သြားႏွင့္ခံတြင္းေရာဂါနယ္လွည့္ကုသေရးအစီအစဥ္တြင္ က်ိဳင္းတံုၿမိဳ႕နယ္ ေတာင္ေပၚေက်းရြာအုပ္စု(၅)ခုမွ ေဒသခံ (၃၀၀)ေက်ာ္ ကုသမႈခံယူ

သြားႏွင့္ခံတြင္းေရာဂါနယ္လွည့္ကုသေရးအစီအစဥ္တြင္ က်ိဳင္းတံုၿမိဳ႕နယ္ ေတာင္ေပၚေက်းရြာအုပ္စု(၅)ခုမွ ေဒသခံ (၃၀၀)ေက်ာ္ ကုသမႈခံယူ
သြဂုတ် 3, 2018
By 🌸
ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသအတြင္း သြားႏွင့္ခံတြင္းေရာဂါ နယ္လွည့္ကုသေရးအစီအစဥ္၏ (၂)ရက္တာ ကုသမႈအတြင္း က်ိဳင္းတံုၿမိဳ႕၊ မိုင္းခြန္ေက်းရြာအုပ္စု၊ ေတာင္ေပၚေက်းရြာအုပ္စု (၅)ခုရိွ ေက်းရြာမ်ားမွ သြားႏွင့္ခံတြင္းလူနာစုစုေပါင္း(၃၀၀)ေက်ာ္ လာေရာက္ကုသမႈခံယူၾကေၾကာင္း သိရသည္။

“ေဆးကုေပးရင္းေတြ႕တဲ့ (၇)လသား ႏႈတ္ခမ္းကြဲလူနာကေလးကိုေတာ့ တစ္ႏွစ္ေက်ာ္ရင္ ေနျပည္ေတာ္ကို ေခၚၿပီး ကုေပးမယ္လုိ႔ ေျပာတယ္။ အခုသြားကုေပးတဲ့ေဒသမွာက ေဆးရံုေဆးခန္းလည္း အလွမ္းေဝးၾကတယ္။ ဒီဘက္ေဒသမွာ ေဆးကုေပးဖို႔အတြက္ ရပ္/ေက်းအပါအဝင္ အားလံုးက ဝိုင္းဝန္းၿပီး တက္တက္ၾကြၾကြ ကူညီၾကလို႔ လူနာဒီေလာက္မ်ားမ်ား လာကုသႏုိင္တာပါ”ဟု က်ိဳင္းတံုမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဝးလံေခါင္းပါး၍ ခက္ခဲေသာအရပ္ေဒသမ်ားသို႔ နယ္လွည့္ေဆးကုသေရး အစီအစဥ္ကို က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာန၊ သြားခံတြင္းဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ေမာင္၊ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာ ေဆးေကာင္စီမွ ပါေမာကၡေဒါက္တာပိုင္စိုး၊ ေဒါက္တာမ်ိဳးသန္႔၊ ေဒါက္တာလွျမင့္ဦး၊ အတိုင္ပင္ခံသင္ၾကားေရး ေမးရိုးခံတြင္း ခြဲစိတ္ပါရဂူေဒါက္ေဇာ္ဝင္းထြန္းတို႔ ဦးေဆာင္၍ သြားက်န္းမာေရးပညာဌာနမွ သြားရာဝန္မ်ားႏွင့္ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္မွ သြားဆရာဝန္မ်ား၊ သြားတုလုပ္ငန္းကၽြမ္းက်င္သူမ်ား၊ သူနာျပဳအကူ စုစုေပါင္း (၄၅)ဦးတို႔က ေဆာင္ရြက္ျခင္းျဖစ္ၿပီး ကုန္က်စရိတ္ကို Htoo Foundation ၊ AGD Bank၊ FNI တို႔၏ ဥကၠဌ ဦးေတဇ (၅၄)ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"အဖိုးတို႔က ပိုက္ဆံလည္းမတတ္ႏိုင္ေတာ့ ရြာမွာပိုက္ဆံတတ္ႏိုင္သူအခ်ိဳ႕ သြားေတြတပ္ၿပီး  စားေနဝါးေနတာေတြ႕ရတယ္။ သူတို႕ရီရင္ေမာရင္စကားေျပာရင္လည္း လြတ္လြတ္လပ္လပ္ သြားေတြေပၚေအာင္ ေျပာဆိုေနတာေတြ႕ေတာ့အရမ္းတပ္ခ်င္ခဲ့တယ္"ဟု အံကပ္တစ္စံုရရိွသြားသည့္ အဖိုးအိုတစ္ဦးက ေျပာသည္။

လာေရာက္ျပသသည့္ လူနာ (၂၇၀)ေက်ာ္ကို သြားႏႈတ္ျခင္း၊ ေရာင္ျခည္ျဖင့္ သြားဖာေထးကုသျခင္း၊ ေက်ာက္ျခစ္ျခင္း၊ သြားဖံုးေရာဂါကုသျခင္း၊ ေမးရိုးက်ိဳးလူနာ(၁)ဦးႏွင့္ ေမးရိုးအထူးခြဲစိတ္လူနာ(၁)ဦးတုိ႔ကို ကုသေပးခဲ့သည့္အျပင္ သြားလံုးဝမရိွသူ (၂၇)ဦးကိုပါ အေပၚေအာက္ အံကပ္အစံု (၂၇)စံု စီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

"အဖြားက သြားတပ္လိုက္မွ ကိုယ့္ရုပ္က (၂၀)ေလာက္ ျပန္ငယ္သြားတယ္”ဟု အံကပ္တစ္စံုရသြားသည့္ အဖြားတစ္ဦးက ေျပာသည္။

အဆိုပါ နယ္လွည့္ကုသေရးအဖြဲ႕ ကုသမႈကာလအတြင္း ေနထိုင္စားေသာက္ေရးကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္၊ က်ိဳင္းတံု သြားဆရာဝန္အသင္းခြဲဥကၠဌ ေဒါက္တာစိုေျပဝင္းႏွင့္ အသင္းသူ၊ အသင္းသားမ်ား၊ Oasis music band မွ ဆရာသႏိုးထူး၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လားဟူႏွစ္ခ်င္းအဖြဲ႕ခ်ဳပ္၊ ပန္ေလအသင္းေတာ္ႏွင့္ လက္တင္ရဆရာေတာ္ ဆရာေတာ္ဂ်က္ေကာ့ပန္းႏွင့္ဇနီးတို႔က စီစဥ္ေပးၾကၿပီး လားဟူတိုင္းရင္းသားေရးရာဝန္ႀကီးကလည္း အလွဴေငြက်ပ္ (၃၀၀၀၀၀) ေပးလွဴေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပုံ #ေဒါက္တာဝဏၰစိုး

~~~~~~~~⊰❂ unicode ~~~~~~~~
သွားနှင့်ခံတွင်းရောဂါနယ်လှည့်ကုသရေးအစီအစဉ်တွင် ကျိုင်းတုံမြို့နယ် တောင်ပေါ်ကျေးရွာအုပ်စု(၅)ခုမှ ဒေသခံ (၃၀၀)ကျော် ကုသမှုခံယူ
***********
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း သွားနှင့်ခံတွင်းရောဂါ နယ်လှည့်ကုသရေးအစီအစဉ်၏ (၂)ရက်တာ ကုသမှုအတွင်း ကျိုင်းတုံမြို့၊ မိုင်းခွန်ကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာအုပ်စု (၅)ခုရှိ ကျေးရွာများမှ သွားနှင့်ခံတွင်းလူနာစုစုပေါင်း(၃၀၀)ကျော် လာရောက်ကုသမှုခံယူကြကြောင်း သိရသည်။

“ဆေးကုပေးရင်းတွေ့တဲ့ (၇)လသား နှုတ်ခမ်းကွဲလူနာကလေးကိုတော့ တစ်နှစ်ကျော်ရင် နေပြည်တော်ကို ခေါ်ပြီး ကုပေးမယ်လို့ ပြောတယ်။ အခုသွားကုပေးတဲ့ဒေသမှာက ဆေးရုံဆေးခန်းလည်း အလှမ်းဝေးကြတယ်။ ဒီဘက်ဒေသမှာ ဆေးကုပေးဖို့အတွက် ရပ်/ကျေးအပါအဝင် အားလုံးက ဝိုင်းဝန်းပြီး တက်တက်ကြွကြွ ကူညီကြလို့ လူနာဒီလောက်များများ လာကုသနိုင်တာပါ”ဟု ကျိုင်းတုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝေးလံခေါင်းပါး၍ ခက်ခဲသောအရပ်ဒေသများသို့ နယ်လှည့်ဆေးကုသရေး အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားခံတွင်းဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီမှ ပါမောက္ခဒေါက်တာပိုင်စိုး၊ ဒေါက်တာမျိုးသန့်၊ ဒေါက်တာလှမြင့်ဦး၊ အတိုင်ပင်ခံသင်ကြားရေး မေးရိုးခံတွင်း ခွဲစိတ်ပါရဂူဒေါက်ဇော်ဝင်းထွန်းတို့ ဦးဆောင်၍ သွားကျန်းမာရေးပညာဌာနမှ သွားရာဝန်များနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ သွားဆရာဝန်များ၊ သွားတုလုပ်ငန်းကျွမ်းကျင်သူများ၊ သူနာပြုအကူ စုစုပေါင်း (၄၅)ဦးတို့က ဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို Htoo Foundation ၊ AGD Bank၊ FNI တို့၏ ဥက္ကဌ ဦးတေဇ (၅၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

"အဖိုးတို့က ပိုက်ဆံလည်းမတတ်နိုင်တော့ ရွာမှာပိုက်ဆံတတ်နိုင်သူအချို့ သွားတွေတပ်ပြီး  စားနေဝါးနေတာတွေ့ရတယ်။ သူတို့ရီရင်မောရင်စကားပြောရင်လည်း လွတ်လွတ်လပ်လပ် သွားတွေပေါ်အောင် ပြောဆိုနေတာတွေ့တော့အရမ်းတပ်ချင်ခဲ့တယ်"ဟု အံကပ်တစ်စုံရရှိသွားသည့် အဖိုးအိုတစ်ဦးက ပြောသည်။

လာရောက်ပြသသည့် လူနာ (၂၇၀)ကျော်ကို သွားနှုတ်ခြင်း၊ ရောင်ခြည်ဖြင့် သွားဖာထေးကုသခြင်း၊ ကျောက်ခြစ်ခြင်း၊ သွားဖုံးရောဂါကုသခြင်း၊ မေးရိုးကျိုးလူနာ(၁)ဦးနှင့် မေးရိုးအထူးခွဲစိတ်လူနာ(၁)ဦးတို့ကို ကုသပေးခဲ့သည့်အပြင် သွားလုံးဝမရှိသူ (၂၇)ဦးကိုပါ အပေါ်အောက် အံကပ်အစုံ (၂၇)စုံ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

"အဖွားက သွားတပ်လိုက်မှ ကိုယ့်ရုပ်က (၂၀)လောက် ပြန်ငယ်သွားတယ်”ဟု အံကပ်တစ်စုံရသွားသည့် အဖွားတစ်ဦးက ပြောသည်။

အဆိုပါ နယ်လှည့်ကုသရေးအဖွဲ့ ကုသမှုကာလအတွင်း နေထိုင်စားသောက်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ကျိုင်းတုံ သွားဆရာဝန်အသင်းခွဲဥက္ကဌ ဒေါက်တာစိုပြေဝင်းနှင့် အသင်းသူ၊ အသင်းသားများ၊ Oasis music band မှ ဆရာသနိုးထူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လားဟူနှစ်ချင်းအဖွဲ့ချုပ်၊ ပန်လေအသင်းတော်နှင့် လက်တင်ရဆရာတော် ဆရာတော်ဂျက်ကော့ပန်းနှင့်ဇနီးတို့က စီစဉ်ပေးကြပြီး လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကလည်း အလှူငွေကျပ် (၃၀၀၀၀၀) ပေးလှူကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ #ဒေါက်တာဝဏ္ဏစိုး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~