လွိုင်ကော် - ပင်လောင်းကားလမ်းတွင် စိတ်ကြွဆေးပြား (၈)ပြားသယ်လာသူကို ဖမ်းမိ

လွိုင်ကော် - ပင်လောင်းကားလမ်းတွင် စိတ်ကြွဆေးပြား (၈)ပြားသယ်လာသူကို ဖမ်းမိ
သွဂုတျ 13, 2018
By Tachileik News Agency




ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ကုန်းပေါရွာအနီး လွိုင်ကော် - ပင်လောင်းကားလမ်းတွင် လွိုင်ကော်ဘက်မှ ပင်လောင်းဘက်သို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၈)ပြားကို အမျိုးသားတစ်ဦးထံက ဖမ်းဆီးရမိကြောင်း သိရသည်။

ကုန်းပေါရွာအနီးတွင် ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့်အဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့၌ ပိတ်ဆို့စစ်ဆေးနေရာ နံနက်(၅)နာရီအချိန်တွင် လွိုင်ကော်ဘက်မှ ပင်လောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ခဲဆိုသူအား စစ်ဆေးရာ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၈)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မောင်ခဲအား ပင်လောင်းမြို့မရဲစခန်းတွင် မယ(ပ) ၃၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~