ေမြးစကေလးမ်ားကို တုိက္ေကၽြးသည့္ Dumex Mamil Gold ႏုိ႔မႈန္႔တြင္ ဘက္တီးရီးယားပါဝင္၍ ေစ်းကြက္တြင္ ေတြ႔ပါက FDA သို႔ အေၾကာင္းၾကားႏုိင္

ေမြးစကေလးမ်ားကို တုိက္ေကၽြးသည့္ Dumex Mamil Gold ႏုိ႔မႈန္႔တြင္ ဘက္တီးရီးယားပါဝင္၍ ေစ်းကြက္တြင္ ေတြ႔ပါက FDA သို႔ အေၾကာင္းၾကားႏုိင္
သြဂုတ် 30, 2018
By Tachileik News Agency

ဘက္တီးရီးယားပိုးပါသျဖင့္ စကၤာပူနုိင္ငံတြင္ ေစ်းကြက္အတြင္းမွ ျပန္လည္သိမ္းဆည္းရန္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၀)ရက္ေန႔က ညႊန္ၾကားထားသည့္ Dumex Mamil Gold အမွတ္တံဆိပ္ Infant Formula Step 1 အမ်ိဳးအစား ႏို႔မႈန္႔မ်ားကို ျမန္မာႏုိင္ငံေစ်းကြက္သို႔ တရားဝင္ တင္သြင္းထားျခင္း မရိွေၾကာင္း FDA  က ကနဦး စစ္ေဆးေတြ႔ရိွထားသည္ဟု ၾသဂုတ္လ(၃၀)ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည္။

Dumex Mamil Gold အမွတ္တံဆိပ္ Infant Formula Step 1 (850 g) အမ်ိဳးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို႔မႈန္႔မ်ား၌ Cronobacter Sakazakii ဘက္တီးရီးယားပိုး ပါဝင္သည္ ဟူေသာ သတိေပးေၾကညာခ်က္ထြက္ေပၚလာရာ ျမန္မာႏုိင္ငံေစ်းကြက္တြင္ စိစစ္ရာ အဆိုပါ ႏို႔မႈန္႔အမ်ိဳးအစားကို တင္သြင္းထားျခင္းမရိွသည္ကို ကနဦး စစ္ေဆးခ်က္အရ မေတြ႔ရေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါ ႏို႔မႈန္႔ အမ်ိဳးအစားကို ေစ်းကြက္အတြင္း နည္းလမ္း အမ်ိဳးမ်ိဳးျဖင့္ ဝင္ေရာက္ျဖန္႔ျဖဴးေရာင္းခ်ေနျခင္း မရိွေစရန္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ကြင္းဆင္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၿပီး ေစ်းကြက္အတြင္း ေရာင္းခ်ေနသည္ကို ေတြ႔ပါက အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ေနျပည္ေတာ္ ဖုန္း ၀၆၇၃- ၄၀၃၀၅၀ ႏွင့္ ၀၆၇၃- ၄၀၃၆၀၉ တုိ႔သို႔ သတင္းေပးပို႔ၾကရန္ကိုလည္း FDA က အသိေပး ႏိႈးေဆာ္ထားသည္။

Dumex ကုမၸဏီက တင္သြင္းေနသည့္ ႏို႔မႈန္႔မ်ား အပါအဝင္ ျမန္မာနိုင္ငံသို႔ တင္သြင္းေရာင္းခ်ေနသည့္ ႏို႔မႈန႔္မ်ားကိုလည္း ပုံမွန္စစ္ေဆးျခင္းအျပင္ ထပ္မံ စစ္ေဆးျခင္းမ်ားပါ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

စကၤာပူႏုိင္ငံတြင္ Dumex (ဒူးမက္စ္)ကုမၸဏီက အဆိုပါ ႏို႔မႈန္႔အမ်ိဳးအစား ဝယ္ယူထားသူမ်ားေနအျဖင့္ ကုမၸဏီတြင္ လဲလွယ္ေပးရန္အတြက္ ကုမၸဏီသို႔ ဆက္သြယ္ၾကရန္ ေၾကညာထားသည္။

Tachileik News Agency
photo: Singapore Agri-Food & Veterinary Authority (AVA)


~~~~~~~~⊰❂ unicode ~~~~~~~~


ဘက်တီးရီးယားပိုးပါသဖြင့် စင်္ကာပူနိုင်ငံတွင် ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့က ညွှန်ကြားထားသည့် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 အမျိုးအစား နို့မှုန့်များကို မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင် တင်သွင်းထားခြင်း မရှိကြောင်း FDA က ကနဦး စစ်ဆေးတွေ့ရှိထားသည်ဟု သြဂုတ်လ(၃၀)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို့မှုန့်များ၌ Cronobacter Sakazakii ဘက်တီးရီးယားပိုး ပါဝင်သည် ဟူသော သတိပေးကြေညာချက်ထွက်ပေါ်လာရာ မြန်မာနိုင်ငံဈေးကွက်တွင် စိစစ်ရာ အဆိုပါ နို့မှုန့်အမျိုးအစားကို တင်သွင်းထားခြင်းမရှိသည်ကို ကနဦး စစ်ဆေးချက်အရ မတွေ့ရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ နို့မှုန့် အမျိုးအစားကို ဈေးကွက်အတွင်း နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက်ဖြန့်ဖြူးရောင်းချနခြေင်း မရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နပြေီး ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နပြေည်တော် ဖုန်း ဝ၆၇၃- ၄၀၃၀၅၀ နှင့် ဝ၆၇၃- ၄၀၃၆၀၉ တို့သို့ သတင်းပေးပို့ကြရန်ကိုလည်း FDA က အသိပေး နှိုးဆော်ထားသည်။

Dumex ကုမ္ပဏီက တင်သွင်းနေသည့် နို့မှုန့်များ အပါအဝင် မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေသည့် နို့မှုန့်များကိုလည်း ပုံမှန်စစ်ဆေးခြင်းအပြင် ထပ်မံ စစ်ဆေးခြင်းများပါ ဆောင်ရွက်နေကြောင်း သိရသည်။

စင်္ကာပူနိုင်ငံတွင် Dumex (ဒူးမက်စ်)ကုမ္ပဏီက အဆိုပါ နို့မှုန့်အမျိုးအစား ဝယ်ယူထားသူများနေအဖြင့် ကုမ္ပဏီတွင် လဲလှယ်ပေးရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ကြရန် ကြေညာထားသည်။

Tachileik News Agency
photo: Singapore Agri-Food & Veterinary Authority (AVA)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~