လားရႈိးၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္ ေက်ာင္းသူႏွစ္ဦးအား ဖ်ားေယာင္းေခၚေဆာင္သြားေသာ လူငယ္(၂)ဦးကို အမႈဖြင့္ထား

လားရႈိးၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္ ေက်ာင္းသူႏွစ္ဦးအား ဖ်ားေယာင္းေခၚေဆာင္သြားေသာ လူငယ္(၂)ဦးကို အမႈဖြင့္ထား
သြဂုတ် 21, 2018
By Tachileik News Agency

လားရိႈးၿမိဳ႕နယ္၊ မန္အိုင္ေက်းရြာအုပ္စု၊ နန္႔က်န္ရြာမွ အသက္(၁၃)ႏွစ္ႏွင့္ (၁၄)ႏွစ္အရြယ္ ေက်ာင္းသူ ႏွစ္ဦးကို အလုပ္ရမည္ဟုဆိုကာ လားရိႈးၿမိဳ႕ေပၚသို႔ ေခၚေဆာင္သြားၿပီးေနာက္ သားမယားအျဖစ္ ေပါင္းသင္းမည္ဟု ဆိုကာ လိမ္လည္ေပါင္းသင္းခဲ့သည့္ လူငယ္(၂)ဦးကို အမႈဖြင့္ထားေၾကာင္း သိရသည္။

နန္႔က်န္ရြာမွ အသက္(၁၃)ႏွစ္အရြယ္ စတုတၳတန္းေက်ာင္းသူႏွင့္ အသက္(၁၄)ႏွစ္အရြယ္ နဝမတန္း ေက်ာင္းသူတုိ႔သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၂)ရက္ေန႔ ညေန(၄)နာရီခြဲဝန္းက်င္က နမ့္က်န္ဆည္သို႔ ေရသြားကူးစဥ္ ဆည္တြင္ေတြ႔ရသည့္ အသက္(၂၃)ႏွစ္အရြယ္ ရဲျမင့္(ခ) ဟန္စိုးထြန္းႏွင့္ အသက္(၂၁ )အရြယ္ ေဇာ္မင္း(ခ) ေက်ာ္က်ာ္ဇင္(ခ) ေဇာ္ေဇာ္တုိ႔ႏွင့္ ခင္မင္ရင္းႏွီးခဲ့ၿပီး လားရိႈး၌ အလုပ္အကိုင္ရမည္ဟု ေျပာသျဖင့္ လုိက္သြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔ ည(၉)နာရီခြဲဝန္းက်င္တြင္ လားရိႈးၿမိဳ႕သို႔ ေရာက္ရိွရာ  ေက်ာင္းသူႏွစ္ဦးအား သားမယားအျဖစ္ ေပါင္းသင္းမည္ ဟုဆိုကာ အမ်ိဳးသားႏွစ္ဦးက တည္းခိုခန္းတြင္ ေက်ာင္းသူမ်ားႏွင့္အတူ ေပါင္းသင္း ေနထုိင္ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ ေက်ာင္းသူတစ္ဦးထံမွ နားကပ္ကို ယူေဆာင္ ထြက္ခြာ သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသူ(၂)ဦးက အဆိုပါ အမ်ိဳးသားမ်ား ျပန္လာမည္ဟု ယူဆကာ တည္းခိုခန္းတြင္ (၂)ရက္ ထပ္ေစာင့္ေနခဲ့ၿပီးေနာက္ ျပန္မလာသျဖင့္ ေနအိမ္အသီးသီးသို႔ ျပန္ေရာက္လာၿပီး မိဘမ်ားထံ ေျပာျပသျဖင့္ အမႈဖြင့္ အေရးယူျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္ရမည္ဟု လိမ္ညာေခၚေဆာင္ကာ လိမ္ညာေပါင္းသင္းခဲ့သူမ်ားျဖစ္သည့္ ရဲျမင့္(ခ)ဟန္စိုးထြန္းအား (ပ) ၁၂၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္လည္းေကာင္း၊ ေဇာ္မင္း(ခ) ေက်ာ္ေက်ာ္ဇင္ (ခ) ေဇာ္ေဇာ္ အား (ပ) ၁၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္လည္းေကာင္း လားရိႈးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ ထားၿပီး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ unicode ~~~~~~~~

လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နန့်ကျန်ရွာမှ အသက်(၁၃)နှစ်နှင့် (၁၄)နှစ်အရွယ် ကျောင်းသူ နှစ်ဦးကို အလုပ်ရမည်ဟုဆိုကာ လားရှိုးမြို့ပေါ်သို့ ခေါ်ဆောင်သွားပြီးနောက် သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဆိုကာ လိမ်လည်ပေါင်းသင်းခဲ့သည့် လူငယ်(၂)ဦးကို အမှုဖွင့်ထားကြောင်း သိရသည်။

နန့်ကျန်ရွာမှ အသက်(၁၃)နှစ်အရွယ် စတုတ္ထတန်းကျောင်းသူနှင့် အသက်(၁၄)နှစ်အရွယ် နဝမတန်း ကျောင်းသူတို့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က နမ့်ကျန်ဆည်သို့ ရေသွားကူးစဉ် ဆည်တွင်တွေ့ရသည့် အသက်(၂၃)နှစ်အရွယ် ရဲမြင့်(ခ) ဟန်စိုးထွန်းနှင့် အသက်(၂၁ )အရွယ် ဇော်မင်း(ခ) ကျော်ကျာ်ဇင်(ခ) ဇော်ဇော်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပြီး လားရှိုး၌ အလုပ်အကိုင်ရမည်ဟု ပြောသဖြင့် လိုက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ည(၉)နာရီခွဲဝန်းကျင်တွင် လားရှိုးမြို့သို့ ရောက်ရှိရာ ကျောင်းသူနှစ်ဦးအား သားမယားအဖြစ် ပေါင်းသင်းမည် ဟုဆိုကာ အမျိုးသားနှစ်ဦးက တည်းခိုခန်းတွင် ကျောင်းသူများနှင့်အတူ ပေါင်းသင်း နေထိုင်ခဲ့ပြီး နောက်တစ်နေ့တွင် ကျောင်းသူတစ်ဦးထံမှ နားကပ်ကို ယူဆောင် ထွက်ခွာ သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသူ(၂)ဦးက အဆိုပါ အမျိုးသားများ ပြန်လာမည်ဟု ယူဆကာ တည်းခိုခန်းတွင် (၂)ရက် ထပ်စောင့်နေခဲ့ပြီးနောက် ပြန်မလာသဖြင့် နေအိမ်အသီးသီးသို့ ပြန်ရောက်လာပြီး မိဘများထံ ပြောပြသဖြင့် အမှုဖွင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရမည်ဟု လိမ်ညာခေါ်ဆောင်ကာ လိမ်ညာပေါင်းသင်းခဲ့သူများဖြစ်သည့် ရဲမြင့်(ခ)ဟန်စိုးထွန်းအား (ပ) ၁၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ဇော်မင်း(ခ) ကျော်ကျော်ဇင် (ခ) ဇော်ဇော် အား (ပ) ၁၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း လားရှိုးနယ်မြေရဲစခန်းတွင် အမှုဖွင့် ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~