားေရွ႕တြင္ ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာ္ဝင္းလတ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၀၂/၂၀၁၈၊ လက္နက္ပုဒ္မ ၁၉(င)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် အရက်မူးပြီး ဓါးကိုင်ရမ်းကားနေသည့်အမျိုးသားတစ်ဦးကို လက်နက်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အရက်မူးပြီး ဓါးကိုင်ရမ်းကားနေသည့် အမျိုးသားတစ်ဦးကို အမြင့်ဆုံးပြစ်ဒဏ် (၃)နှစ်နှင့် ငွေဒဏ်အထိ ကျခံရနိုင်သည့် လက်နက်ပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ ဟိုနောင်ဆင်ရွာလမ်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်တွင် ကျော်ဝင်းလတ်ဆိုသူက အရက်မူးပြီး အရိုးအသွား(၉)လက်မခန့်ရှိသည့် ဓါးဦးချွန်ကိုကိုင်၍ အော်ဟစ်ရမ်းကားနေသည်ကို တွေ့ရသဖြင့် ကျိုင်းတုံမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းနှင့်အဖွဲ့က သက်သေများရှေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဝင်းလတ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၀၂/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~