ဆုိင္ကယ္ေနာက္မွလိုက္ပါလာသူ ျပဳတ္က်ဒဏ္ရာရသြားသျဖင့္ ဆုိင္ကယ္ေမာင္းသူကို အမႈဖြင့္အေရးယူ

ဆုိင္ကယ္ေနာက္မွလိုက္ပါလာသူ ျပဳတ္က်ဒဏ္ရာရသြားသျဖင့္ ဆုိင္ကယ္ေမာင္းသူကို အမႈဖြင့္အေရးယူ
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္တြင္ ဆုိင္ကယ္ေမာင္းႏွင္ေနစဥ္ ေနာက္မွလုိက္ပါလာသူ ျပဳတ္က်ဒဏ္ရာရသြားကာ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရသျဖင့္ ဆုိင္ကယ္ေမာင္းႏွင္သူအား အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃)ရက္ေန႔ နံနက္ပိုင္းက ေဒၚနန္းႏြဲ႕ေမာင္းႏွင္လာသည့္ ဆုိင္ကယ္တြင္ လုိက္ပါလာသည့္ အသက္(၇၁)ႏွစ္အရြယ္ အဘြားျဖစ္သူ ေဒၚနန္းလ်ိဳးမွာ က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ဖေက်းရြာအုပ္စု၊ ေနာင္ကုန္ရြာအနီးတြင္ ဆုိင္ကယ္ေပၚမွ ျပဳတ္က်သျဖင့္  ယာနားထင္၊ ပါးႏွင့္ လက္ဖ်ံတို႔တြင္ ပြန္းပဲ့ဒဏ္ရာမ်ားရသြားၿပီး က်ိဳင္းတံုျပည္သူ႔ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါထိခိုက္ဒဏ္ရာရေစမႈႏွင့္ပတ္သက္၍ ဆိုင္ကယ္ေမာင္းႏွင္သူ ေဒၚနန္းႏြဲ႕ကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၂၇၉ ျဖင့္ အမႈဖြင့္ၿပီး ခံဝန္ေပးထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်နောက်မှလိုက်ပါလာသူ ပြုတ်ကျဒဏ်ရာရသွားသဖြင့် ဆိုင်ကယ်မောင်းသူကို အမှုဖွင့်အရေးယူ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်နေစဉ် နောက်မှလိုက်ပါလာသူ ပြုတ်ကျဒဏ်ရာရသွားကာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသဖြင့် ဆိုင်ကယ်မောင်းနှင်သူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ နံနက်ပိုင်းက ဒေါ်နန်းနွဲ့မောင်းနှင်လာသည့် ဆိုင်ကယ်တွင် လိုက်ပါလာသည့် အသက်(၇၁)နှစ်အရွယ် အဘွားဖြစ်သူ ဒေါ်နန်းလျိုးမှာ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ကုန်ရွာအနီးတွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသဖြင့်  ယာနားထင်၊ ပါးနှင့် လက်ဖျံတို့တွင် ပွန်းပဲ့ဒဏ်ရာများရသွားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထိခိုက်ဒဏ်ရာရစေမှုနှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ ဒေါ်နန်းနွဲ့ကို ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်ပြီး ခံဝန်ပေးထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~