က်ိဳင္းတံုတြင္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရ သိမ္းဆည္းခံရသည့္ ကုန္စည္ က်ပ္ (၉၇)သိန္းေက်ာ္ဖိုးအား မီးရိႈ႕ဖ်က္ဆီးမည္

က်ိဳင္းတံုတြင္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရ သိမ္းဆည္းခံရသည့္ ကုန္စည္ က်ပ္ (၉၇)သိန္းေက်ာ္ဖိုးအား မီးရိႈ႕ဖ်က္ဆီးမည္
သြဂုတ် 20, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ဖမ္းဆီးရမိထားသည့္ တရားမဝင္ တင္သြင္းသည့္ ကုန္ပစၥည္းမ်ား၊ စားသံုးရန္မသင့္စားေသာက္ကုန္မ်ား စုစုေပါင္းတန္ဖိုး က်ပ္ (၉၇၄၉၇၅၀)ရိွ ကုန္ပစၥည္းမ်ိဳးစံုကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၀)ရက္ေန႔ ေန႔လယ္(၂)နာရီအခ်ိန္တြင္ မီးရထားဘူတာရံုေဟာင္းအတြင္း မီးရိႈ႕ဖ်က္ဆီးမည္ျဖစ္ေၾကာင္း သိရသည္။

“မေန႔က သိမ္းဆည္းရမိတဲ့ ေအးခဲအသားေတြက ဒီေန႔တစ္ခါတည္းမီးရိႈ႕မွ ရမယ္ဆိုေတာ့ အရင္ သိမ္းဆည္းရမိေတြေရာ တစ္ေပါင္းတည္း ဖ်က္ဆီးလိုက္မွာပါ။ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ ဆံုးျဖတ္ခ်က္အရ စားသံုးသူေရးရာအကာအကြယ္ေပးေရးဥပေဒအရ သိမ္းဆည္းခဲ့ရတဲ့ပစၥည္းေတြျဖစ္ပါတယ္”ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴးဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဖ်က္ဆီးမည့္ကုန္ပစၥည္းမ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၉)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕၊ ေနာင္ႏြန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိသည့္ တာခ်ီလိတ္မွ ကာလိသို႔ သယ္ေဆာင္လာေသာ တင္သြင္းခြင့္ေထာက္ခံခ်က္မ်ားမရိွဘဲ တင္သြင္းလာသည့္ ထုိင္းႏုိင္ငံထုတ္ ေအးခဲအသားမ်ိဳးစံု၊ ငါးကင္၊ ဝက္ေခါက္ စုစုေပါင္းတန္ဖိုး က်ပ္(၅၅)သိန္းေက်ာ္လည္း ပါဝင္ေၾကာင္း သိရသည္။

မီးရိႈ႕ဖ်က္ဆီးမည့္ပစၥည္းမ်ားတြင္ ၂၀၁၈ ခုႏွစ္အတြင္း က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က ေျဖရွင္းေပးမႈ (၈)ခုမွ အျငင္းပြားမႈအဖြဲ႕၏ ဆံုးျဖတ္ခ်က္ျဖင့္ စားသံုးသူေရးရာဦးစီးဌာနက အေရးယူသိမ္းဆည္းထားသည့္ စိုက္ပ်ိဳးေရးသံုးေဆးမ်ား၊ ျပည္ပမွတင္သြင္းသည့္ စားေသာက္ကုန္မ်ား၊ ျပည္တြင္းထုတ္စားေသာက္ကုန္မ်ား ပါဝင္ေၾကာင္း သိရသည္။

ဓါတ္ပံု - စားသံုးသူေရးရာဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ သိမ်းဆည်းခံရသည့် ကုန်စည် ကျပ် (၉၇)သိန်းကျော်ဖိုးအား မီးရှို့ဖျက်ဆီးမည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိထားသည့် တရားမဝင် တင်သွင်းသည့် ကုန်ပစ္စည်းများ၊ စားသုံးရန်မသင့်စားသောက်ကုန်များ စုစုပေါင်းတန်ဖိုး ကျပ် (၉၇၄၉၇၅၀)ရှိ ကုန်ပစ္စည်းမျိုးစုံကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မီးရထားဘူတာရုံဟောင်းအတွင်း မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။

“မနေ့က သိမ်းဆည်းရမိတဲ့ အေးခဲအသားတွေက ဒီနေ့တစ်ခါတည်းမီးရှို့မှ ရမယ်ဆိုတော့ အရင် သိမ်းဆည်းရမိတွေရော တစ်ပေါင်းတည်း ဖျက်ဆီးလိုက်မှာပါ။ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဆုံးဖြတ်ချက်အရ စားသုံးသူရေးရာအကာအကွယ်ပေးရေးဥပဒေအရ သိမ်းဆည်းခဲ့ရတဲ့ပစ္စည်းတွေဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူးဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖျက်ဆီးမည့်ကုန်ပစ္စည်းများတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့က ကျိုင်းတုံမြို့၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသည့် တာချီလိတ်မှ ကာလိသို့ သယ်ဆောင်လာသော တင်သွင်းခွင့်ထောက်ခံချက်များမရှိဘဲ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် အေးခဲအသားမျိုးစုံ၊ ငါးကင်၊ ဝက်ခေါက် စုစုပေါင်းတန်ဖိုး ကျပ်(၅၅)သိန်းကျော်လည်း ပါဝင်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးမည့်ပစ္စည်းများတွင် ၂၀၁၈ ခုနှစ်အတွင်း ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ဖြေရှင်းပေးမှု (၈)ခုမှ အငြင်းပွားမှုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာနက အရေးယူသိမ်းဆည်းထားသည့် စိုက်ပျိုးရေးသုံးဆေးများ၊ ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များ၊ ပြည်တွင်းထုတ်စားသောက်ကုန်များ ပါဝင်ကြောင်း သိရသည်။

ဓါတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~