
သွဂုတျ 9, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
နှစ် (၇၀) ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဒီမောဆိုတွင် ကျင်းပ
************
ကယားပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်းကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့က ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် မြလဲ (ခ) မန်းလားကျေးရွာတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNPP ၊ KNPLF ၊ KNLP၊ KNPDP၊  KNSO တို့အပြင် မဟာမိတ် အဖွဲ့အစည်းများ၊ လူငယ်အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုတို့ စုပေါင်းတက်ရောက်ကြပြီး စုပေါင်းဆုတောင်းခြင်း၊ ကရင်နီအာဇာနည်များအား အလေးပြုခြင်း အစီအစဉ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

KNPP သည် NCA ကို လက်မှတ်ရေးထိုးခြင်းမရှိသေးသော်လည်း ယခင်ကတည်းက ရေးထိုးထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~