မေကြးတုိင္းေဒသႀကီးအစိုးရ၏ e-Government ျပည္သူ႔ဝန္ေဆာင္မႈမွာ အစိုးရဘဏ္က Online Banking Service မရိွ၍ အခက္ေတြ႔ေန

မေကြးတုိင္းေဒသႀကီးအစိုးရ၏ e-Government ျပည္သူ႔ဝန္ေဆာင္မႈမွာ အစိုးရဘဏ္က Online Banking Service မရိွ၍ အခက္ေတြ႔ေန
သြဂုတ် 31, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၌ ျပည္သူ႔ဝန္ေဆာင္မႈအား e-Government စနစ္ျဖင့္ ေဆာင္ရြက္ေပးျခင္းကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္(၃၁) ရက္မွစတင္ေနေသာ္လည္း အစိုးရကို ေငြေပးသြင္းရသည့္ အခါတြင္ Online Banking Service မရိွ၍  ေလွ်ာက္လႊာမ်ား Download ရယူရန္သာ ဝန္ေဆာင္မႈေပးသည့္ အဆင့္တြင္ ရပ္ေနေၾကာင္း သိရသည္။

"ျပည္သူနဲ႔အစိုးရၾကား မွန္ကန္ျမန္ဆန္တဲ့ ဆက္သြယ္ေဆာင္ရြက္ခ်က္ေတြနဲ႔ ဝန္ေဆာင္မႈေပးဖို႔၊ အစိုးရဌာန အခ်င္းခ်င္း မွန္ကန္ျမန္ဆန္တဲ့ သတင္းအခ်က္အလက္ ဖလွယ္ဖို႔ အဓိက ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ ျပည္သူနဲ႔ အစိုးရၾကား သတင္းအခ်က္အလက္ ဖလွယ္တာကို Website ကေန ေဆာင္ရြက္လို႔ရေနေပမဲ့ Smartphone တစ္လံုးကိုင္ထားရံုနဲ႔ Online ကေန အစိုးရဆီက ဝန္ေဆာင္မႈကို ရယူတဲ့အခါ အစိုးရဘဏ္ကို ဘယ္လို ေငြေပးေခ်မလဲ။ အစိုးရဘဏ္က ျပည္သူနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး ေငြေပးေခ်တဲ့ စနစ္မ႐ွိေသးဘူး။ ၾကားခံ ေငြေၾကးဝန္ေဆာင္မႈလုပ္ေပးတဲ့သူေတြ႐ွိ လာေပမဲ့ အစိုးရဘဏ္ကို ေငြေပးေခ်တဲ့အခါ အဆင္မေျပေသးဘူး။ အစိုးရဘဏ္ကို ေငြေပးေခ်ႏိုင္တဲ့ Online Banking Service မ႐ွိေသးရင္ေတာ့ e-Government ဝန္ေဆာင္မႈစနစ္ဟာ သိပ္ပီျပင္လာမွာ မဟုတ္ဘူး"ဟု e-Government Central Control Room တာဝန္ခံ ဦးစိုးေက်ာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

e-Government ဝန္ေဆာင္မႈမွ သက္ဆိုင္ရာ က႑အလိုက္ Application Form မ်ားအား Online မွ တိုက္႐ိုက္ ေလ်ွာက္ထားႏိုင္ရန္ လုပ္ေဆာင္ေပးထားသည့္စနစ္တြင္ အစိုးရအား ေငြေပးသြင္းႏို္င္သည့္ အြန္လိုင္းဘဏ္စနစ္မရိွသျဖင့္ Application Form မ်ားအား Download လုပ္ခြင့္ေပးထား သည့္အဆင့္သာ ရိွေနေသးေၾကာင္း သိရသည္။

"ျပည္သူက Form ကို Download လုပ္၊ Print ထုတ္ၿပီး အခ်က္အလက္ျဖည့္၊ အစိုးရဘဏ္မွာ ေငြသြင္း၊ သက္ဆိုင္ရာဌာနကိုသြားၿပီး Form တင္၊ ဒီလိုလုပ္ငန္းစဥ္ေတြ လုပ္ေနရတာေၾကာင့္  ျပည္သူ ေတြ အတြက္ေတာ့  e-Government စနစ္ဟာ သိပ္ၿပီးအေထာက္အကူ မျဖစ္ေသးဘူးလို႔ ဆိုရမွာျဖစ္သလို သက္ဆိုင္ရာေတြ ဘက္ကလည္း email  ပို႔ရတဲ့အခါ စာ႐ိုက္၊ print ထုတ္၊ အႀကီးအကဲ လက္မွတ္ထိုး၊ Scan ဖတ္၊ pdf ထုတ္၊ email ပို႔၊ၿပီးရင္ လက္ခံသူက email attachment ကို Download လုပ္၊ Print ထုတ္၊ အႀကီးအကဲဆီတင္၊ အဆံုးအျဖတ္ရယူ၊ ညႊန္ၾကားလႊာ သို႔မဟုတ္ အေၾကာင္းၾကားစာ႐ိုက္၊ Print ထုတ္၊ အႀကီးအကဲလက္မွတ္ထိုး၊ Scan ဖတ္၊ pdf ထုတ္၊ email ျပန္ပို႔၊ ၿပီးရင္ email ပို႔ထားတဲ့စာေတြ ရဲ႕မူရင္း Hardcopy ကို စာတိုက္ သို႔မဟုတ္ ေခ်ာနဲ႔ ထပ္ပို႔ ဆိုေတာ့ e-Government ကိုအေကာင္အထည္ေဖာ္တဲ့အခါ အကုန္လံုးကို Electronic စနစ္နဲ႔ပဲသြားမွ အဆင္ေျပမွာ။ Digital Document နဲ႔ Digital Signature စနစ္၊ Online Application စနစ္၊ Online Payment စနစ္ေတြ ၿပိဳင္တူ အဆင့္ျမင့္လာမွ e-Government စနစ္က သက္ဝင္လႈပ္႐ွားလာမွာျဖစ္ပါတယ္"ဟု ဦစိုးေက်ာ္ထြန္းက ေျပာသည္။

တုိင္းေဒသႀကီးအစိုးရ အေနျဖင့္ e-Government စနစ္ကို ဆက္လက္ အေကာင္အထည္ေဖၚသြားမည္ ျဖစ္ေသာ္လည္း စနစ္အတြက္ အေျခခံ လိုအပ္ခ်က္မ်ားကို  ဗဟိုအစိုးရအေနျဖင့္ အေကာင္အထည္ ေဖၚေပးရန္ လိုအပ္ေနေသးေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး



~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး၌ ပြည်သူ့ဝန်ဆောင်မှုအား e-Government စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်(၃၁) ရက်မှစတင်နေသော်လည်း အစိုးရကို ငွေပေးသွင်းရသည့် အခါတွင် Online Banking Service မရှိ၍ လျှောက်လွှာများ Download ရယူရန်သာ ဝန်ဆောင်မှုပေးသည့် အဆင့်တွင် ရပ်နေကြောင်း သိရသည်။

"ပြည်သူနဲ့အစိုးရကြား မှန်ကန်မြန်ဆန်တဲ့ ဆက်သွယ်ဆောင်ရွက်ချက်တွေနဲ့ ဝန်ဆောင်မှုပေးဖို့၊ အစိုးရဌာန အချင်းချင်း မှန်ကန်မြန်ဆန်တဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပြည်သူနဲ့ အစိုးရကြား သတင်းအချက်အလက် ဖလှယ်တာကို Website ကနေ ဆောင်ရွက်လို့ရနေပေမဲ့ Smartphone တစ်လုံးကိုင်ထားရုံနဲ့ Online ကနေ အစိုးရဆီက ဝန်ဆောင်မှုကို ရယူတဲ့အခါ အစိုးရဘဏ်ကို ဘယ်လို ငွေပေးချေမလဲ။ အစိုးရဘဏ်က ပြည်သူနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ငွေပေးချေတဲ့ စနစ်မရှိသေးဘူး။ ကြားခံ ငွေကြေးဝန်ဆောင်မှုလုပ်ပေးတဲ့သူတွေရှိ လာပေမဲ့ အစိုးရဘဏ်ကို ငွေပေးချေတဲ့အခါ အဆင်မပြေသေးဘူး။ အစိုးရဘဏ်ကို ငွေပေးချေနိုင်တဲ့ Online Banking Service မရှိသေးရင်တော့ e-Government ဝန်ဆောင်မှုစနစ်ဟာ သိပ်ပီပြင်လာမှာ မဟုတ်ဘူး"ဟု e-Government Central Control Room တာဝန်ခံ ဦးစိုးကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

e-Government ဝန်ဆောင်မှုမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် Application Form များအား Online မှ တိုက်ရိုက် လျှောက်ထားနိုင်ရန် လုပ်ဆောင်ပေးထားသည့်စနစ်တွင် အစိုးရအား ငွေပေးသွင်းနို်င်သည့် အွန်လိုင်းဘဏ်စနစ်မရှိသဖြင့် Application Form များအား Download လုပ်ခွင့်ပေးထား သည့်အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

"ပြည်သူက Form ကို Download လုပ်၊ Print ထုတ်ပြီး အချက်အလက်ဖြည့်၊ အစိုးရဘဏ်မှာ ငွေသွင်း၊ သက်ဆိုင်ရာဌာနကိုသွားပြီး Form တင်၊ ဒီလိုလုပ်ငန်းစဉ်တွေ လုပ်နေရတာကြောင့် ပြည်သူ တွေ အတွက်တော့ e-Government စနစ်ဟာ သိပ်ပြီးအထောက်အကူ မဖြစ်သေးဘူးလို့ ဆိုရမှာဖြစ်သလို သက်ဆိုင်ရာတွေ ဘက်ကလည်း email ပို့ရတဲ့အခါ စာရိုက်၊ print ထုတ်၊ အကြီးအကဲ လက်မှတ်ထိုး၊ Scan ဖတ်၊ pdf ထုတ်၊ email ပို့၊ပြီးရင် လက်ခံသူက email attachment ကို Download လုပ်၊ Print ထုတ်၊ အကြီးအကဲဆီတင်၊ အဆုံးအဖြတ်ရယူ၊ ညွှန်ကြားလွှာ သို့မဟုတ် အကြောင်းကြားစာရိုက်၊ Print ထုတ်၊ အကြီးအကဲလက်မှတ်ထိုး၊ Scan ဖတ်၊ pdf ထုတ်၊ email ပြန်ပို့၊ ပြီးရင် email ပို့ထားတဲ့စာတွေ ရဲ့မူရင်း Hardcopy ကို စာတိုက် သို့မဟုတ် ချောနဲ့ ထပ်ပို့ ဆိုတော့ e-Government ကိုအကောင်အထည်ဖော်တဲ့အခါ အကုန်လုံးကို Electronic စနစ်နဲ့ပဲသွားမှ အဆင်ပြေမှာ။ Digital Document နဲ့ Digital Signature စနစ်၊ Online Application စနစ်၊ Online Payment စနစ်တွေ ပြိုင်တူ အဆင့်မြင့်လာမှ e-Government စနစ်က သက်ဝင်လှုပ်ရှားလာမှာဖြစ်ပါတယ်"ဟု ဦစိုးကျော်ထွန်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရ အနဖြေင့် e-Government စနစ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်သော်လည်း စနစ်အတွက် အခြေခံ လိုအပ်ချက်များကို ဗဟိုအစိုးရအနဖြေင့် အကောင်အထည် ဖော်ပေးရန် လိုအပ်နေသေးကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~