မီးေလာင္မႈျဖစ္ပြားသည့္ ရန္ကုန္ေဆးရံုႀကီး ကင္ဆာဌာနတြင္ ဓာတ္ေရာင္ျခည္လံုၿခံဳမႈ ထိခိုက္ျခင္းမရိွ

မီးေလာင္မႈျဖစ္ပြားသည့္ ရန္ကုန္ေဆးရံုႀကီး ကင္ဆာဌာနတြင္ ဓာတ္ေရာင္ျခည္လံုၿခံဳမႈ ထိခိုက္ျခင္းမရိွ
သြဂုတ် 13, 2018
By Tachileik News Agency

ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး၊ ကင္ဆာေရာဂါျပင္ပလူနာဌာနတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၃)ရက္ေန႔က မီးေလာင္ကြ်မ္းမႈျဖစ္ပြားမႈမွာ မီးခလုတ္ခံုအပူလြန္ကဲျခင္းျဖစ္ၿပီး အဏုျမဴစြမ္းအင္ဌာန တာဝန္ရိွသူမ်ား စစ္ေဆးခ်က္အရ ဓာတ္ေရာင္ျခည္လံုၿခံဳမႈႏွင့္ပတ္သက္၍ ထိခိုက္မႈမရိွေၾကာင္း ေဆးရံုအုပ္ႀကီးက သတင္းထုတ္ျပန္ထားသည္။

ကင္ဆာေရာဂါျပင္ပလူနာဌာနတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၃)ရက္ေန႔ (၆)နာရီ (၃၅)မိနစ္တြင္ မီးေလာင္ကြ်မ္းမႈစတင္ခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ ဌာနခ်ဳပ္ႏွင့္ ၿမိဳ႕နယ္အသီးသီးမွ မီးသတ္ယာဥ္ (၂၅)စီး၊ အေထာက္အကူျပဳယာဥ္ (၁၁)စီး၊ ကြပ္ကဲမႈယာဥ္(၇)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ (၂၈၆)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၈၅)ဦးတို႔ျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ ည (၇)နာရီ (၁၀)မိနစ္တြင္ မီးထိန္းႏုိင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္ရသည့္ အေၾကာင္းရင္းမွာ ကင္ဆာေရာဂါျပင္ပလူနာဌာန၏ အေသးစားခြဲစိတ္ခန္းရိွ မီးခလုတ္ခံု အပူလြန္ကဲရာမွ စတင္ခဲ့ျခင္းျဖစ္ၿပီး မ်က္ႏွာက်က္ရိွ သစ္သားတန္းမ်ား၊ ဝါယာႀကိဳးမ်ားကို မီးကူးစက္ေလာင္ကၽြမ္းကာ မီးေလာင္မႈအဆင့္မွာ level 2 ရိွေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူမရိွေၾကာင္းကိုလည္း ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး၏ ေဆးရံုအုပ္ႀကီး ေဒါက္တာရီရီျမင့္၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

Tachileik News Agency
ဓါတ္ပံု - ကိုႀကီးႏွင့္ညီအစ္ကိုေမာင္ႏွမမ်ားပရဟိတအဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါပြင်ပလူနာဌာနတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားမှုမှာ မီးခလုတ်ခုံအပူလွန်ကဲခြင်းဖြစ်ပြီး အဏုမြူစွမ်းအင်ဌာန တာဝန်ရှိသူများ စစ်ဆေးချက်အရ ဓာတ်ရောင်ခြည်လုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိကြောင်း ဆေးရုံအုပ်ကြီးက သတင်းထုတ်ပြန်ထားသည်။

ကင်ဆာရောဂါပြင်ပလူနာဌာနတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့ (၆)နာရီ (၃၅)မိနစ်တွင် မီးလောင်ကျွမ်းမှုစတင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဌာနချုပ်နှင့် မြို့နယ်အသီးသီးမှ မီးသတ်ယာဉ် (၂၅)စီး၊ အထောက်အကူပြုယာဉ် (၁၁)စီး၊ ကွပ်ကဲမှုယာဉ်(၇)စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၂၈၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၈၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည (၇)နာရီ (၁၀)မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းမှာ ကင်ဆာရောဂါပြင်ပလူနာဌာန၏ အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး မျက်နှာကျက်ရှိ သစ်သားတန်းများ၊ ဝါယာကြိုးများကို မီးကူးစက်လောင်ကျွမ်းကာ မီးလောင်မှုအဆင့်မှာ level 2 ရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~