က်ဳိင္းတံုၿမိဳ႕ ေဟြခါး(ကခ်င္)ရြာအတြင္းသို႔ မူးယစ္ေဆး၀ါး လာေရာက္ ေရာင္းခ်ရန္ ေရာက္ရွိလာသူအား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕ ေဟြခါး(ကခ်င္)ရြာအတြင္းသို႔ မူးယစ္ေဆး၀ါး လာေရာက္ ေရာင္းခ်ရန္ ေရာက္ရွိလာသူအား ဖမ္းဆီးရမိ
သြဂုတ် 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စုအတြင္းရွိ ေဟြခါး(ကခ်င္)ရြာတြင္ မူးယစ္ေဆး၀ါး ေရာင္းခ်ရန္ ေရာက္ရွိေနသူ တစ္ဦးအား ေက်းရြာအတြင္းေနသူမ်ား၏ သတင္းေပးခ်က္အရ ရဲတပ္ဖြဲ႔က မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေဟြခါး(ကခ်င္)ရြာတြင္ မသကၤာဖြယ္ လူစိမ္းတစ္ဦး ေရာက္ရွိေနေၾကာင္းကို ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၇)ရက္ေန႔ ည(၇)နာရီ အခ်ိန္က ရဲတပ္ဖြဲ႔သို႔ အသိေပးအေၾကာင္းၾကားရာက က်ုိင္းတံုၿမိဳ႕မရဲစခန္းမွ တာ၀န္မွဴး ဒုရဲအုပ္ ေဇာ္ေမာင္သန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ားက သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ မသကၤာဖြယ္ လူစိမ္းမွာ အသက္(၂၃)ႏွစ္ ၀န္းက်င္ရွိ ႏိုင္လင္းထြန္း (ခ) လင္းလင္း ဆိုသူျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ၎ထံ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာက ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၅)ျပား ႏွင့္ ဆိုင္ကယ္တစ္စီးတို႔အား သိမ္းဆည္း ရမိသည့္ အတြက္ ၎အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၃/၂၀၁၈၊ မူး/စိတ္ ၁၉(က)အရ  ည(၈)နာရီခြဲ၀န္းက်င္က အမႈဖြင့္ကာ အေရးယူလိုက္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားျဖင့္ လက္၀ယ္ေတြ႔ရွိရသူ၏ ကနဦး ထြက္ဆိုခ်က္အရ  မူးယစ္ေဆး၀ါးမ်ားကို မိုင္းလပ္ေက်းရြာ အုပ္စုအတြင္းက ၀ယ္ယူရရွိျခင္းျဖစ္ၿပီး ေဟြခါး(ကခ်င္)ရြာတြင္ သံုးစြဲ/ေရာင္းခ်ရန္ ေရာက္ရွိစဥ္ ယခုလို ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုအတွင်းရှိ ဟွေခါး(ကချင်)ရွာတွင် မူးယစ်ဆေးဝါး ရောင်းချရန် ရောက်ရှိနေသူ တစ်ဦးအား ကျေးရွာအတွင်းနေသူများ၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဟွေခါး(ကချင်)ရွာတွင် မသင်္ကာဖွယ် လူစိမ်းတစ်ဦး ရောက်ရှိနေကြောင်းကို ၂၀၁၈ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့ ည(၇)နာရီ အချိန်က ရဲတပ်ဖွဲ့သို့ အသိပေးအကြောင်းကြားရာက ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဇော်မောင်သန်း နှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာ မသင်္ကာဖွယ် လူစိမ်းမှာ အသက်(၂၃)နှစ် ဝန်းကျင်ရှိ နိုင်လင်းထွန်း (ခ) လင်းလင်း ဆိုသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍၎င်းထံ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာက၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၄၅)ပြား နှင့် ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်း ရမိသည့် အတွက်၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၃/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ ည(၈)နာရီခွဲဝန်းကျင်က အမှုဖွင့်ကာ အရေးယူလိုက်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများဖြင့် လက်ဝယ်တွေ့ရှိရသူ၏ ကနဦး ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများကို မိုင်းလပ်ကျေးရွာ အုပ်စုအတွင်းက ဝယ်ယူရရှိခြင်းဖြစ်ပြီး ဟွေခါး(ကချင်)ရွာတွင် သုံးစွဲ/ရောင်းချရန် ရောက်ရှိစဉ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~