Writen by
Cherry Htike
12:23:00 PM
-
0
Comments
သတင်း #နေဖြိုးမြင့်

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးတွင် ဘိန်းဖြူ (၆)ဂရမ်နှင့် စိတ်ကြွဆေးပြား (၅၀၀၀)ကျော်ဖမ်းမိ
**************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ ညနေပိုင်းက နောင်ပိန်ဘက်မှ ပုံဝိုးဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ငယ်တစ်စီးအား စစ်ဆေးရာ ဘိန်းဖြူ(၆)ဂရမ်နှင့် စိတ်ကြွဆေးပြား (၅၀၀၀)ကျော် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ (၁၈) ရက်နေ့ ညနေ (၅) နာရီ (၅၀) မိနစ်ခန့်တွင် ဦးစိုင်းနောင် မောင်းနှင်လာသည့် PAJERO ယာဉ်အား တားမြစ်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထုတ်ပိုးထားသည့် ဆပ်ပြာခွက်တစ်ခုအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါ အမှုန့် (၆) ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၅၅၀၀) ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားလိပ်တစ်လိပ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရသည့် ဦးစိုင်းနောင်အား မယ(ပ)၁/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က) အရ နောင်ပိန်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::