Writen by
Cherry Htike
8:42:00 PM
-
0
Comments
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကျောက်မဲမြို့နယ်အတွင်း (၇)မှုမြောက် ကြိုးဆွဲချသေဆုံးမှု မန်စမ်းကျေးရွာတွင် ဖြစ်ပွား
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စမ်းရွာရှိ ရေစက်တဲအဟောင်းတစ်ခု တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄) ရက် နေ့လယ်(၁၂)ဝန်းကျင်က လူငယ်တစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေသည်ကို တွေ့ရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း သိရသည်။
ယခုသေဆုံးမှုမှာ ၂၀၁၈ ခုနှစ်အတွင်း ကျောက်မဲမြို့နယ်အတွင်း (၇)ဦးမြောက် ကြိုးဆွဲချသေဆုံးမှုဖြစ်ကြောင်း သိရသည်။
မန်စမ်းကျေးရွာမှ အမျိုးသားတစ်ဦးက လယ်တောသို့သွားစဉ် အဆိုပါရေစက်တဲဟောင်းတွင် အလောင်းတွေ့ရသဖြင့် ကျေးရွာသူကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မန်စမ်းကျေးရွာမှ အသက်(၂၁)နှစ်အရွယ် စိုင်းထီးဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူတွင် ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း သိရသည်။
အလောင်းအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားပြီး ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::