ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့် CICC ရုံး တာချီလိတ်တွင် မကြာမီ ဖွင့်လှစ်မည်
ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့် CICC ရုံး တာချီလိတ်တွင် မကြာမီ ဖွင့်လှစ်မည်
သွဂုတျ 11, 2018
By Tachileik News Agency
ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိပါက ဖြေရှင်းဆောင်ရွက်ပေးမည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကို နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖွင့်လှစ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာကို ကျိုင်းတုံမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်စင်တာကို တာချီလိတ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာအနေဖြင့် စားသုံးသူများ အနေဖြင့် ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားလာပါက တိုင်ကြားမှုများကိုလက်ခံပြီး ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိပါက ဖြေရှင်းဆောင်ရွက်ပေးမည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကို နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖွင့်လှစ်သွားရန် စီစဉ်နပြေီဖြစ်ကြောင်း သိရသည်။
“CICC ကို တာချီလိတ်မှာဖွင့်လှစ်ဖို့ ပြည်နယ်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ဆုံးဖြတ်ချက်ချတယ်။ ဒီတစ်ပတ်ထဲမှာ ကျွန်တာ်တို့က ရုံးချုပ်ကိုတင်ပြပြီး ခွင့်ပြုချက်ရတာနဲ့ လုပ်သွားမှာပါ။ ဒီ(၈)လပိုင်း ဒါမှမဟုတ် (၉)လပိုင်းမှာ ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၂)ရပ်၏ (၃/၂၀၁၈) အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့က ကျင်းပစဉ်က ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်တွင်း အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများတင်သွင်းမှုနှင့် ပတ်သက်၍ အရေးယူဆောင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာကို ကျိုင်းတုံမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်စင်တာကို တာချီလိတ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာအနဖြေင့် စားသုံးသူများ အနဖြေင့်၎င်းတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားလာပါက တိုင်ကြားမှုများကိုလက်ခံပြီး ပေါင်းစပ်ညှိနှို်င်း၍ ဖြေရှင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~