မိုင္းဆတ္ၿမိဳ႕နယ္ အူးဖူေဒ့ေက်းရြာတြင္ (၈)ႀကိမ္ေျမာက္ အာခါရိုးရာမိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္ ဖြင့္ပြဲက်င္းပ

မိုင္းဆတ္ၿမိဳ႕နယ္ အူးဖူေဒ့ေက်းရြာတြင္ (၈)ႀကိမ္ေျမာက္ အာခါရိုးရာမိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္ ဖြင့္ပြဲက်င္းပ
သြဂုတ် 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚအုပ္စု၊ အူးဖူေဒ့(ခ) ဦးအားေဆာ္ေက်းရြာ၌ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၁၆)ရက္ေန႔က (၈)ႀကိမ္ေျမာက္ အာခါရိုးရာ မိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္ ဖြင့္ပြဲအခမ္းအနား က်င္းပသည္။

အဆိုပါအခမ္းအနားတြင္ အာခါတုိင္းရင္းသား ရပ္မိရပ္ဖမွ ဒန္းေတာ္အား ဂုဏ္ျပဳရြတ္ဆို စီးနင္းျခင္း၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္၊ အာခါတုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလ၊ တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္ ဒုတိယျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ အမွတ္(၁၄) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ ေခတၱစစ္ဆင္ကြပ္ကဲေရးမွဴး၊ မိုင္းဆတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားက  ဒန္းေတာ္အား မဂၤလာျပဳစီးနင္းျခင္းမ်ား ျပဳလုပ္သည္။

(၈)ႀကိမ္ေျမာက္ အာခါရိုးရာဒန္းစီးပြဲအား ၾသဂုတ္လ(၁၄)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္ၿပီး ေဒသအသီးသီးရိွ အာခါတုိင္းရင္းသားမ်ားအျပင္ တုိင္းရင္းသားေရးရာဝန္ႀကီးမ်ား၊ ဌာနဆုိင္ရာတာဝန္ရိွသူမ်ား၊ နယ္ေျမခံတပ္မေတာ္မွ တာဝန္ရိွသူမ်ားလည္း တက္ေရာက္လာၾကသည္ကို ေတြ႔ရသည္။

အူးဖူးေဒ့(ခ)ဦးအားေဆာ္ေက်းရြာတြင္ အာခါရိုးရာဒန္းစီးပြဲအား ၂၀၁၁ ခုႏွစ္က စ၍ ႏွစ္စဥ္ က်င္းပျပဳလုပ္လာခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္တြင္ (၈)ႀကိမ္ေျမာက္က်င္းပျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု #ေဇာင္းညီ၊ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့နယ် အူးဖူဒေ့ကျေးရွာတွင် (၈)ကြိမ်မြောက် အာခါရိုးရာမိရိုးဖလာစုပေါင်းဒန်းစီးပွဲတော် ဖွင့်ပွဲကျင်းပ
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အူးဖူဒေ့(ခ) ဦးအားဆော်ကျေးရွာ၌ ၂၀၁၈ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့က (၈)ကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာစုပေါင်းဒန်းစီးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် အာခါတိုင်းရင်းသား ရပ်မိရပ်ဖမှ ဒန်းတော်အား ဂုဏ်ပြုရွတ်ဆို စီးနင်းခြင်း၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ကွပ်ကဲရေးမှူး၊ မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက  ဒန်းတော်အား မင်္ဂလာပြုစီးနင်းခြင်းများ ပြုလုပ်သည်။

(၈)ကြိမ်မြောက် အာခါရိုးရာဒန်းစီးပွဲအား သြဂုတ်လ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ဒေသအသီးသီးရှိ အာခါတိုင်းရင်းသားများအပြင် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများလည်း တက်ရောက်လာကြသည်ကို တွေ့ရသည်။

အူးဖူးဒေ့(ခ)ဦးအားဆော်ကျေးရွာတွင် အာခါရိုးရာဒန်းစီးပွဲအား ၂၀၁၁ ခုနှစ်က စ၍ နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်တွင် (၈)ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ #ဇောင်းညီ၊ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~