လေယာဉ်ဝန်ထမ်းတစ်ဦး ခရီးသည်တင် လေယာဉ်အား ခိုးယူမောင်းသွားကာ ကီထရွန်ကျွန်းတွင် ပျက်ကျ

လေယာဉ်ဝန်ထမ်းတစ်ဦး ခရီးသည်တင် လေယာဉ်အား ခိုးယူမောင်းသွားကာ ကီထရွန်ကျွန်းတွင် ပျက်ကျ
သြဂုတ် 11, 2018
By Tachileik News Agency


အဆိုပါ လေယာဉ်တွင် ခရီးသည်များ လိုက်ပါသွားခြင်း မရှိကြောင်း သိရပြီး F15 တိုက်လေယာဉ်များဖြင့် လိုက်လံ တားဆီးပြီး ဆီယက်တဲနှင့် တာကိုမာဒေသများနှင့် ဝေးရာသို့ မောင်းနှင်စေခဲ့ပြီးနောက် လေယာဉ်မှာ လူနေနည်းသည့် ကီထရွန်ကျွန်းတွင် ပျက်ကျသွားကြောင်း သိရသည်။



Tachileik News Agency
Ref; ABC News



~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပြည်ထောင်စု ဆီယက်တဲ - တာကိုမာနိုင်ငံတကာလေဆိပ်မှ Horizon(Alaska Airlines) လေကြောင်းလိုင်း လေယာဉ်တစ်စီးကို ဝန်ထမ်းတစ်ဦးက သြဂုတ်လ(၁၀)ရက်နေ့ ည(၈)နာရီအချိန်တွင် ခိုးယူ မောင်းနှင်သွားကြောင်း သိရသည်။

အဆိုပါ လေယာဉ်တွင် ခရီးသည်များ လိုက်ပါသွားခြင်း မရှိကြောင်း သိရပြီး F15 တိုက်လေယာဉ်များဖြင့် လို်က်လံ တားဆီးပြီး ဆီယက်တဲနှင့် တာကိုမာဒေသများနှင့် ဝေးရာသို့ မောင်းနှင်စေခဲ့ပြီးနောက် လေယာဉ်မှာ လူနေနည်းသည့် ကီထရွန်ကျွန်းတွင် ပျက်ကျသွားကြောင်း သိရသည်။

လေယာဉ်ခိုးယူသွားသူမှာ အဆိုပါလေကြောင်းကုမ္ပဏီမှ အသက်(၂၉)နှစ်အရွယ် ဝန်ထမ်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်မှာ ခရီးစဉ်အတိုများတွင် အသုံးပြုနေသည့် ခရီးသည် (၇၅)ယောက်ဆံ့ Bombardier Dash 8 - Q400 လေယာဉ်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; ABC News

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~